BREAKING NEWS

ငါးကြိမ်မြောက်ကော်ဖီအရည်အသွေးပြိုင်ပွဲ  ပြုလုပ်ကျင်းပသွားမည်

ငါးကြိမ်မြောက်ကော်ဖီအရည်အသွေးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် မတ်လ(၁၈)ရက်နေ့ ၊ရန်ကုန်မြို့မှာ ပြုလုပ်ကျင်းပ သွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။

စိုက်ပျိုးတောင်သူများထုတ်လုပ်သည့်ကော်ဖီကို ယုံကြည်ချက်ရှိရှိထုတ်လုပ်နိုင်စေရန်အတွက် ကျင်းပရတာ ဖြစကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှဥက္ကဌဦးရဲမြင့်ကပြောပါတယ်။

“အဓိကကတော့ ကော်ဖီစိုက်တောင်သူတွေ သူတို့စိုက်ပျိုးတဲ့ ထုတ်ကုန်တွေကို အရည်အသွေးအဆင့်အတန်း မြင့်မြင့်ထုတ်လုပ်လာနိုင်စေဖို့အတွက် ဒီပြိုင်ပွဲလေးကို ကျင်းပရတာဖြစ်ပါတယ်။ဒီပြိုင်ပွဲကို အခြားနိုင်ငံက ဒိုင် တွေကလာပြီးအကဲဖြတ်ပေးသွားမှာပေါ့။အဲဒီဒိုင်တွေကနေတစ်ဆင့်မြန်မာ့ကော်ဖီက နိုင်ငံတကာကို ရောက်မှာ ပေါ့”

ပြိုင်ပွဲဝင်ကော်ဖီနမူနာများကို တစ်ခုကို (၅၀၀၀၀)ကျပ်ကောက်ခံသွားမှာ ဖြစ်ပြီး နမူနာများကို မတ်လ(၁၄)ရက် နေ့နောက်ဆုံးထားပေးပို့ရမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

ကော်ဖီနမူနာပုံစံအချက်အလက်များမှာ ရောင်းချရန်ကော်ဖီစေ့ အနည်းဆုံးကီလို(၂၀၀) ရှိရန် ၊ ကိုယ်စားပြုနမူ နာဖြစ်ရန် ၊ ကော်ဖီစေ့ (၁)ကီလို (သို့မဟုတ်) ၆၅ ကျပ်သားရှိရန် ၊ ဇကာအရွယ် (၁၅)အထက်ဖြစ်ရန် ၊ အပြစ် အနာအဆာရွေးပြီးရန်နဲ့ အစိုဓာတ် ၁၀ – ၁၂ % ကြားဖြစ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံကော်ဖီ အသင်းမှသိရါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *