BREAKING NEWS

မြန်မာ့ထောပတ်သီးအရည်အသွေးကောင်းထွက်ရန်အတွက် စီစဉ်လုပ်ဆောင်နေ

မြန်မာ့ထောပတ်သီးအရည်အသွေးကောင်းထွက်လာရန်အတွက် အစီအစဉ်များလုပ်ဆောင်နေ ကြောင်း မြန်မာနိုင်ငံထောပတ်အသင်းမှသိရပါတယ်။

မြန်မာ့ထောပတ်သီးမျိုးများကိုလာမယ့်နှစ်များမှာ  အရည်အသွေး ကောင်း တဲ့ မျိုးများ ထွက် လာ စေနိုင်ဖို့အတွက် လှုပ်ရှားမှုအစီအစဉ်များလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံထောပတ်အသင်းမှ ဥက္ကဌ ဒေါ်စန္ဒာမျိုးကပြောပါ တယ်။

“အခုဒီနှစ်ကအသီးကမနှစ်ကထက်ပိုထွက်ပြီးတော့ ပယ်သီးကလည်းအရမ်းကျတယ်။ ပယ်သီးကျသွား တယ် ၊ သံချေးတတ်တယ်မလှဘူးဆိုဒ်စုံဖြစ်တဲ့ဟာတွေက တစ်ပိဿာကျပ် ၄၀၀လောက်ကနေ ၁၅၀ထိပြုတ်ကျသွားတော့ အရည်အသွေးကောင်းအသီးထွက်ဖို့အတွက် လှုပ်ရှားဖို့အစီအစဉ်တွေဆွဲ နေတယ်”

ထောပတ်ခြံစိုက်ခင်းများကိုလည်း  ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP ) လက်မှတ်ရရှိ စေနိုင်ရေးအတွက် စီစဉ်လုပ်ဆောင်နေကြောင်း လည်းသိရ ပါတယ်။

မြန်မာ့ထောပတ်ကို တရုတ်နဲ့ထိုင်းနိုင်ငံ များကို တင်ပို့နေကြောင်းလည်း အဆိုပါအသင်းမှ သိရပါ တယ်။




Leave a Reply

Your email address will not be published. Required fields are marked *