BREAKING NEWS

ယခင်နှစ်ကာလတူထက်စိန်တစ်လုံးဈေးနှုန်းတက်လာ

ယခင်နှစ်ကာလတူထက် စိန်တလုံးသရက် ဈေးနှုန်းမှာ တစ်ဖာကို ယွမ် (၂၀)ဝန်းကျင် တက်လာ ကြောင်း မြန်မာ့သရက်ဈေး ကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

ယခုနှစ်အတွင်း စိန်တစ်လုံးသရက်မှာ ရာသီချိန်စောပြီး ထွက်လာကာ ထွက်နှုန်းအရေအတွက် နည်း နေတဲ့ အတွက် ဈေးနှုန်းများတက်လာတယ်လို့ မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုး တက် ရေးအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်ကပြောပါတယ်။

“ဒီနှစ်မှာ စိန်တစ်လုံးသရက်က စောပြီးထွက်လာတယ်။အရင်နှစ်က ဧပြီလကုန်ခါနီးလောက်မှထွက် တာလေ။ ပြီးတော့စစထွက်ချင်းမှာ ဈေးကောင်းတယ်လို့ပြောလို့ရမယ်။ အရင်နှစ်က စိန်တစ်လုံး ကထွက်ထွက်ချင်းဈေးသိပ်မရဘူး။ အခုဒီနှစ်က ထွက်နှုန်းအရေအတွက်ကလည်းနည်းနေတော့ ဈေးကပိုရတာပေါ့”

ယခင်နှစ်ကာလတူက စိန်တစ်လုံးသရက်တစ်ဖာကို ယွမ် ၁၅၀ရှိနေပြီး ယခုနှစ်အတွင်း စိန်တစ်လုံးသ ရက်တစ်ဖာကို ယွမ် ၁၇၀ ဝန်းကျင်တက်လာကြောင်း အဆိုပါအသင်းမှသိရပါတယ်။

စိန်တစ်လုံးသရက်ကို ရုရှားနိုင်ငံကိုလည်းယခုနှစ်အတွင်းတင်ပို့သွားရန်စီစဉ်လုပ် ဆောင်နေကြောင်း သိရပါတယ်။

မြန်မာ့သရက်ကို အရည်အသွေးကောင်းမွန်စွာထွက်ရှိစေနိုင်ရေးအတွက် နည်းပညာသင်တန်းများ ကို သင်ကြားပို့ချလျက်ရှိနေကြောင်း မြန်မာ့ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါ တယ်။





Leave a Reply

Your email address will not be published. Required fields are marked *