BREAKING NEWS

မှိုမျိုးများ⁠ဖြန့်⁠ဖြူး⁠နိုင်⁠ရေးအတွက် ⁠ဆောင်ရွက်သွားမည်

တောင်သူများထံကို မှိုမျိုးများဖြန့်ဖြူးနိုင်ပေးရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကရင်ပြည် နယ်စိုက်ပျိုး ရေး ဦးစီး ဌာနမှသိရပါတယ်။

ကောက်နှင်းမှိုနဲ့ငွေနှင်းမှိုမျိုးများဖြန့်ဖြူးနိုင်ရေးအတွက် မျိုးစေ့ ထုတ်ပညာများ ကို ဝန်ထမ်းများအား သင်တန်းပို့ချပေးနေ ပြီဖြစ်ကြောင်းကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းလှိုင် ဦးကပြောပါတယ်။

“ကရင်ပြည်နယ်မှာ မှိုကိုစီးပွားဖြစ်ရောတစ်ပိုင်တစ်နိုင်ရော တွန်းအားပေးပြီးဆောင်ရွက်နေပါပြီ။ စိုက်ပျိုးရေးဦးစီးဌာနရုံးတိုင်းမှိုမွေးပါပြီ။ဝန်ထမ်းတိုင်းမှိုမျိုးစေ့ထုတ်တဲ့ပညာကိုသင်နေပါပြီ။ မှိုမွေးမြူရေးစခန်းလည်းတည်ဆောက်ပြီးပါပြီ။မျိုးမျိုးများဖြန့်ဖြူးနိုင်ရေးအတွက်လည်းသင်တန်းတွေပေးနေပါပြီ။ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ဖို့အတွက်လည်းတွန်းအားပေးနေပါတယ်”

ဘားအံ့ ၊ လှိုင်းဘွဲ့ ၊သံတောင်ကြီး ၊ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီး ၊ မြဝတီ ၊ဖာပွန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနများနဲ့ခြံများမှာ မှိုများဝယ်ယူနိုင်ကြောင်းနဲ့ သင်တန်းများပို့ချပေးနေကြောင်း လည်းသိရပါတယ်။

မှိုမျိုးများဖြန့်ဖြူးနိုင်ရေးအတွက်လည်း မှိုလုပ်ငန်းရှင် ၊ တိုင်းရင်းသားပြည်သူနဲ့စိုက်ပျိုးရေးဦးစီးဌာ နတို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းအဆိုပါဌာနမှသိရပါတယ်။

ထွက်ရှိလာတဲ့မှိုများကိုလည်းထိုင်း – မြန်မာနယ်စပ်တစ်လျှောက်တင်ပို့ရောင်းချနိုင်ရန်စီစဉ်နေ ကြောင်းလည်းကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *