⁠ေ⁠ျမလြတ္၊ ⁠ေ⁠မြလပ်⁠နှင့်ေ⁠မြရိုင်းများကို ⁠လျှောက်ထား⁠နိုင်ေ⁠ကြာင်း အသိ⁠ပေးေ⁠ကြ⁠ငြာ⁠ခြင်း

၁။ (၁၁.၉.၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၂၄ဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) အားပြ ဌာန်းပြီး ဖြစ်ပါသည်။

၂။ အဆိုပါ ဥပဒေပုဒ် ၂၂၊ ပုဒ်မခွဲ (ခ) တွင် “ဗဟိုကော်မတီ၏ ခွင့်ပြု မိန့်မရရှိဘဲ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကို ရယူလုပ်ကိုင် အသုံးပြု လျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည်

(၁) မိမိရယူလုပ်ကိုင်သော အသုံးပြုလျှက်ရှိသော မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းဧရိယာ နှင့် ၄င်းတို့နှင့် စပ်လျဉ်းသော အသေးစိတ် အချက် အလက်များကို ပြည့်စုံစွာဖော်ပြပြီး မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ခုနှစ်) ပြဌာန်းသည့်နှေ့မှစ၍ ခြောက်လ အတွင်း သတ်မှတ်ချက်နှင့် အညီ ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့လျှောက်ထားရမည်။

(၂) ပုဒ်မခွဲငယ် (၁)ပါအတိုင်း လျှောက်ထားဆောင်ရွက်ခြင်း မရှိ လျှင်ဖြစ်စေ၊ လျှောက် ထားသော်လည်း ခွင့်ပြုမိန့် မရရှိလျှင် ဖြစ်စေ၊ အဆိုပါ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်။

(၃) ပုဒ်မခွဲငယ် (၁) ပါအတိုင်း သတ်မှတ်ကာလအတွင်း လျှောက် ထားခြင်းမရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ အပေါ် တွင် ဆက်လက်၍ ရယူလုပ်ကိုင် အသုံးပြုလျှင် သော်လည်းကောင်း၊ ယင်းသို့လျှောက်ထားသည့် အခါ ဗဟိုကော်မတီ သို့မဟုတ် သက် ဆိုင်ရာ စီမံခန်`့ခွဲရေး ကော်မတီက ခွင့်ပြုရန် မသင့်သည့်အတွက် အဆိုပါ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများပေါ်မှ ထွက်ခွာဖယ် ရှားစေရန် ညွှန်ကြားသည့် အမိန့်ကို မလိုက်နာဘဲ ဆက်လက် ရယူ အသုံးပြုလျှင် သော်လည်းကောင်း ဤဥပဒေအရ အရေးယူခြင်း ခံရမည် ဟုပြဌာန်း ထားရှိပါသည်။

၃။ အထက်ဖော်ပြပါ ပြဌာန်းချက်အရ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို ခွင့်ပြုမိန့်မရရှိဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို လက်ရှိလုပ်ကိုင် အသုံးပြုလျှက်ရှိသော ပုဂ္ဂိုလ်များနှင့် အဖွဲ့ အစည်းများသည် မိမိရယူ အသုံးပြုလျှက်ရှိသော မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းဧရိယာ များနှင့် သက်ဆိုင်သည့် လိုအပ်သော အချက် အလက်များကို ပြည့်စုံစွာ ဖော်ပြပြီး မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ရရှိရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်၊ ပြဌာန်းသည့်နေ့မှ စ၍ ခြောက်လ အတွင်း ဥပဒေ နှင့် အညီဗဟိုကော် မတီ သို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများသို့ အမှန် တကယ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင် ဆောင်ရွက်ထားရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း များကိုယ်တိုင် လျှောက်ထားကြရန် လို အပ်ပါသည်။

၎။ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို ခွင့်ပြုမိန့်မရရှိဘဲ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို လက်ရှိလုပ်ကိုင် အသုံးပြုလျှက်ရှိသော ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊ ယခုအချိန် ကာလမှစတင်၍ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို လုပ်ကိုင် လိုသော ပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းအနေဖြင့်လည်း လုပ်ကိုင်ခွင့်ပြု မိန့်ရရှိရေးအတွက် အောက်ဖော်ပြပါအတိုင်း လျှောက် ထားနိုင် ပါကြောင်း ကြေငြာအပ်ပါသည်။

(က) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ထက်ပိုသော မြေဧရိ ယာ၊ မွေးမြူရေးလုပ်ငန်း အတွက် ဧက ၅၀ ထက်ပိုသော၊ ဓာတ်သတ္ထု ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရက ခွင့်ပြုထားေ သာ ဥပဒေ နှင့် ညီ ညွတ်သော အခြား လုပ်ငန်းများကို မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ လျှောက်ထားရန်

(ခ) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ အထိ မြေဧရိယာ နှင့် မွေးမြူရေးလုပ်ငန်းအတွက် ဧက ၅၀ အထိ မြေဧရိယာများကို သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရန်

#Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *