BREAKING NEWS

အရည်အသွေးမြင့်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာလိုအပ်ချက်များရှိပါက ဆက်သွယ်နိုင်

 ကော်ဖီသီးထွက်ရှိမှု ရာသီရောက်ရှိနေတဲ့အတွက် အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုနည်း ပညာနဲ့ပတ်သတ်၍ လိုအပ်ချက်များရှိပါက ဆက် သွယ်စုံစမ်းမေးမြန်းနိုင် ကြောင်း ကော်ဖီရာ သီသီး နှံဌာနခွဲမှသိရပါတယ်။
ကော်ဖီစိုက်တောင်သူများမှ အရည်အသွေးမြင့်ကော်ဖီထုတ်လုပ်ရန် အတွက်နည်း ပညာလို အပ် ချက် များရှိပါက အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင် ကြောင်း ကော်ဖီရာသီသီးနှံဌာနခွဲမှ ညွှန်ကြား ရေး မှူး ဦးမြင့်ဆွေကပြောပါတယ်။
“တောင်သူလိုတာမေးလို့ရှိရင်ဖြေပေးမယ်။နည်းပညာနဲ့ပတ်သတ်ပြီးမေးရင်ဖြေပေးမယ်။အခုကရာသီ အချိန်ဆိုတော့ အရည်အသွေးမြင့်တဲ့ကော်ဖီထုတ်ဖို့ဆိုလို့ရှိရင် ပြီးတော့ အသီးခူးတဲ့အခါကျလို့ရှိရင် လိုက်နာရမယ့်အချက်တွေရှိတယ်။အဲတော့သူတို့သိချင်တာတွေရှိလို့ရှိရင်ဖြေလို့ရတာပေါ့။အချိန်မ ရွေးဆက်သွယ်မေးမြန်းလို့ရပါတယ်”
အခုကော်ဖီရာသီမှာလည်း ကော်ဖီစိုက်ဧကအများဆုံးရှိရာဒေသများမှာ ကော်ဖီထုတ်လုပ်မှု နည်းပညာ များသင်တန်း ပို့ချပေးနေကြောင်းလည်းသိရပါတယ်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများကိုတောင်သူများသိရှိလိုပါက သက်ဆိုင်ရာခရိုင် ၊ မြို့ နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးများ နဲ့ကော်ဖီရာသီသီးနှံဌာနခွဲသို့မေးမြန်းစုံစမ်းနိုင်ပြီး ဖုန်းနံပါတ် ၀၆၇-၄၃၁၃၁၅ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *