သစ်သီးဝလံ(၃)မျိုးကိုတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရန်ဆောင်ရွက်နေ

သစ်သီးဝလံ(၃)မျိုးဖြစ်တဲ့ ကော်ဖီ ၊ ထောပတ်သီး နဲ့ ဝဥကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ် နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

တောင်သူများကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်လာနိုင်ပြီး ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ် ကာဆောင်ရွက်နေတာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သင်တန်းစီစဉ်သူ ဒေါ်သင်းသဇင်ကပြောပါတယ်။

“အခုထုတ်ကုန် (၃)မျိုးဖြစ်တဲ့ ကော်ဖီ ၊ ထောပတ် ၊ ဝဥကို တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်နိုင် ဖို့ ဆောင်ရွက်နေတယ်။တောင်သူတွေကစိုက်ပျိုးထုတ်ကုန် ထုတ်လုပ်တဲ့အပြင် တန်ဖိုးမြှင့်ထုတ်ကုန် တွေထုတ်လုပ်ပြီး ဝင်ငွေ တိုးတိုးတက်လာစေဖို့အတွက်ရည်ရွယ်လုပ်ဆောင်နေပါတယ်”

အဆိုပါသီးနှံ(၃)မျိုးကိုတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆပ်ပြာ၊ အလှကုန်ပစ္စည်းနဲ့ အခြားထုတ်ကုန် များထုတ်လုပ်နိုင်ရန်သင်တန်းများပေးနေကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

ထောပတ်သီးကိုလည်းတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်စေရန်အတွက် ချင်းပြည်နယ်မင်းတပ်မြို့မှာ  သင်တန်းပေးသွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *