BREAKING NEWS

မြန်မာ့ဆန် ဖိလစ်ပိုင်ဈေးကွက်သစ်ကို စတင်တင်ပို့

မြန်မာ့ဆန်ကို ဖိလစ်ပိုင်ဈေးကွက်သစ်ကို ယခုလအတွင်းမှစတင်တင်ပို့နေတာဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။

ဖိလစ်ပိုင်အစိုးရနဲ့ မြန်မာအစိုးရအချင်းချင်းဆွေးနွေးပြီးတော့ ၂၀၁၈ခုနှစ်ဒီဇင်ဘာလလအတွင်းမှာ စတင်တင်ပို့တာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အ တွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။

“ဒီလထဲမှာစဆောင်ရွက်နိုင်တယ်။ဖိလစ်ပိုင်နဲ့ဆွေးနွေးပြီးတော့ စတင်ပို့နေတယ်။ လက်ရှိမှာ တော့ ဈေးကွက်သစ်ဆိုတော့စတင်ပို့နေပြီ။ အခုဆိုပင်လယ်ရေကြောင်းကနေဈေးကွက်သစ် တွေဖြစ်တဲ့ ဖိလစ်ပိုင် ကိုတင်ပို့နေပါတယ်”

ယခုဘဏ္ဍာနှစ်အတွင်း ဖိလစ်ပိုင်ကို မြန်မာ့ဆန် တန်ချိန် (၅၀၀၀၀)တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။

ယခင်ဘဏ္ဍာနှစ်ကလည်း မြန်မာ့ဆန်ကိုဖိလစ်ပိုင်နိုင်ငံက ကမ်းလှမ်းမှုရှိခဲ့သော်လည်း  သတ်မှတ်ဈေး နှုန်းထက်မကိုက်ညီတဲ့အတွက် မတင်ပို့နိုင်ခဲ့ကြောင်း အဆိုပါဌာနမှသိရပါတယ်။

#Pissaya_Info(အေးအေးကျော်)




Leave a Reply

Your email address will not be published. Required fields are marked *