BREAKING NEWS

ဆီထမင်း ⁠ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ရေဆေးပြီးရေစစ်ထားသော ကောက်ညှင်းဆန် –  ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး
  • ရှစ်စိတ်စိတ်ထားသော ကြက်သွန်နီ – အနေတော် တစ်ဥ
  • ဆီ – ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ရေ – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူး

ပြင်ဆင်နည်း

  • အရင်ဆုံးဆီကိုမီးအပူပေးပြီး နနွင်းမှုန့်ထဲ့ပါ
  • ကောက်ညှင်းဆန်ကို ထဲ့ပြီးကြော်ပေးပါ
  • ကြော်နေသောကောက်ညှင်းဆန်ကို အဆက်မပြတ်မွှေပေးရင်း တလုံးခြင်းကွဲသွားတာနဲ့ရေ ဆား အရသာမှုန့် ကြက်သွန်နီတို့ထဲ့ပြီး အဖုံးအုပ်ပြီးတည်ပေးပါ
  • စတည်တာနဲ့ မီးကို အနေတော်သို့လျော့ပေးပါ
  • တည်ထားစဉ် တခါနှစ်ခါလောက်ဘဲမွှေပြီး ရေခမ်းပြီဆိုတာနဲ့ မီးကို ထပ်ပြီးလျော့ပေးပြီး ဆီထမင်းမှာ စားရတာအရသာ အကောင်းဆုံးဖြစ်တဲ့ ဂျိုးကို မီးအေးအေးနဲ့ ရအောင်တည်ပေးပါ
  • အကျက်ညီပြီး ဂျိုးလှလှလေးရစေရန် မကပ်သောအိုးဖြင့်တည်ပြီး တည်ထားစဉ်အိုးကို မကြာမကြာ လှည့်ပေးပါ
  • ဆီသံကြွတ်ကြွတ်မြည်လာပြီး ဆီထမင်းဂျိုး မွှေးမွှေးလေးရရင် သုံးဆောင်နိုင်ပါပြီ။




Leave a Reply

Your email address will not be published. Required fields are marked *