BREAKING NEWS

မြန်မာ့ပဲမျိုးစုံတင်ပို့မှု ယခင်နှစ်ထက်တန်ချိန် နှစ်သိန်းဝန်းကျင်ပိုမိုတင်ပို့နိုင်

မြန်မာ့ပဲအမျိုးမျိုးတင်ပို့မှုအတွက် ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် နှစ်သိန်းဝန်းကျင်ပိုမို တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ယခင်ဘဏ္ဍာနှစ်ကာလနဲ့နှိုင်းယှဉ်ပါကပဲမျိုးစုံတန်ချိန်မှာ အောက်တိုဘာလ မှစကာ ပိုမို တင်ပို့နိုင် တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်ကပြောပါတယ်။

“ပဲအမျိုးမျိုးတင်ပို့မှုကကာလတူနဲ့စာလို့ရှိရင် မနှစ်ကတော့အခက်အခဲကတော့ တော်တော်ဖြစ်တာ ပေါ့။ ဒီနှစ်ကတော့ အောက်တိုဘာကနေစပြီး နှစ်သိန်းဝန်းကျင် လောက်ပိုမိုတင်ပို့နိုင်တယ်။အိန္ဒိယက ပြန်ဝယ်လာလို့ပိုတင်ပို့နိုင်တာပေါ့”

အိန္ဒိယအစိုးရဘက်မှ ရာသီဥတုဖောက်ပြန်မှုဖြစ်ခဲ့တဲ့အတွက် မြန်မာ့မတ်ပဲနဲ့ပဲစဉ်းငုံတို့ကို ပိုမို ဝယ် ယူနိုင်ခဲ့ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှာ မတ်ပဲနှင့်ပဲတီစိမ်းတန်ချိန်စုစုပေါင်း (၃)သိန်းကို အိန္ဒိယနိုင်ငံကဝယ်ယူ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

မြန်မာ့ပဲကိုအိန္ဒိယ၊ ဒူဘိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း တင်ပို့နေကြောင်းသိရပါတယ်။

#Pissaya_Info(အေးအေးကျော်)





Leave a Reply

Your email address will not be published. Required fields are marked *