BREAKING NEWS

ထောပတ်သီးကိုတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရန်သင်တန်းဖွင့်လှစ်သွားမည်

ထောပတ်သီးပတ်သတ်သည့် ထုတ်ကုန်ထုတ်လုပ်မှုသင်တန်းကို ၂၀၁၉ ခုနှစ်မတ်လ ၂၇ ရက်နေ့မှ ၂၈ရက်နေ့အထိ ချင်းပြည်နယ် ၊ မင်းတပ်မြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ထောပတ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ဖို့အတွက်ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်သွား မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းမှ သင်တန်းစီစဉ်သူ ဒေါ်သင်းသဇင်ကပြောပါတယ်။

“ထောပတ်သီးကို အသီးစားသုံးမှုတင်မကပဲ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတို့ကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်အောင်လို့သင်တန်းပေးသွားမှာပါ။ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်တာဖြစ်ပါတယ်။ အခြားကုန်ပစ္စည်းတွေကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ဖို့အတွက်လုပ်နေတာတွေလည်း ရှိပါတယ်”

အဆိုပါသင်တန်းကို မင်းတပ်မြို့ Green Land Hostel မှာ နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ပြုလုပ် သွားမှာဖြစ်ကြောင်းသိရပါတယ်။

ထောပတ်သီးထုတ်ကုန်ထုတ်လုပ်မှုသင်တန်းကိုတက်ရောက်ချင်သူများအနေနဲ့ ဖုန်းနံပါတ် ၀၉- ၇၇၂၇၄၉၆၁၂ နဲ့ ၀၉ ၂၅၇၀၅၈၀၃၇ တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *