BREAKING NEWS

မုန့်⁠ကြာ⁠စေ့ ⁠ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ဆန်မှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်
  • ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲ
  • ထန်းလျှက် 150g
  • အုန်းသီးခြစ်ပြီးသားအမှုန့် အနည်းငယ်

ပြင်ဆင်နည်း

  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထဲ့ပြီး ရေကိုနည်းနည်းချင်းထည့်ပြီး မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • နာရီဝက်လောက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ခပ်သေးသေးလေးတွေ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတလုံးထဲ ရေများများထဲ့ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးများကို တလုံးချင်း ရေနွေးအိုးထဲကို ထဲ့ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို ဆယ်ပေးပါ
  • ဆယ်ပြီးတာနဲ့အဆင်သင့်ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • အားလုံးပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ

ထန်းလျှက်ရည်ကျိုရန်

  • ထန်းလျှက်ရည်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်နဲ့ကျိုပေးပါ
  • ရေမပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုပြီးထားပါ

ပြင်ဆင်ရန်

  • ရေစစ်ထားသော မုန့်ကြာစေ့ အလုံးလေးများကို ပန်းကန်တလုံးထည့်ပြီး ထန်းလျှက်ရည်လောင်းချပြီး စိမ်ထားပေးပါ
  • တပွဲစာအတွက် ပန်းကန်ထဲကို မုန့်ကြာစေ့နှင့်ထန်းလျှက်ရည်တို့ကို အနေတော်ထည့်ပြီး အုန်းသီးခြစ်ပြီးသား အနေတော်ဖြူးပြီး စားသုံးနိုင်ပါပြီ။




Leave a Reply

Your email address will not be published. Required fields are marked *