BREAKING NEWS

တစ်ပတ်အတွင်းဆန်ဈေးနှုန်းတင်ပြချက်

ရန်ကုန်မြို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ဝါးတန်းလမ်းကုန်
စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက် ကားဈေးနှုန်းများ အရဆန်ကြမ်း ၊ ဆန်ချော ဈေးနှုန်း
များမှာငြိမ်နေကြောင်း ဝါးတန်း လမ်း
ကုန်စည်ဒိုင်မှ သိရပါတယ်။

ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၀၀၀ကျပ် ၊ လတ်စတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ကျပ် ၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန် ထိပ်စ
တစ်အိတ်မှာ ကျပ်၄၂၀၀၀၊ လတ်စတစ်အိတ်မှာ ၄၀၀၀၀ ကျပ် ၊  ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်း မှာ
ကျပ် ၃၈၀၀၀၊လတ်စတစ်အိတ်မှာကျပ် ၃၇၀၀၀ တစ်ပတ် အတွင်း ဆန်ချောဈေးနှုန်းများမှာတည်ငြိမ်နေကြောင်း
သိရပါတယ်။

ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ကျပ် ၂၁၂၀၀ ၊ လတ်စ တစ်အိတ် ကို ကျပ် ၂၀၈၀၀ ၊ ငစိန်
ထိပ်စ တစ်အိတ်ကို ကျပ် ၁၉၇၀၀ ၊လတ်စ တစ်အိတ်ကို ကျပ် ၁၉၅၀၀ တစ်ပတ် အတွင်း ဆန်ကြမ်း
ဈေးနှုန်းများမှာတည်ငြိမ်နေကြောင်းသိရပါတယ်။

မိုးသုခရှယ်တစ်အိတ်ကျပ် ၂၆၀၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၅၀၀၀ နဲ့ပြည်ပပို့ဧည့်မထဆန်
၂၅ မှတ် တစ်အိတ်ကျပ်
၁၉၀၀၀၊ လက်စ တစ်အိတ်ကို ၁၈၉၀၀ကျပ် ရှိပြီး ဝါးတန်း လမ်းကုန်စည်ဒိုင်ကို
ဆန်အဝင်ပုံမှန် ရှိနေကာ အရောင်းအဝယ်ပုံ မှန်ရှိ နေကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *