BREAKING NEWS

ထရိုင္ဂိုဒါးမား အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ (Trichoderma)

ထရုိင္ဂိုဒါးမားဆိုတာ ဘာလဲ ? (What is Trichoderma)

ထရိုဂိုဒါးမားဆိုသည္မွာ အဏုဇီ၀မႈိတစ္မ်ိဳးျဖစ္ပါသည္။ သီးႏွံပင္အၾကြင္းအက်န္မ်ား၊ ေကာက္ရိုး၊ ျမက္ေျခာက္၊ စပါးခြံ၊ ေဗဒါသစ္ရြက္ေျခာက္မ်ားကို အေဆြးျမန္သျဖင့္ ေျမေဆြးပံုမ်ားျပဳလုပ္ ရာတြင္ အီးအမ္ေဖ်ာ္ရည္ကဲ့သို႔လည္းေကာင္း၊ ဒိုခ်က္ကင္တို႔ ကဲ့သို႔လည္းေကာင္း၊ ေျမေဆြးပံုမ်ား (Compost) ျပဳလုပ္သံုးစြဲရာတြင္ အလြန္အသံုး၀င္ပါသည္။

ေကာက္ရိုးကဲ့သို႔ေသာပစၥည္းမ်ားကို ေျမေဆြးလုပ္ရာတြင္ အီးအမ္ေဖ်ာ္ရည္ထက္ပင္ ပို၍ ေဆြးေျမ ႔မႈျမန္ေၾကာင္း သိရွိရပါသည္။ သီးႏွံပင္၏ ေျမေဆာင္ေရာဂါအမ်ားအျပားကို ကာကြယ္ေပးျခင္း၊ ႏွိမ္နင္းျခင္းမ်ားေၾကာင့္ မႈိသတ္ေဆးအျဖစ္လည္း အသံုးမ်ား လူသိမ်ားပါသည္။

ဘယ္လိုျပဳလုပ္သံုးစြဲရမလဲ (Making and used it)

၁ ။ ေျမေဆြးပံုရာတြင္ သစ္ပင္အၾကြင္းအက်န္မ်ားအားလံုး၊ အမႈိက္သရိုက္အားလံုးကို ေျမေဆြးပံု ျပဳလုပ္နည္းအတိုင္း ျပဳလုပ္ေပးရန္ျဖစ္သည္။ ေျမေဆြးလုပ္သည့္မႈိမ်ိဳးသာ ကြာပါသည္။

၂ ။ ေျမေဆြး (Compost) ျပဳလုပ္သံုးစြဲရာတြင္ အလ်ား ၁၀ ေပ၊ အနံ ၃ ေပ၊ အျမင့္ ၃ ေပ အရြယ္ ရွိေျမေဆြးပံု တစ္ပံုလွ်င္ ထရိုင္ဂိုဒါးမားမႈိမ်ိဳး ႏွစ္ထုပ္ကို ဖြဲနုႏွစ္ျပည္ႏွင့္ သမစြာေရာေမႊ၍ အလႊာ လိုက္ထည့္ေပးပါ။ ထည့္ၿပီး ႏွစ္ပတ္အတြင္း ေဆြးေျမ႕ေစပါသည္။

၃။ သီးႏွံမ်ားရိတ္သိမ္းၿပီး က်န္ခဲ့ေသာ ငုတ္တိုမ်ား၊ စပါးရိုးျပတ္မ်ား၊ အျမန္ေဆြးေျမ႕ေစ ရန္တစ္ ဧကလွ်င္ မႈိမ်ိဳးထုပ္ သံုးထုပ္ ႏွင့္ ဖြဲႏုေလးျပည္ ႏွင့္ သမစြာ ေရာေမႊ၍ ညီညာစြာ အႏွံၾကဲပက္ ျဖန္းေပးၿပီး ထြန္ျဖင့္ ဖံုးေပးပါ။ လ်င္ျမန္စြာ ေဆြးေျမ ႔ေစပါသည္။ ေႏြစပါးစိုက္ပ်ိဳးရန္ႏွင့္ ေနာက္ထပ္တစ္သီးစိုက္ပ်ိဳးရန္အတြက္ အထူးျပဳလုပ္သံုးစြဲသင့္သည္။

၄။ မႈိမ်ိဳးထုပ္မ်ားကို ရန္ကုန္ေျမပေဒသာကၽြန္း စိုက္ပ်ိဳးေရးဆိုင္ႏွင့္ ၿမိဳ ႔နယ္အႏွံ႔ စိုက္ပ်ိဳးေရး ေဆးအေရာင္းဆိုင္မ်ားတြင္ ၀ယ္ယူရရွိႏိုင္ပါသည္။

အက်ိဳးေက်းဇူးမ်ား

ထူးျခားသည့္ အက်ိဳးေက်းဇူးမွာ ေျမေဆြးျပဳလုပ္သံုးစြဲရံုမ်ွမက ေျမေဆာင္ေရာဂါမ်ား က်ေရာက္ျ ခင္းမွ ကာကြယ္ေပးႏိုင္သျဖင့္ ဇီ၀မႈိသတ္ေဆးအျဖစ္ ၀ယ္ယူအသံုးျပဳၾက၏။

ထရိုဂိုဒါးမားမႈိမ်ိဳးထုပ္သည္ ဇီ၀သက္ရွိျဖစ္၍ ပတ္၀န္းက်င္ ႏွင့္ သဟဇာတျဖစ္၍ စိုက္ပ်ိဳးသူေရာ သီးႏွံစားသံုးသူပါ ေဘးအႏၱရာယ္ ကင္းေ၀းေစပါသည္။

 အထူးျပဳႏွိမ္နင္းေသာ ေရာဂါမ်ားမွာ

(က) ခါးရိေရာဂါ (ေရ၀ပ္လွ်င္ပိုအျဖစ္ျမန္) Selerotium spp တို႔ေၾကာင့္ ျဖစ္သည္။

(ခ) အပင္ညွိဳးေသေရာဂါမ်ား (Fusarium wilt)

(ဂ) ပင္ရင္းပုတ္ေရာဂါမ်ား (Aspergills spp) ေၾကာင့္ ျဖစ္သည္။

(ဃ) ျမစ္ေျခာက္၊ ေျမေဆြးေရာဂါ (Phizoctonia spp) ေၾကာင့္ ျဖစ္သည္။

၅။ ႀကိဳတင္ကာကြယ္ရန္အတြက္ မ်ိဳးေစ့ ႏွင့္လူးနယ္ၿပီး ခ်က္ခ်င္းစိုက္ၿပီးလွ်င္ ၿပီးခ်င္း ေျမျပန္ဖံုးေပးပါ။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ထရိုင်ဂိုဒါးမား အ⁠ေ⁠ကြာင်းသိ⁠ကောင်းစရာ (Trichoderma)

=========================

ထရိုင်ဂိုဒါးမားဆိုတာ ဘာလဲ ? (What is Trichoderma)

ထရိုဂိုဒါးမားဆိုသည်မှာ အဏုဇီဝမှိုတစ်မျိုးဖြစ်ပါသည်။ သီးနှံပင်အကြွင်းအကျန်များ၊ ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံ၊ ဗေဒါသစ်ရွက်ခြောက်များကို အဆွေးမြန်သဖြင့် မြေဆွေးပုံများပြုလုပ် ရာတွင် အီးအမ်ဖျော်ရည်ကဲ့သို့လည်းကောင်း၊ ဒိုချက်ကင်တို့ ကဲ့သို့လည်းကောင်း၊ မြေဆွေးပုံများ (Compost) ပြုလုပ်သုံးစွဲရာတွင် အလွန်အသုံးဝင်ပါသည်။

ကောက်ရိုးကဲ့သို့သောပစ္စည်းများကို မြေဆွေးလုပ်ရာတွင် အီးအမ်ဖျော်ရည်ထက်ပင် ပို၍ ဆွေးမြေ့မှုမြန်ကြောင်း သိရှိရပါသည်။ သီးနှံပင်၏ မြေဆောင်ရောဂါအများအပြားကို ကာကွယ်ပေးခြင်း၊ နှိမ်နင်းခြင်းများကြောင့် မှိုသတ်ဆေးအဖြစ်လည်း အသုံးများ လူသိများပါသည်။

ဘယ်လိုပြုလုပ်သုံးစွဲရမလဲ (Making and used it)

၁ ။ မြေဆွေးပုံရာတွင် သစ်ပင်အကြွင်းအကျန်များအားလုံး၊ အမှိုက်သရိုက်အားလုံးကို မြေဆွေးပုံ ပြုလုပ်နည်းအတိုင်း ပြုလုပ်ပေးရန်ဖြစ်သည်။ မြေဆွေးလုပ်သည့်မှိုမျိုးသာ ကွာပါသည်။

၂ ။ မြေဆွေး (Compost) ပြုလုပ်သုံးစွဲရာတွင် အလျား ၁၀ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ အရွယ် ရှိမြေဆွေးပုံ တစ်ပုံလျှင် ထရိုင်ဂိုဒါးမားမှိုမျိုး နှစ်ထုပ်ကို ဖွဲနုနှစ်ပြည်နှင့် သမစွာရောမွှေ၍ အလွှာ လိုက်ထည့်ပေးပါ။ ထည့်ပြီး နှစ်ပတ်အတွင်း ဆွေးမြေ့စေပါသည်။

၃။ သီးနှံများရိတ်သိမ်းပြီး ကျန်ခဲ့သော ငုတ်တိုများ၊ စပါးရိုးပြတ်များ၊ အမြန်ဆွေးမြေ့စေ ရန်တစ် ဧကလျှင် မှိုမျိုးထုပ် သုံးထုပ် နှင့် ဖွဲနုလေးပြည် နှင့် သမစွာ ရောမွှေ၍ ညီညာစွာ အနှံကြဲပက် ဖြန်းပေးပြီး ထွန်ဖြင့် ဖုံးပေးပါ။ လျင်မြန်စွာ ဆွေးမြေ့စေပါသည်။ နွေစပါးစိုက်ပျိုးရန်နှင့် နောက်ထပ်တစ်သီးစိုက်ပျိုးရန်အတွက် အထူးပြုလုပ်သုံးစွဲသင့်သည်။

၄။ မှိုမျိုးထုပ်များကို ရန်ကုန်မြေပဒေသာကျွန်း စိုက်ပျိုးရေးဆိုင်နှင့် မြို့နယ်အနှံ့ စိုက်ပျိုးရေး ဆေးအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

အကျိုးကျေးဇူးများ

ထူးခြားသည့် အကျိုးကျေးဇူးမှာ မြေဆွေးပြုလုပ်သုံးစွဲရုံမျှမက မြေဆောင်ရောဂါများ ကျရောက်ြ ခင်းမှ ကာကွယ်ပေးနိုင်သဖြင့် ဇီဝမှိုသတ်ဆေးအဖြစ် ဝယ်ယူအသုံးပြုကြ၏။

ထရိုဂိုဒါးမားမှိုမျိုးထုပ်သည် ဇီဝသက်ရှိဖြစ်၍ ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်၍ စိုက်ပျိုးသူရော သီးနှံစားသုံးသူပါ ဘေးအန္တရာယ် ကင်းဝေးစေပါသည်။

အထူးပြုနှိမ်နင်းသော ရောဂါများမှာ

(က) ခါးရိရောဂါ (ရေဝပ်လျှင်ပိုအဖြစ်မြန်) Selerotium spp တို့ကြောင့် ဖြစ်သည်။

(ခ) အပင်ညှိုးသေရောဂါများ (Fusarium wilt)

(ဂ) ပင်ရင်းပုတ်ရောဂါများ (Aspergills spp) ကြောင့် ဖြစ်သည်။

(ဃ) မြစ်ခြောက်၊ မြေဆွေးရောဂါ (Phizoctonia spp) ကြောင့် ဖြစ်သည်။

၅။ ကြိုတင်ကာကွယ်ရန်အတွက် မျိုးစေ့ နှင့်လူးနယ်ပြီး ချက်ချင်းစိုက်ပြီးလျှင် ပြီးချင်း မြေပြန်ဖုံးပေးပါ။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *