BREAKING NEWS

ကန်စွန်းဥစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးမှုမြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပသွား မည်

ကန်စွန်းဥစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးမှုမြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကို  ဒီဇင်ဘာ ၂၆ ရက်နေ့ ၊ ဂန္ဓမာဟိုးဆေးမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း You & I အထွေထွေသမဝါယမ အသင်းလီမိတက်မှသိရပါတယ်။

မြန်မာနိုင်ငံမှာကန်စွန်းဥစိုက်ပျိုးတိုးတက်လာဖို့နဲ့စားသုံးမှုများပြားလာဖို့အတွက်ရည်ရွယ်ပြီးအဆိုပါ ပွဲကိုလုပ်ဖြစ်တာဖြစ်ကြောင်းYou & I အထွေထွေသမဝါယမအသင်းလီမိတက်မှ အတွင်းရေးမှူး ဒေါ်တင်ဇာကပြောပါတယ်။

“ကန်စွန်းဥစိုက်ပျိုးမှုတိုးတက်လာဖို့ရယ်၊ကန်စွန်းဥစိုက်ပျိုးမှုများပြားလာဖို့ရယ်စိုက်ပျိုးမှုရောစားသုံး မှုရောပြောင်းလဲဖို့အတွက် ရည်ရွယ်ပြီးလုပ်တာပါ။ တောင်သူတွေအတွက်လည်း ကန်စွန်းဥမျိုး များနဲ့ ကန်စွန်းဥနဲ့ပတ် သတ်လို့တစ်ပိုင်တစ်နိုင်ဘာတွေလုပ်လို့ရလဲဆိုတာလည်း ပြောပေးသွား မှာပါ။ ဒီပွဲ လေးကကန်စွန်းဥ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံးလုပ်ဖြစ်တာပါ”

အဆိုပါကန်စွန်းဥစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးမှုမြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားပွဲကို နံနက်၉နာရီခွဲမှ နေ့လည် ၁၂နာရီထိပြုလုပ်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

အဆိုပါပွဲမှာ ကန်စွန်းဥစိုက်ပျိုးထုတ်လုပ်တောင်သူများနဲ့ ပို့ကုန်လုပ်ငန်းရှင်များအကြားတိုက်ရိုက် တင်ပို့ရောင်းချနိုင်ရန်ဆက်စပ်ပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

စိုက်သင့်တဲ့ ကန်စွန်းဥမျိုးများကိုလည်း တောင်သူများထံကိုချပြပေးသွားမှာဖြစ်ပြီး ကန်စွန်းဥနဲ့ပတ် သတ်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်များကိုလည်း ပြသသွားမှာဖြစ်ကြောင်းသိရပါတယ်။

#Pissaya_Info(အေးအေးကျော်)




Leave a Reply

Your email address will not be published. Required fields are marked *