စိုက်ပျိုးဧကများတွင် မောင်းသူမဲ့ယာဉ်ပျံနှင့်ဆေးဖြန်းဆောင်ရွက်မှုများ စမ်းသပ်လုပ်ဆောင်နေ

ဆန်စပါး၊ပဲ၊ပြောင်းစတဲ့ စိုက်ပျိုးဧကများမျာ မောင်းသူမဲ့ယာဉ်ပျံနှင့်ဆေးဖြန်းဆောင်ရွက်မှုများကို စမ်းသပ်လုပ် ဆောင်နေကြောင်း UNIQCO ကုမ္ပဏီမှသိရပါတယ်။

စိုက်ပျိုးဧကများကို မောင်းသူမဲ့ယာဉ်ပျံနဲ့ဆေးဖြန်းဆောင်ရွက်ပါက ဓါတုဆေးဝါးများကို လျှော့ချ ပေးနိုင်မှာ ဖြစ်ပြီး တောင်သူများရဲ့စိုက်ဧကများကို အချက်အလက်အတိအကျ လက်မှတ် ထုတ်ပေး နိုင်မှာဖြစ်တဲ့အတွက် စမ်းသပ်လုပ်ဆောင်နေတာဖြစ်ကြောင်း UNIQCO ကုမ္ပဏီမှ တည်ထောင်သူ ဦးမျိုးသန့်ကပြောပါ တယ်။

“စိုက်ခင်းတွေကို မောင်းသူမဲ့ယာဉ်ပျံနဲ့ဆေးဖြန်းတဲ့ အချိန်မှာ အတိအကျဆေးဖြန်းပေးပြီးတော့ ဓါတုဆေးဝါးကို၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့လို့ရတယ်။ အခုလက်ရှိစမ်းသပ် ထုတ်လုပ်နေတဲ့ မောင်းသူမဲ့ယာဉ်ပျံက ပျံသန်း တဲ့စိုက်ဧကပေါ်ကအချက်အလက်တွေကို တစ်ခါ တည်းယူပြီးထုတ်ပေးလိုက်မယ်။ တောင်သူ တွေပစ္စည်းကိုရောင်းတဲ့အချိန်မှာ တစ်ဧကကို ဘယ် လောက်ပဲဖြန်းတယ်ဆိုတာ တွေရယ်၊ ဘယ်အချိန် မှာဖြန်းတယ် ဆိုတာအတိအကျ ပြောတယ်။ အဲဒီအတွက်ကို စမ်းသပ်လုပ်ဆောင်နေပါတယ်”

မောင်းသူမဲ့ယာဉ်ပျံနဲ့စမ်းသပ်ဆောင်ရွက်နေတဲ့ စိုက်ဧကများမျာ ဆန်စပါး ၊ပဲ နဲ့ပြောင်းတို့ဖြစ်ပြီး မန္တလေးတိုင်းဒေ သကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ တောင်ငူမြို့တို့မှာ စတင်လုပ်ဆောင် နေ ကြောင်းလည်း အဆိုပါ ကုမ္ပဏီမှသိရပါတယ်။

၂၀၁၉ခုနှစ် ဧပြီလကုန်ပိုင်းမှစတင်ကာ ရွေဘိုမြို့ ၊ ကူမဲမြို့  ၊ တောင်ငူမြို့ နဲ့ ဇီးကုန်းတို့မှာလည်း မောင်းသူမဲ့ယာဉ်ပျံနဲ့ ဆေးဖြန်းဆောင်ရွက်မှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း UNIQCO ကုမ္ပဏီမှ သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *