BREAKING NEWS

သခွားမွေးဈေးနှုန်းများတက်လာ

တရုတ်ပြည်ကိုတင်ပို့နေတဲ့ သခွားမွေးဈေးနှုန်းများမှာ တက်လာကြောင်း မြန်မာနိုင်ငံဖရဲ ၊သခွားစိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

တရုတ်ပြည်မှ ဝယ်လိုအားရှိလာတဲ့အတွက် သခွားမွေးဈေးနှုန်းများမှာ တက်လာကြောင်း မြန်မာနိုင်ငံ ဖရဲ ၊သခွားစိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

“တရုတ်ပြည်မှာကသခွားမွေးကတုံးလာတယ်လေ။သခွားမွေးမပေါ်တော့ တုံးသွားတော့ ဈေးနှုန်းက တက်တယ်။ ရာသီဥတုကအရင်ကအေးပေမယ့် အခုကနည်းနည်းပူလာတော့ စားသုံးမှုများလာတော့ ဈေးနှုန်းပိုရတဲ့အတွက် တက်သွားတာပေါ့”

တရုတ်ပြည်ကိုတင်ပို့တဲ့သခွားမွေးဝူခုန်းမှာ တစ်တန်ကို တရုတ်ယွမ်ငွေ ၅၀၀၀မှ ယွမ်ငွေ ၅၅၀၀ ရရှိလာကြောင်း ၊ ရွှေသခွားမှာ တစ်တန်ကို တရုတ်ယွမ်ငွေ ၃၃၀၀ မှ ယွမ်ငွေ ၃၆၀၀ ရရှိ လာ ကြောင်းနဲ့ ဖရဲသခွားမှာ တစ်တန်ကိုတရုတ်ယွမ်ငွေ ၃၆၀၀မှ ယွမ်ငွေ ၃၈၀၀ ရရှိလာကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့သခွားမွေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးကြောင်းလည်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *