BREAKING NEWS

(၁၈)ကြိမ်မြောက်ပန်းမာန်ပြိုင်ပွဲ၊ပြပွဲ  ပြုလုပ်ကျင်းပသွားမည်

ရန်ကုန်မြို့တော်ဝန်ဖလား (၁၈)ကြိမ်မြောက်ပန်းမာန်ပြိုင်ပွဲ ၊ ပြပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး သဘာဝဥယျာဉ်မှာပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါပြပွဲမှာ သဘာဝပတ်ဝန်းကျင်စိမ်းစိုရေးအတွက်ပြပွဲ၊ပြိုင်ပွဲကို ပြုလုပ်ကျင်းပတာဖြစ်တယ်လို့ ပီတိပျိုးခင်း(Bliss Nusery)မှ ပြခန်းပါဝင်ပြသသွားမည့် ဒေါ်ခိုင်ဇာလင်းကပြောပါတယ်။

“သစ်ခွတို့၊ဝါးတို့နဲ့အခြားသစ်ပင်ပန်းမာန်တွေပါပြသသွားမှာပါ။သဘာဝပတ်ဝန်းကျင်လှပဖို့အတွက် Indoor အပင်ပြခန်းနဲ့ မြန်မာ့ဆေးဖက်ဝင်အပင်များပါပါဝင်ပြသသွားမှာပါ၊ပြခန်းကတော့စုစုပေါင်း(၁၈ )ခန်းလောက်ပါဝင်ပြသသွားမှာပါ”

အဆိုပါပြိုင်ပွဲ ၊ ပြပွဲကို ဇန်နဝါရီ (၁၈)ရက်မှဇန်နဝါရီ (၂၂)ရက်ထိပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းသိ ရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *