BREAKING NEWS

မင်းပြားဒေသခံများ ရေရှားပါးချိန်အတွက် ဆီပုံးခွံများ ၀ယ်ယူစုဆောင်နေခြင်းဖြင့် ကြိုတင်ပြင်ဆင်နေ

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်ရှိဒေသခံများသည်သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့လာပါကအခြား နေရာမှရေများအားအလွယ်တကူ သယ်ယူနိုင်ရန်ဆီပုံးခွံများအားဝယ်ယူစုဆောင်းနေကြကြောင်းသိရ သည်။

ရခိုင်ပြည်နယ်မင်းပြားမြို့နယ်အတွင်းရေရှားပါးမှုပြဿနာကြုံတွေ့ရသည့်အချိန်တိုင်းဒေသခံများသည် အဆိုပါဆီဗူးခွံများ အသုံးပြု၍ဝေးကွာသောနေရာများမှသောက်သုံးရေအားဆိုင်ကယ်၊သုံးဘီး၊ထော်လာ ဂျီနှင့်ကားများအသုံးပြုကာသွားရောက် ခပ်ယူ ကြလေ့ရှိကြောင်းဒေသခံများထံမှသိရသည်။

“ဟိုးအရင်သောက်သုံးရေအခက်အခဲဖြစ်တုန်းကဒီဆီပုံးခွံတွေနဲ့မင်းပြားမြို့နယ်ကနေခြောက်မိုင် လောက်ဝေးတဲ့ဆည်ကရေကိုဆိုင်ကယ်တွေနဲ့သွားခပ်ခဲ့ရတယ်။အခုလည်းအိမ်တိုင်းလိုတဲ့အချိန် ရေသွားသယ်နိုင်အောင်ဆီပုံးခွံတွေဝယ်ထားကြတယ်” ဟုရခိုင်ပြည်နယ် ၊မင်းပြားမြို့နယ်မှဒေသခံ ဦးညီညီကျော်ကပြောသည်။

အဆိုပါ ဆီပုံးခွဲတစ်ဗူးလျှင် ကျပ်၂၀၀၀ဈေးရှိကာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးလက်များမှ အများဆုံး လာရောက်ဝယ်ယူကြကြောင်းသိရသည်။

ပန်လှအောင်(မြစ်မခ)





Leave a Reply

Your email address will not be published. Required fields are marked *