BREAKING NEWS

ငရုတ်သီး⁠နှံတွင် အဓိကကျ⁠ရောက် ⁠သော ပိုးမွှားများ

သရစ်ပိုး

သိပ္ပံအမည်  – Thrips tabaci

လက္ခဏာရပ်

ခေါင်ညွှန့်သေခြင်း၊ ပန်းပွင့်များ ရေစိုနာကွက်ဖြစ်၍ အရောင်ပြောင်းခြင်း၊ ပုံသဏ္ဍာန် မမှန်ခြင်းတို့ ဖြစ်မည်။ အရွက်များလိပ်၍ ကုပ်နေသည်ကို တွေ့ရသည်။

ကျရောက်ချိန်

ပျိုးပင်ပေါက်အဆင့်မှ ခူးဆွတ်ရိတ်သိမ်းချိန်ထိ ကျရောက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

ပေါင်းမြက်များရှင်းလင်းပါ။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ ပါ။ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။

ပျပိုး

သိပ္ပံအမည်  – Aphis gossypil

လက္ခဏာရပ်

အပွင့်များ၊ အရွက်များ ပုံသဏ္ဍာန် မမှန်ခြင်း၊ အရောင်ပြောင်း၍ ညိုးသွားခြင်းနှင့် ကြပ်ခိုးမှို များဖြစ်ပေါ်စေနိုင်သည်။ ပင်ပိုင်းကြီးထွားမှု နှေးကွေးပြီး အပင်များပု၍ သေးကွေးခြင်း ဖြစ်ပေါ်မည်။

ကျရောက်ချိန်

ပန်းပွင့်ချိန်၊ အသီးသီးချိန်နှင့် ပင်ဝိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

အပင်များအား လေ၀င်လေထွက်ကောင်စေရန် ကိုင်းခုတ်/ ကိုင်းဖြတ်ခြင်း ပြုလုပ်ပါ။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေး တစ်မျိုးမျိုးပက်ဖျန်းပါ။

မွှားပင့်ကူနီ

သိပ္ပံအမည်

Tetranychus spp.

လက္ခဏာရပ်

အရွက်မျက်နှာပြင်ကို လှီးဖြတ်စုပ်စားသည်။ အပ်ဖျားခန့် အဖြူစက်များတွေ့ရသည်။ ဆိုးဝါးစွာ ကျရောက်ပါက အရွက်များဝါ၍ ခြောက်သွေ့ကုန်သည်။

ကျရောက်ချိန်

အပင်သက်တမ်း တစ်လျောက် ကျရောက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

မွှားပင့်ကူနီသတ်ဆေး အာနိသင်ရှိသော ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *