BREAKING NEWS

မျိုးစေ့ဆိုင်ရာ လမ်းညွှန်ဝဘ်ဆိုဒ် Myanmar Seed Portal ဖွင့်ပွဲကျင်းပ

သီးနှံမျိုးစေ့ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ဆိုင်ရာ လမ်းညွှန်ဝဘ်ဆိုဒ် Myanmar Seed Portal ဖွင့်ပွဲကို ဒီကနေ့မှာ နေပြည်တော်ရှိ Grand Amara ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ ကြောင်းစိုက်ပျိုးရေးဦးစီးဌာနမှ၊ မျိုးစေ့ဌာနခွဲမှ သိရပါတယ်။

မျိုးစေ့လုပ်ငန်းကိုလုပ်ဆောင်နေသူများအတွက်နဲ့မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ပေးနိုင်ရန်အတွက်ရည်ရွယ်ဖွင့်လှစ်ပေးတာဖြစ်တယ်လို့  မျိုးစေ့ဌာနခွဲမှညွှန်ကြားရေးမှူး    ဦးသက်ဇင်မောင်ကပြောပါတယ်။

“ဒီဝဘ်ဆိုဒ်ကြီးကို လုပ်လိုက်ရတဲ့အတွက် ပွင့်လင်းမြင်သာမှုရှိတယ်။မျိုးစေ့လုပ်ငန်းကိုလုပ်ဆောင်နေ သူအားလုံးကိုလည်း လွယ်ကူစွာဆောင်ရွက်နိုင်တဲ့အခြေအနေကောင်းကိုဖန်တီးပေးပြီးတော့ မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ပေးမှာဖြစ်တယ်”

မျိုးစေ့ဥပဒေလုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်များနဲကစပ်လျဥ်းတဲ့သတင်းအချက်အလက်အားလုံး ကိုတစ်နေရာတည်းတွင်ရရှိနိုင်စေရန် ၊ မျိုးစေ့အသိအမှတ်ပြုလက်မှတ်ရရှိပြီးသောမျိုးများ ၊ မျိုးစေ့လုပ် ငန်းလိုင်စင်ရရှိပြီးသူများနဲ့ လိုင်စင်ကြေးများရဲ့နောက်ဆုံးရသတင်းအချက်အလက်များကို သိရှိနိုင် ရန်၊ မျိုးစေ့အသိအမှတ်ပြုလက်မှတ်၊မျိုးစေ့လုပ်ငန်းလိုင်စင်၊ မျိုးစေ့တင်သွင်း ၊ တင်ပို့ခြင်း လုပ်ငန်း များအား အွန်လိုင်းမှတစ်ဆင့်လျှောက်ထားနိုင်ကြောင်းရည်ရွယ်ဖွင့်လှစ်တာဖြစ်ကြောင်းလည်း သိရ ပါတယ်။

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီမှ ချမှတ်ထား တဲ့အမိန့်နဲ့ညွှန်ကြားချက်များကို အချိန်နဲ့ တစ်ပြေး ညီသိရှိနိုင်စေရန် ၊ မျိုးစေ့ဥပဒေလုပ်ထုံး လုပ်နည်း နဲ့လုပ်ငန်းစဉ်များအား အစိုးရဝန်ထမ်းများ မျိုးစေ့ လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံလိုသောပြည်တွင်းပြည်ပ မျိုးစေ့ကုမ္ပဏီများ၊ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ၊သုံးစွဲသူတောင်သူလယ်သမားများသိရှိနိုင်စေရန်ရည်ရွယ်ဖွင့်လှစ်တာဖြစ်ကြောင်းလည်းအဆိုပါ ဌာနမှသိရပါတယ်။

မျိုးစေ့ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများမျိုးစေ့ဆိုင်ရာအချက် အလက်များကို စိုက်ပျိုးရေး ဦးစီးဌာန ၊ မျိုးစေ့ဆိုင်ရာ လမ်းညွှန်ဝဘ်ဆိုဒ်ဖြစ်တဲ့ www.myanmarseedportal.gov.mmမှာ ဝင်ရောက်လေ့လာနိုင်ကြောင်းလည်းသိရပါတယ်။

#Pissaya_Info(အေးအေးကျော်)





Leave a Reply

Your email address will not be published. Required fields are marked *