BREAKING NEWS

ဒန့်သလွန်ပင်ကို အချိန်တိုအတွင်း လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း အပိုင်း (၂)

အပင်စိပ်စိပ်စိုက်ပျိုးခြင်း 

ဒန့်သလွန် အသီးမယူဘဲ အရွက်သက်သက် ထုတ်လုပ်မှုအတွက် စိပ်စိပ်စိုက်ရပါသည်။ စိုက် ခင်းကို မြေသားအနက်  တစ်ပေရှိအောင် ထယ်ထိုးပြီး (၄) ပေ အကျယ် နှင့်  မြေအကျယ် ရှိသလောက် ဘောင်ဆွဲပါ။ နွားချေး၊ တိကျစ်စာမြေဆွေးတို့ကို ဘောင်ပေါ်တွင် နှံ့အောင်ဆွပြီး ထည့်ပါ။

ဘောင်တစ်ခုနှင့် တစ်ခုကြားကို (၃)ပေခြားပါ။ စိုက်ဘောင်ပေါ်တွင် မျိုးစေ့ကို (၈” x ၈”)(၈” x ၆”) (ပင်ကြား x တန်းကြား) ခြားပြီးမျိုးစေ့ကို မြေထဲ (၁/၂) လက်မခန့် မြှုပ်စိုက်ပြီး ရေလောင်းေ ပးပါ။ တစ်ညရေစိမ်ပြီးမှ စိုက်လျှင် အပင်ပေါက်မြန်သည်။ စိုက်ပြီး (၅ – ၁၂)ရက်အတွင်း အပင်ေ ပါက်သည်။ မပေါက်သောကျင်းရှိက ပြန်ဖာစိုက်ပါ။ အပင်တစ်လသားအရွယ်အမြင့် တစ်ပေခန့် ရှိသောအချိန်တွင်  တစ်ကျင်းမှ နှစ်ပင်ပေါက်ပါက ကြုံလှီသော၊ မသန်စွမ်းသော အပင်ကို နှုတ် ပစ်ပါ။ တစ်ဟက်တာလျှင် အပင် (၂၅၀၀၀၀ – ၅၀၀၀၀၀)၀င်ဆန့်သည်။

ပေါင်းမြက်များရှင်းလင်းပေးခြင်း၊ မြေဆွေး၊ တီကျစ်စာ၊ တီကျစ်စာ အရေတို့ကို ၁း၁၀ဖျော်စပ်၍ ရွက်ဖျန်းမြေသြဇာအဖြင့် လောင်းပေးပါ။ ပိုးမွှားများကို ကြည့်ရှုကာကွယ်ပေးပါ။ အော်ဂဲနစ် စိုက် ပျိုးရေးဖြစ်၍ ဓာတ်မြေသြဇာ ပိုးသတ်ဆေးများ လုံးဝအသုံးမပြုရန် သတိပြုပါ။

အရွက်အတွက် စိုက်ပျိုးခြင်း

အရွက်အတွက် စိုက်ပျိုးရာတွင် ၁၅ x ၁၅ cm (သို့မဟုတ်) ၂၀ x ၁၀ cm ကိုတစ်ကွက် လျှင် (၄မီတာ)အတွင်း စိုက်ပါ။

မစိပ် – မကျဲ အလယ်အလတ်စိုက်ပျိုးခြင်း

ဤနည်းသည်အိမ်ခြံဝင်းအတွင်း၊ စိုက်ခင်းအငယ်စားများအတွက် အထူးသင့်တော်သည်။ တန်းကြား (၃) ပေ၊ ပင်ကြား (၁၁ / ၂) ပေစီခြားပြီး နွားချေး၊ တီကျစ်စာ၊ မြေဆွေးတို့ထည့်ပြီး စိုက်ပျိုးခြင်း ဖြစ်သည်။ အပင်ဖြစ်ထွန်းမှုကောင်း၍ ထိန်းသိမ်းမှု ကုန်ကျစရိတ်နည်းသည်။

ဤနည်းလမ်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူ (Small scale farmers) အစိုက်များသည်။

အပင်စိပ်စိပ်စိုက်ပျိုးခြင်းကို Dr.Reyes၏ နည်းမှာ ရေလောင်းရန်၊ မြေသြဇာနည်းနည်းကျွေးရန် ဖြစ်သည်။ နွေရာသီတွင် ရေလောင်းသင့်သည်။ (၇၅) ရက် တစ်ကြိမ်ရိတ်၍ တစ်နှစ်လေးကြိမ် ရိတ်သည်။ အထွက်နှုန်းမှာ ပထမနှစ် တစ်ဟက်တာ တန် (၁၀၀) ၊ ဒုတိယနှစ် (၇၅) တန် ထွက်သည်။

Mr.Foidl နည်းမှာ ရေလောင်းပေးခြင်း၊ မြေသြဇာများများထည့်ခြင်း (သဘာဝမြေသြဇာ) စိုက်ပျိုးရာ (၃၅) ရက် တစ်ခါ ရိတ်၍ တစ်နှစ် ကိုးကြိမ် ရိတ်သည်။ အထွက်နှုန်းမှာ တစ်နှစ် တစ်ဟက်တာလျှင် (၆၅၀ – ၇၀၀) တန်အထိ ထွက်သည်။ ရိတ်သိမ်းရာတွင် မြေပြင်အထက် (၈” မှ ၁၀”) တွင် ရိတ်သိမ်းသည်။

သစ်တောပုံစံ ပုံမှန်အပင်ကြီးများအဖြစ် စိုက်ပျိုးခြင်း

အသီးတောင့်ထုတ်ယူသော စိုက်သီးမျိုးဖြစ်၍ အပင်ကြီးများမွေး၍ စိုက်ခြင်းဖြစ်သည်။ တန်းကြား (၁၂) ပေ (၄m)x ပင်ခြား (၆) ပေ၊ မြေကောင်းလျှင် (၈) ပေ ထိခြားစိုက်ပျိုးပါ။ (၂ x ၂)ပေ ပတ် လည် ကျင်းတူး၊ မြေဆွေး၊ တီကျစ်စာများ ထည့်ပြီး စိုက်ပါ။ တန်းကြား (၁၂)ပေ ကို အရှေ့ အနောက် စိုက်လျှင် ကြားသီးနှံ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ ပဲငုတ်တုတ်အပင်များ စိုက်ပါက အပိုဝင်ငွေရရှိ၍ မြေဆီလွှာ ထက်သန်လာစေပါသည်။

အစေ့ထွက်စိုက်ပျိုးထုတ်လုပ်ခြင်း

အသီးတောင့်နှင့် မျိုးစေ့ထုတ်လုပ်ရန် ပင်ကြား (၉) ပေ x တန်းကြား (၉) ပေကို အပင်ပိုမို ၀င်ဆံ့ရန်အတွက် တြိဂံပုံသဏ္ဍာန် (Triangular Pattern) ဖြင့် စိုက်ပျိုးပါ။ ကျင်းတူးရာတွင် (၂ x ၂) ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးထည့်စိုက်ပါ။

ဒန့်သလွန်တစ်ပင်လျှင် တစ်နှစ်လျှင် အတောင့် (၅၀၀ မှ ၁၀၀၀) ထိ ထွက်ရှိနိုင်ပါသည်။ ဖေဖော် ၀ါရီ၊ မတ်လ၊ ဧပြီလများတွင် သီးထွက်အများဆုံး ဖြစ်သည်။ အသီးတောင့်ချက်စား၍ အတောင့် မရင့်မီဈေးတင်ရောင်းချကြသည်။

မျိုးစေ့ထုတ်လုပ်ရန်အတွက်မူ အသီးတောင့်ရင့်ချိန် နှင့် အသီးများမကွဲခင် ဆွတ်ခူးပါ။ ဒန့်သ လွန်စေ့များထုတ်ပြီး မျိုးစေ့အဖြစ် ပြန်သုံးခြင်း၊ ဆီကြိတ်ရန် သုံးခြင်း၊ မြေပဲကဲ့ သို့လှောင် စားခြင်းများ အမျိုးမျိုး အသုံးပြုနိုင်ပါသည်။

သိုလှောင်ရာတွင် ပလပ်စတစ်အိတ်ကြီးများဖြင့် လေလုံအောင်နှစ်ထပ်ပိတ်ပြီး သာမန် အခန်းအပူချိန် (၆၀)ံF မှ (၈၀)ံF ရှိ အခန်းတွင် သိုလှောင်ထားရ၏။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *