BREAKING NEWS

Organic PGS Certification and Special Educative Talk သင်တန်းဖွင့်မည်

Organnic PGS Certification and Special Educative Talk သင်တန်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တစ်ရက်သာ ပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာအော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများအ သင်းမှ သိရပါတယ်။

အဆိုပါသင်တန်းမှာ ပညာရှင်တွေမှ စိုက်ပျိုးရေးပညာရပ်များကို လာရောက်ပို့ချသွားမှာဖြစ်ကြောင်း သင်တန်းစီစဉ်သူ ဒေါ်ဆုစန္ဒီလတ်ကပြောပါတယ်။

“အဲဒီသင်တန်းမှာ စိုက်ပျိုးရေးပညာရှင်တွေကနေပြီးတော့ သူတို့ရဲ့ဗဟုသုတတွေကို တောင်သူတွေ ကိုလာရောက်သင်ကြားပို့ချသွားမှာဖြစ်ပါတယ်”

အဆိုပါသင်တန်းမှာ စိုက်ပျိုးရေးပညာရှင်(၃၀)ကျော်တက်ရောက်ဟောပြောပို့ချသွားမှာ ဖြစ်ကြောင်း လည်းသိရပါတယ်။

တောင်သူများအနေနဲ့လည်း  မိမိနေထိုင်ရာဒေသမှ မျိုးစေ့များကိုအချင်းချင်းဖလှယ်နိုင်တဲ့အစီအစဉ် လည်း ပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာအော်ဂဲနစ်စိုက်ပျိုးထုတ် လုပ်သူများအသင်းတို့ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းသိရပြီး ဒီဇင်ဘာလ ၂၈ရက်နေ့ နောက် ဆုံးထား ဆက်သွယ် နိုင်ကြောင်းသိရ ပါတယ်။

Organnic PGS Certification and Special Educative Talk သင်တန်းကို တက်ရောက် လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉- ၅၁၃၃၅၄၂ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။

#Pissaya_Info(အေးအေးကျော်)




Leave a Reply

Your email address will not be published. Required fields are marked *