BREAKING NEWS

ကြက်သွန်နီကုန်ကားအစီးရေ ဝင်ရောက်မှုနည်းပါးပြီး ဈေးနှုန်းကျဆင်း

နယ်အစုံမှ ကြက်သွန်နီကုန်ကားများ ကုန်စည်ဒိုင်ကို ဝင်ရောက်မှုနည်းပါးကာ ဈေးနှုန်းများကျဆင်း လာကြောင်း မြန်မာ နိုင် ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများ အသင်း မှသိရပါတယ်။

သင်္ကြန်ကာလရောက်တော့မှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်း ကြက်သွန်နီကုန်ကားအဝင်နည်း ပါးလာကာ အရောင်းအဝယ်အေးလာပြီးဈေးနှုန်းကျဆင်းလာတယ်လို့ မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

“အခုကသင်္ကြန်ကာလလည်းရောက်တော့မှာဆိုတော့ ကုန်ကားတွေက အဝင်နည်းသွားပါပြီ။ သင်္ကြန် ပြီးတော့လောက်မှပဲ ကုန်ကားအဝင်ပုံမှန်ပြန်ဖြစ်လောက်မယ်။ဈေးကွက်အရောင်းအဝယ်ကလည်း အရင်တစ်ပတ်က ဈေးနည်းနည်းပြန်တက်လာပြီး အခုက ဈေးပြန်ကျပြီး အေးနေတာပေါ့”

နယ်ပေါင်းစုံမှ ကြက်သွန်နီကုန်ကားများမှာ တစ်နေ့ကို အစီးရေ (၅၀)နီးပါးခန့်ဝင်နေသော်လည်း ယခုရက်ပိုင်းအတွင်း အစီးရေ (၃၀)ဝန်းကျင်သာဝင်နေကြောင်း အဆိုပါအသင်းမှသိရပါတယ်။

ကြက်သွန်နီဆိပ်ဖြူတစ်ပိဿာကို ၅၇၅ ကျပ်ရှိရာမှ ၄၇၅ ကျပ်ကျဆင်းလာကြောင်း ၊ မြစ်သားရှယ်တစ် ပိဿာကို ၈၅၀ကျပ်ရှိရာမှ ၇၅၀ကျပ်ကျဆင်းလာကြောင်း နဲ့ တောင်တွင်းရှယ်(သစ်)တစ်ပိဿာကို ၆၀၀ကျပ်ရှိရာမှ ၅၀၀ကျပ်ကျဆင်းလာကြောင်းဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းစာရင်းများအရသိ ရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *