BREAKING NEWS

ပုသိမ်မြို့တွင် ဆန်စပါး မျိုးစေ့ပြပွဲပြုလုပ်ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့မှာကျင်းပမယ့် မျိုးစေ့ပြပွဲကို ဇန်နဝါရီ (၂၄)ရက်နဲ့ (၂၅)ရက်နေ့ တို့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စ ပါးအသင်းချုပ်မှသိရပါတယ်။

တောင်သူများရွေးချယ်စိုက်ပျိုးနိုင်ရန်ကုမ္ပဏီများမှ အရည်အသွေးကောင်းတဲ့ ဆန်စပါးမျိုးစေ့များ ကို ပြသသွားမှာ ဖြစ်ပြီးမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦး မြင့်လွင်ကပြောပါတယ်။

“ဆန်စပါးမျိုးစေ့တစ်ခုတည်းကိုပဲပြသသွားမှာပါ။ဒီဖြင့်သီးနှံမျိုးစေ့တော့မပါဘူး။လယ်သမားတွေရွေး ချယ်လို့ရအောင်၊မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်မယ့်ဟောပြောပွဲတွေလုပ်မယ်။ပြခန်းတွေပါဝင်ပြသသွားမယ်”

အဆိုပါမျိုးစေ့ပြပွဲကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များ တက် ရောက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါပြပွဲကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ WHH အဖွဲ့တို့မှပူးပေါင်းကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *