BREAKING NEWS

မြန်မာ့လျှော်ဖြူ ဂျပန်ကိုတင်ပို့သွားမည်

ယခုနှစ်အတွင်း မြန်မာ့လျှော်ဖြူကို ဂျပန်ကိုတင်ပို့သွားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ် ကြောင်း မြန်မာလျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းမှသိရပါတယ်။

ဓာတုကင်းလွတ်တဲ့ မြန်မာ့လျှော်ဖြူကို ဂျပန်နိုင်ငံကို ယခုနှစ်အတွင်း (၂၅)တန်ဝယ်ယူသွားမှာဖြစ်ကာ စာချုပ်ချုပ်ဆိုပြီးပြီဖြစ်ကြောင်း မြန်မာလျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဌ ဦးစိန် ကြီးကပြောပါတယ်။

“ပထမဦးဆုံးအနေနဲ့  ဂျပန်နိုင်ငံကို တင်ပို့နိုင်ဖို့ မြန်မာ့လျှော်ဖြူ (၂၅)တန်တင်ပို့သွားဖို့အတွက် စာချုပ် ချုပ်ဆိုပြီးသွားပါပြီ။တင်ပို့မယ့်လျှြော်ဖူကလည်း ပုဂ္ဂလိကစိုက်ခင်းတွေကနေ ဓါတုဆေး ဝါးကင်းစင်တဲ့ လျှော်ဖြူ တွေကိုသာတင် ပို့သွားမှာပါ။၂၀၁၉ဒီနှစ်ထဲမှာ တင်ပို့သွားမှာပါ”

ဂျပန်နိုင်ငံကိုတင်ပို့သွားမယ့် မြန်မာ့လျှော်ဖြူ(၂၅)တန်ကို မကွေးတိုင်းဒေသကြီး ၊ပုဂ္ဂလိကစိုက်ခင်းမှ တင်ပို့သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့လျှော်ဖြူကို မန္တလေးတိုင်းဒေသကြီးနဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီးတို့မှာလည်း စိုက်ပျိုးကြောင်း မြန်မာလျှော်ဖြူစိုက်ပျိုးထုတ် လုပ်သူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *