BREAKING NEWS

ကုန်ပစ္စည်းချင်းဖလှယ်သည့် စနစ်ကို တရုတ်နိုင်ငံ နဲ့ MOU ရေးထိုးနိုင်ရန်စီစဉ် လုပ်ဆောင်နေ

မြန်မာလယ်ယာထွက်ကုန်များနဲ့ရေထွက်ကုန်များကိုပစ္စည်းချင်းဖလှယ်ရောင်းချနိုင်ရေးစနစ်ကို တရုတ်နိုင်ငံနဲ့ MOU ရေးထိုးနိုင်ရန် စီစဉ်လုပ်ဆောင်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရပါတယ်။

အခုနှစ်အတွင်းမှာ မြန်မာနိုင်ငံကထွက်ရှိလာတဲ့ရေထွက်ကုန်နဲ့လယ်ယာထွက်ကုန်များကို ပစ္စည်း ချင်းဖလှယ်ပြီးတင်ပို့ရောင်းချနိုင်ရေးစနစ်ကို တရုတ်နိုင်ငံနဲ့ MOU ရေးထိုးနိုင်ရေးအတွက် စီစဉ် လုပ်ဆောင်နေတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်း ဝန်ဦးခင်မောင်လွင်ကပြောပါတယ်။

“ပို့ကုန်အနေနဲ့ဆန်တို့ပြောင်းတို့စတာတွေကို တရုတ်နိုင်ငံဘက်ကို တင်ပို့မယ်။ တရုတ်နိုင်ငံ က နေပြီးတော့ မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ ဓါတ်မီးတို့ စတာတွေကို ကုန်ပစ္စည်း ဖလှယ်တဲ့စနစ်ကို နှစ်ဖက်ညှိနှိုင်း တယ်။MOUရေးထိုးဖို့အတွက်ကို နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေတယ်။ ကျန်တဲ့ဝန်ကြီး ဌာနတွေရဲ့သ ဘောထားတွေလည်းယူပြီးဆောင်ရွက်ပြီးသွားပြီ”

အဆိုပါကုန်ပစ္စည်းဖလှယ်တဲ့စနစ်ကို တရုတ်နိုင်ငံနဲ့ MOU ရေးထိုးနိုင်ရန် အတွက် မကြာခင် ဆောင်ရွက်နိုင်မယ်လို့လည်းမျှော်လင့်ထားကြောင်းအဆိုပါဝန်ကြီးဌာနမှသိရပါတယ်။

ကုန်ပစ္စည်းဖလှယ်တဲ့စနစ်ကို ယူနန်ပြည်နယ်က ကူမင်းမြို့အစိုးရနဲ့ မြန်မာနိုင်ငံက ကုန်သွယ်ရေးဦးစီး ဌာနတို့မှရေးထိုးလုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *