BREAKING NEWS

ဖရဲ ၊ သခွားဆုံးရှုံးမှုများအတွက် အာမခံလျော်ကြေးပေးအပ်သွားမည်

“ဖရဲ ၊သခွားကို မြန်မာတစ်ပြည်လုံးမှာရှိတဲ့ မုံရွာ၊ရန်ကုန်၊ ဒိုက်ဦး ၊လှည်းကူး ၊သာယာဝတီ ၊ ခရမ်း ကနေပြီးတော့ ဖရဲသီးတွေကို တရုတ်ပြည်နယ်စပ်ကနေ မူဆယ်ထိကိုပို့တယ်။ မူဆယ်ထိကိုပို့တဲ့ အခါမှာကုန်စည်ပို့ဆောင်ရေးပိုင်းမှာ ဖရဲ ၊သခွားတွေပျက်စီးဆုံးရှုံးသွားတဲ့အတွက် လျော်  ကြေးပေးအပ် တယ်။ ဒီနေ့သိန်း(၄၀)နီးပါးလျော်ကြေးပေးအပ်သွားမှာပါ”

အာမခံထားရှိထားတဲ့တောင်သူများမှာ အခုနှစ်အတွင်း ဖရဲ ၊ သခွားများ ပျက်စီးဆုံးရှုံး မှု ဖြစ်ပေါ်ခဲ့ တာ ကြောင့် ပထမဦးဆုံးအနေနဲ့ လျော်ကြေးပေးအပ်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအ သင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

“တောင်သူတွေဖရဲ တွေသခွားတွေတင်လိုက်တဲ့အခါအာမခံထားတာကျတော့ ရမှာပေါ့။ မတော် တ ဆဖြစ်မှုတွေအတွက် အာမခံထားတာပါ။ဒါပထမဦးဆုံးပါပဲ ။မနှစ်ကစလုပ်တယ်။ဒီနှစ်မှာတော့ ကျယ် ပြန့်လာတယ်။ ဒီနှစ်ထဲမှာ တစ်စီးဖြစ်သွားတော့ အာမခံထားတဲ့အတွက်ကြောင့် အကာအကွယ် ပေး တဲ့အနေနဲ့ အာမခံပေးအပ်မှာပေါ့”

IKBZ အာမခံကုမ္ပဏီနဲ့ မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း အဆိုပါအာမ ခံကုမ္ပဏီမှ သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *