BREAKING NEWS

ဟင်းသီးဟင်းရွက်မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေပေးနိုင်ရန် စီစဉ်လုပ်ဆောင်နေ

တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်လုပ် ဆောင်နေကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။

၃နှစ်တာကာလအတွင်းသုတေသနပြုဆောင်ရွက်ခဲ့တဲ့ ဟင်းသီးဟင်းရွက်မျိုး ကောင်းမျိုးသန့်များကို လာမယ့်နှစ်အတွင်းမှာဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လုပ်ဆောင်နေကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းကပြောပါတယ်။

“၂၀၁၉ မှာ ၂၀၁၈ ကတွေ့ရှိတဲ့ပေါ်မူတည်ပြီးတော့ နောက်ဆုံး အတည်ပြုချက်လုပ်ဆောင်ပြီးတော့ မျိုးထုတ်သွားမှာပါ။ ဒီကရတဲ့မျိုးတွေကိုမျိုးစေ့ကော်မတီမှာ အတည်ပြုချက်ယူပြီးတော့ တောင်သူတွေ ကိုလာမယ့်နှစ်အတွင်းမှာ သူတို့ရဲ့လိုအပ်ချက်အရ မျိုးထုတ်ပြီး တော့မျိုးကိုဆက်လက်ဖြန့်ဝေ ပေး သွားမှာပေါ့”

ဟင်းသီးဟင်းရွက်မျိုးကောင်းမျိုးသန့်များဖြန့်ဝေပေးနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်မှ စတင်ကာ ၂၀၁၈ခုနှစ်ထိ သုတေသနပြုဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ မျိုးထုတ်နိုင်ရန်အတွက် လုပ်ဆောင် သွားမှာဖြစ်ကြောင်းလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။

တောင်သူများထံကိုဖြန့်ဝေပေးသွားမယ့်မျိုးများမှာ ခရမ်းချဉ်၊ခရမ်းသီး ၊ ရွှေဖရုံ ၊သခွား ၊ကြက်ဟင်းခါး ၊ဟင်းစားပဲပုပ်မျိုးစတာတွေ ကိုဖြန့်ဝေပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါမျိုးဖြန့်ဝေပေးနိုင်ပေးနိုင်ရေးအတွက် ဂျပန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန ၊ ကမ္ဘာ့မျိုးစေ့ ဌာန နဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်တာဖြစ်ကြောင်း လည်း အဆိုပါဌာနမှသိရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *