BREAKING NEWS

⁠ကော်ဖီ⁠ကြိတ်ခွဲထုတ်လုပ်⁠ခြင်းသင်တန်း ဖွင့်လှစ်သွားမည်

 ကော်ဖီကြိတ်ခွဲထုတ်လုပ်ခြင်းသင်တန်း ကို ၂၀၁၉ခုနှစ် မတ်လ (၁)ရက်နေ့မှ (၃)ရက်နေ့ထိ ရန်ကုန် မြို့ ၊ စိမ်းလန်းစိုပြေဥယျာဉ်မှာ ဖွင့်လှစ်သင်ကြားပို့ချသွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံကော်ဖီ အသင်း မှသိရပါတယ်။

ကော်ဖီနဲ့ပတ်သတ်ပြီးစနစ်တကျထုတ်လုပ်တတ်စေဖို့အတွက် သင်တန်းကိုရည်ရွယ်ဖွင့် လှစ်တာဖြစ် တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ ဥက္ကဌ ဦးရဲမြင့်ကပြောပါတယ်။

“ ကော်ဖီထုတ်လုပ်မှုကို စနစ်တကျအရသာရှိအောင်ဘယ်လိုထုတ်လုပ်မလဲ။ကော်ဖီ ကြိတ်ခွဲ ထုတ် လုပ်သူတွေ ကို Professional ဖြစ်ချင်တယ်။သင်တန်းကိုတော့ level 1 ကိုတော့ သင်တန်းကြေး (၃)သိန်း သတ်မှတ်ထားပါတယ်”

ကော်ဖီကြိတ်ခွဲထုတ်လုပ်နည်းသင်တန်းများ ၊ ကော်ဖီသီးဖွဲ့စည်းပုံများ ၊ ကော်ဖီအချဉ်ေ ဖာက်ခြင်းနည်း ပညာများ နဲ့ကော်ဖီအခြောက် ခံခြင်းနည်းပညာများကို သင်ကြားပို့ချ သွားမှာဖြစ်ကြောင်း အဆိုပါအ သင်းမှသိရပါတယ်။ အဆိုပါသင်တန်းကို နံနက်(၉)နာရီမှ ညနေ (၅)နာရီထိသင်ကြားပို့ချသွားမှာဖြစ်ပြီး တက်ရောက်ချင် သူများအနေနဲ့ ဖုန်းနံပါတ် ၀၉- ၄၄၄၀၈၀၆၅၅ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှသိရပါ တယ်။

Pissaya Info





Leave a Reply

Your email address will not be published. Required fields are marked *