BREAKING NEWS

ပဲစဉ်းငုံဈေးနှုန်း မြင့်တက်လာ

ပဲစဉ်းငုံဈေးနှုန်းများ မြင့်တက်လာ

အိန္ဒိယဝယ်လိုအားရှိလာတဲ့အတွက် ပဲစဉ်းငုံဈေးနှုန်းများမြင့်တက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုး စုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

အိန္ဒိယနိုင်ငံမှ ပဲစဉ်းငုံဈေးနှုန်းများ ပြန်တက်လာပြီး ဝယ်လိုအားရှိလာတဲ့အတွက် ဈေးနှုန်းများမြင့် တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောပါတယ်။

“ပဲစဉ်းငုံဈေးနှုန်းက အရင်တစ်ပတ်ထက် ဈေးနှုန်းပြန်တက်လာတယ်။ အိန္ဒိယမှာ ပဲစဉ်းငုံ ဈေး တက်တာလေးပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားတွေ များတာလည်းပါတယ်။ လက်ရှိပဲစဉ်းငုံ (၂၀၁၇) ကအဟောာင်းကတက်နေတာပေါ့”

အိန္ဒိယအစိုးရမှ မြန်မာ့ပဲဝယ်ယူမှုကာလ ကုန်ဆုံးသွားသော်လည်း အခုလက်ရှိအချိန်ထိ အိန္ဒိယ နိုင်ငံမှ ဝယ်လိုအားရှိနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

ပဲစဉ်းငုံဈေးနှုန်းများမှာ ယခင်တစ်ပတ်က တစ်တန်ကို ၇၁၅၀၀၀ကျပ်ရှိရာမှာ ယခုတစ်ပတ်မှာ တစ်တန်ကို ၇၅၅၀၀၀ ကျပ်ထိဈေးနှုန်းမြင့်တက်လာကြောင်း အဆိုပါအသင်းမှသိရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *