BREAKING NEWS

မြန်မာ့သရက် ပြည်ပဈေးကွက်ပိုမိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

မြန်မာ့သရက်များကို အရည်အသွေးပြည့်မှီစွာ ပြည်ပဈေးကွက်ကိုပိုမိုတင်ပို့နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်နေ ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှသိရပါတယ်။

ပြည်ပနိုင်ငံများမှ မြန်မာ့သရက်များကို ဝယ်ယူနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများလုပ်နေပြီး စီ စဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးကျော်စွာဟိန်းကပြောပါတယ်။

“  ပြည်ပနိုင်ငံတွေကနေပြီးတော့ သရက်တင်ပို့နိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေတာတွေ ရှိတယ်။ လက်ရှိတော့ ပြည်ပနိုင်ငံအချို့ကိုတင်ပို့နေတာတွေတော့ရှိတာပေါ့။ပြည်ပဈေးကွက်ပိုမိုရရှိဖို့အတွက် အသင်းအနေနဲ့ ဆွေးနွေးလုပ်ဆောင်နေပါတယ်”

မြန်မာ့သရက်ကို မူဆယ်မှတစ်ဆင့်အခြားနိုင်ငံများကို တင်ပို့ရောင်းချနေပြီး စင်ကာပူနိုင်ငံကိုလည်း တင်ပို့ရောင်းချမှုများရှိနေကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့သရက်မျိုးများဖြစ်တဲ့ စိန်တစ်လုံးသရက်နဲ့ရင်ကွဲသရက်များကို ယခုနှစ်အတွင်း ရုရှားနိုင်ငံ ကိုလည်း တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာ့သရက်ဈေး ကွက်နှင့်နည်းပညာ ဖွံ့ ဖြိုးတိုးတက်ရေး အဖွဲ့မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *