BREAKING NEWS

အရွက်များ အဝါ⁠ရောင် ⁠ဖြစ်⁠ပေါ်⁠စေသည့် အေ⁠ကြာင်းအရင်းများ

ကမ္ဘာပေါ်မှာရှိတဲ့ အပင် မျိုးစိတ်များစွာရဲ့ အရွက်တွေက များသော အားဖြင့်တော့ အစိမ်းရောင် များ ဖြစ်ကြပါတယ်။

အရွက်တွေကို အစိမ်းရောင်အဖြစ် မြင်တွေ့ နေရသည်မှာ ကလို ရိုဖီး( Chlorophyll )ဟု ခေါ်သော ရောင်ချယ်ဆေး ( Pigment )ကြောင့်ဖြစ်ပါတယ်။

အပင်များတွင် ကလိုရိုဖီး( Chlorophyll ) ရှိနေရသည့် အကြောင်းအရင်း – အပင်တို့တွင် ကလိုရိုဖီး ရှိနေရသည်မှာ အပင်အတွက်လိုအပ်သော စွမ်းအင်ကို ပြုလုပ်ရန်နေရောင်ခြည် ကို ရယူခြင်းဖြစ်သည်။ အစိမ်းရောင်ရှိသော အပင်တို့သည် နေ့အချိန်အလင်းရောင်ရှိခိုက် ကာဘွန်ဒိုင်အောက်ဆိုဒ် နှင့် ရေ ကို ရယူပြီး အခြေခံသကြား ဂလူးကိုစ် ( Glucose ) ဖွဲ့စည်းသော ဖြစ်စဉ်ကို အလင်းမီ အစာစုဖွဲ့ခြင်း( Photosynthesis )ဟုခေါ်သည်။

နေ မှ ရရှိသော ဖြာထွက်အလင်းရောင် ( Radiant light )တွင် ရောင်စဉ်( Spectrum ) ခုနှစ် မျိုး ပါရှိသည်။ ၎င်း ရောင်စဉ်များမှ အနီရောင်နှင့် အပြာရောင်တို့သည် ယင်း ဖြစ်စဉ်အတွက် အရေးပါဆုံးသော အရောင်များဖြစ် သည်။ ကလိုရိုဖီး(Chlorophyll) ရောင်ချယ်ဆး( Pigment )က ရှိပြီးသားမို့ ပြန်ကန်လွှတ် သည့်အခါ ကျနော်တို့အနေဖြင့် အပင်များကို အစိမ်းရောင်အဖြစ် တွေ့မြင် ရခြင်းဖြစ်သည်။

အပင်များတွင် အစိမ်းရောင်ချယ်ဆေး ကလိုရိုဖီး( Chlorophyll ) ရှိမှသာလျှင် အပင်သည် အလင်းမီ အစာစုဖွဲ့ခြင်း ( Photosynthesis )ဖြစ်စဉ်ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

အရွက်များ အဝါရောင်ဖြစ်ရသည့် ဇာစ်မြစ်များ အပင်များကို မူမှန်အခြေအနေတွင် အစိမ်းရောင် အဖြစ် မြင်တွေ့ရသည်။ သို့သော် အစိမ်းရောင်မှ တခြားသော အရောင် တစ်မျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားပါက ဖြစ်ရိုးဖြစ်စဉ် ဟုတ်/မဟုတ် လေ့လာဆန်းစစ်ရန် လိုအပ်လာပါသည်။

တချို့သော အပင်မျိုးစိတ်များတွင် နှစ်စဉ်နှစ်တိုင်း သူ့ရာသီ ချိန်ရောက်လာပါက အရွက်များ ရင့်ရော်သွားပြီး အစိမ်းရောင်မှ အဝါရောင်၊ အညိုရောင် အဖြစ်သို့ တဖြည်းဖြည်း အရောင်ပြောင်း သွားပြီးနောက်ကြွေကျသွားလေ့ရှိ သည်။ ထိုကဲ့သို့ အရွက်ကြွေ ရာတွင် သူ့ရာသီချိန် ရောက်တိုင်း အပင်ပေါ်၌ရှိသော
အရွက်အများအားလုံး တပြိုင်နက်တည်း ကြွေကျလေ့ရှိသည်။ တခါတရံ အပင်မျိုးစိတ်တချို့သည် အရွက်ကြွေရမည့် ကာလနှင့် တိုက်ဆိုင်နေသော်လည်း အပင်ပေါ်ရှိ အရွက်အားလုံး ကြွေကျခြင်း မရှိပဲ တချို့တဝက် ကျန်ရှိနေတာ တွေ့ရသည်။ ပုံမှန်အတိုင်း နှစ်စဉ် အရွက်ကြွေတဲ့ အပင်မျိုးစိတ်တွေက ဆောင်းအကုန် နွေဦးပေါက်မှာ အရွက်ကြွေကျလေ့ရှိသည်။

ထိုပြင် အပင် သက်တမ်းတိုပြီး ရာသီခံပင် မျိုးစိတ်တွေကတော့ သူ့ရာသီချိန်ရောက်လာရင်အရွက်တွေ စိမ်းရာမှ ဝါသွားပြီး ကျသွား တာမျိုး တွေ့ရသည်။ ထိုသို့ နှစ်စဉ် ရွက်ကြွေပင် မျိုးစိတ်တွေ
အရွက်ြေ ကွကျမှုသည် ၎င်းတို့ ပေါက်ရောက် ရှင်သန်ရာ ဒေသရာသီဥတု အခြေအနေပေါ်မူတည်နေသည်။

နောက်တစ်မျိုးက အမြဲစိမ်းအပင်တွေ အမြဲစိမ်းတောတွေမှာ ရှင်သန်ပေါက်ရောက်တဲ့ အမြဲစိမ်း အပင်တွေကတော့ နှစ်စဉ် ရွက်ကြွေပင် မျိုးစိတ်တွေလို မဟုတ်ပဲ အပင်ပေါ်မှာရှိတဲ့
အရွက်တွေက သူ့သက်တမ်းပြည့်တာနဲ့ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းသွားပြီးကြွေကျသွားလေ့ရှိသည်။

ရွက်ကြွေပင်များကဲ့သို့ တပြိုင်နက်တည်း ကြွေကျလေ့ မရှိချေ။ အိုမင်းရင့်ရော်သွားသောအရွက်တို့သာ ကြွေကျလေ့ရှိသည်။ အထက်ဖော်ပြပါ အရွက်ကြွေခြင်းမျိုး ဖြစ်ပေါ်ခြင်း သည် ပုံမှန်ဖြစ် ရိုးဖြစ်စဉ် အခြေအနေ တစ်ခုသာဖြစ်၍ အရွက်များ ကြွေကျခါနီး အရောင်ပြောင်းခြင်းသည် သဘာဝအတိုင်း
ဖြစ်ကြောင်း သိစေအပ်သည်။ သဘဝအတိုင်း အိုမင်းလာသော အပင်တို့သည်လည်း အရွက်များ အရောင်ပြောင်းပြီးနောက် သေဆုံးလေ့ရှိသည်။

ဖော်ပြပါ အခြေအနေမျိုးနှင့် ခြားနားလျှက် ကျွန်ုပ်တို့ စိုက်ပျိုးထားသော အပင်များသည် ပုံမှန်အတိုင်း ရှင်သန် ကြီးထွားနေရာမှ အရွက်များသည် အစိမ်းရောင်ကနေ ဘာ့ကြောင့် အဝါရောင်အဖြစ် ပြောင်းသွားရတာလဲ?
” Why are my plants turning yellow? “
ထို့ကဲ့သို့ ဖြစ်စဉ်အား အပင်စိုက်ပျိုးကြသူတိုင် တွေ့ကြုံနေရသော သဘာဝမဟုတ်သည့် ဖြစ်စဉ် ဖြစ်သောကြောင့် အဖြေ ရှာရန် လိုအပ်သည်။ သဘာဝအတိုင်း မဟုတ်ပဲ အရောင်ပြောင်းသွားတဲ့ ဖြစ်စဉ်ကို ရောင်ပျယ် ကွက်( Chlorosis )များ ဖြစ်လာခြင်း ဟုခေါ်သည်။ အရွက်များ အဝါရောင်ဖြစ်ခြင်းသည်မကျမ်းမာေ သာ အပင်တွေရဲ့ေ ရာဂါလက္ခဏာ( Symptom)ဟု ပြောလို့ရ၍ အပင်တွင် ကျမ်းမာရေး ပြဿနာတစ်ခုခု ရှိနေကြောင်းထောက်ြ ပနေခြင်းဖြစ်သည်။

၁။ နေရောင်ခြည် လုံလောက်စွာ မရရှိခြင်း –

အပင်တွေဟာ နေရောင်ခြည် လုံလောက်စွာ မရတဲ့ အတွက်ကြောင့် အစိမ်းရောင်ချယ်ကလိုရိုဖီး( Chlorophyll ) နည်းပါးလို့ အရောင်ပြောင်းလာခြင်း ဖြစ်သည်ဟု ယေဘုယျ သက်မှတ်နိုင်ပါသည်။

နေရောင်ခြည် တိုက်ရိုက်မရရှိသောလောင်းရိပ်အောက် ရောက်နေ သည့် အပင်၏ အရွက်များသည် အဝါရောင်ဖြ စ်ပေါ်နိုင်သည်။ နေရောင်ခြည် လုံလောက်စွာမရရှိပါက ရေနှင့် အာဟာရဓာတ်များ ရရှိနေသည့် တိုင် အပင် များကြီးထွားဖွံ့ဖြိုးမှု မရှိနိုင်ပါ။ အပင်ပေါ်ရှိ အရွက်အားလုံး၏၅၀ ရာခိုင်နှုန်းခန့် နေရောင်ခြည် ရရှိနေပါက ရှင်သန် ဖွံ့ဖြိုးနိုင်ပြီး နေရောင်ခြည် မလုံလောက်သော အခြေအနေ ဖြစ်သည့်တိုင် အသက်ရှင်နိုင်ကြသည်။ သို့သော် ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။အကြောင်းမှာ အပင်ပေါ်ရှိ စိမ်းသောအရွက်များ က အာဟာရ အရင်းအမြစ် များကိုအခြားသော အပင်အစိတ်အပိုင်း အသီးသီးသို့ထောက်ပံ့ ပေးပို့ နိုင်စွမ်းရှိ၍ ဖြစ်သည်။ပုံစံအားဖြင့် အရွက်တွင် ဖုန်မှုန့်များ၊ ရွှံ့ များပေ ကျံနေ သည့်တိုင် အသက်ရှင်ဖို့အတွက် ကလိုရိုဖီးရှိသော အရွက်တို့က ချက်လုပ်ပြီး အာဟာရများကို ထောက်ပံ့ပေးခြင်းနှင့် သဏ္ဌာန်တူသည်။

နေရောင်ခြည် လုံလောက်စွာ မရရှိပါကအပင်များ ကြီးထွားဖွံ့ဖြိုးရန် အဟန့်အတားဖြစ်စေနိုင်သည်။ အရွက်များ အောက်သို့ငိုက်ကျပြီး ညှိုးနွမ်းနေလျှင် အလင်းရောင်လုံလောက်မှုမရှိကြောင်း သိနိုင်သည်။ အပင်များစွာတို့သည် နေ့တနေ့အတွက် အလင်းရောင် ၈ နာရီခန့် ရရှိက ကောင်းမွန်၍ ၆ နာရီထက်မ နည်း ရသင့်သည်။ အပင်မျိုးစိတ်အလိုက် အလင်းရောင်လိုအပ်ချက် မတူညီပါ။ ထို့ကြောင့်ပင်အလင်းရောင် လိုအပ်ချက်အလိုက်နေ့တာတို အပင်( ပဲပုပ်၊ ဆေးရွက်ကြီး၊ဒေလီယာပန်း )၊ နေ့တာရှည် အပင်( မုန်လာဥ၊ ဘိန်း၊ ခါကြက်ဥ၊ ကြက်သွန်နီ )၊နေ့တာ သမ အပင်( ဝါဂွမ်း၊ အာလူး၊ သခွားသီး ခရမ်းချဉ်သီး ) ဟူ၍ ကွဲပြားနေသည်။

ခရမ်းချဉ်၊ သခွားသီး ကဲ့သို့သော သီးနှံတို့သည်တစ်နေ့ အလင်းေ ရာင် ၆ နာရီ အနည်းဆုံးရရှိရန် လိုအပ်သည်။

၂။ အပူချိန်( Temperature )

ပူခြင်း၊ အေးခြင်းသည်အရွက်၏အရောင်ကိုပြောင်းလဲနိုင်စွမ်းရှိသည်။ အပင်များ ကြီးထွားဖွံ့ဖြိုး ရန် သင့်လျော် သောအပူချိန် လိုအပ်၍ အပင်၏ ဇီဝကမ္မဆိုင်ရာဖြစ်စဉ်များအတွက် အပူ စွမ်းအင်သည်များစွာ အရေးပါသည်။ အပူချိန် နိမ့်လွန်းခြင်း၊မြင့်မားလွန်းခြင်း စသည့် အခြေအနေများသည်အပင်ဖြစ်ထွန်းမှုကို နှေးကွေးစေနိုင်သည်။
အပူပိုင်းဒေသပေါက်အပင်များသည်အေးသော အပူချိန်တွင် အရွက်များ၏ အရောင်သည် ပြောင်းလဲသွားလေ့ရှိသည်။

အပင်များစွာတို့အတွက်(Photosynthesis) ကောင်းစွာဖြစ်ရန် လိုအပ်သောအပူချိန်မှာ၂၀ မှ ၄၅ ဆင်တီဂရိတ်အတွင်းဖြစ်သည်။ အကောင်းဆုံးအပူချိန်မှာ ၃၅ ဒီဂရီ ဆင်တီဂရိတ် ဖြစ်သည်။
အပင်တစ်မျိုးနှင့် တစ်မျိုး အပူချိန်လိုအပ်ချက် မတူညီသလို အပင်တစ်မျိုးတည်း၌ပင် အပူချိန် လိုအပ်ချက် မတူညီပါ။

၃။ ရေ ( Water )

Photosynthesis ဖြစ်ရန် ရေသည် အရေးကြီးသော ကုန်ကြမ်ြး ဖစ်သည်။ အပင်များ ရှင်သန်ကြီးထွားရန် သင့်တင့်သောအစို ဓာတ်ရရှိရန် လိုအပ်သည်။သို့သော် ရေ လိုအပ်သည့် ပမဏထက်
များလွန်းခြင်း၊ နည်းလွန်းခြင်းများ ဖြစ်နေပါကအရွက်များ အရောင်ပြောင်းလာနိုင်သည်။အထူးသဖြင့် အပင်ခြေ မြေကြီးတွင် ရေဝပ်ခြင်း သို့မဟုတ် အစိုဓာတ် စိတ်ဖိစီးခြင်း Moisture stress )နှင့် ရေစိမ့်ဆင်းမှု မကောင်းခြင်းတို့ကြောင့် အရွက် များ အဝါရောင် ပြောင်းသွားနိုင်သည်။အပင်၏အမြစ်များတွင် ပြဿနာ တစ်စုံ တစ်ခုရှိနေရင်ဖြစ်စေ အနည်းငယ် မကျမ္မာလျှင်ဖြစ်စေ အရွက် များ အဝါရောင်ပြတက်တယ်။ ရေဝပ်ဒဏ်ခံရသော အပင်၏ အရွက်များသည်ပျော့ဖတ်ဖတ် ဖြစ်နေပြီး ရေနည်းသော အပင်၏ အရွက်များသည် ခြောက်သွေ့ ကာကြွပ်ဆတ်ေ န သဖြင့် ကျိုးကြေလွယ်သည်။ ရေ စိမ့်ဆင်းမှု ညံ့ဖျင်းသည့် စေးလွန်းေ သာမြေတွင် သဲထည့်ပေးခြင်း၊ ဖွဲပြာ သို့မဟုတ် မြေဆွေးများ ထည့်ပေးခြင်းဖြင့် ရေ စိမ့်ဆင်းမှု ကောင်းမွန်စေကာရေ ဝပ်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အရွက်ဝါခြင်း ပြဿနာကို ဖြေရှင်းနိုင်သည်။ထို့ပြင် ဘောင်တင်၍ စိုက်ပျိုးခြင်းမြေတောင်မြောက်ပေးခြင်း ပြုလုပ်နိုင်သည်။

၎။ အာဟာရ ချို့တဲ့ခြင်း( Nutrient deficiency )

အပင်၏ အရွက်များ အဝါရောင်ဖြစ်ခြင်း သို့မဟုတ် ရောင်ပြယ်ကွက်( Chlorosis ) ဖြစ်ပေါ်ခြင်း ၏ ဘုံအကြောင်းပြချက်သည် အစာ အာဟာရ မလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာအဖြစ် အများဆုံးတွေ့ရသည်။ သို့သော် အရွက်ဝါတိုင်း အာဟာရကြောင့်လို့ယူဆလို့ မရပါ။ အပင် များတွင် အာဟာရ ချို့တဲ့မှု ရှိ/မရှိကို သိရှိနိုင် ရန် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းသည် အကောင်း ဆုံး နည်းလမ်းဖြစ်သည်။ ထို့ပြင် အရွက်များ၏ အဝါရောင်ဖြစ်ပေါ်မှု၊ ပတ်ဝန်းကျင်အခြေနေ၊ အလင်းရောင်ရရှိမှုနှင့် အရွက်များတွင် ရောင်ပြယ်ကွက်(Chlorosis)ဖြစ်ပေါ်ခြင်း၏ ကွဲပြားသော ပုံစံများကို စစ်ဆေး ကြည့်ရှု ခြင်းဖြင့် အာဟာရရရှိမှု အခြေအနေကို ခန့်မှန်းနိုင်သည်။ အာဟာရ ချို့တဲ့မှုရှိသော အရွက်များတွင် အရင်ဆုံး တွေ့ရမည့် ပုံစံသည် အရွက်ကြောများ စိမ်းနေပြီး  အရွက်ကြောများကြားရှိနေရာများတွင်အဝါရောင်ဖြစ်ပေါ်နေတက်သည်။ ဥပမာ – နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ် တစ်မျိုးတည်းဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ ချို့တဲ့ပါက အရွက်အိုများတွင်အဝါရောင်ဖြစ်ပေါ်ခြင်းကို တွေ့ရမည်။ အကြောင်းမှာ နိုက်ထရိုဂျင်ကဲ့သို့ အပင်တွင်း အာဟာရသည် ရွေ့လျားနိုင်ပြီး အရွက်တစ်ရွက်မှ တစ်ရွက်သို့ လိုအပ်သလို ရွေ့လျားနိုင်တာကို တွေ့ရသည်။ သို့သော် နိုက်ထရိုဂျင် ချို့တဲ့ပါက ရွက်ကြောများကြားတွင် အဝါရောင် ဖြစ်ပေါ်လာမည် ဖြစ်သော်လည်း ပိုတက်စီယမ် ချို့တဲ့ပါက အရွက် အစွန်အဖျား ရွက်နား(Leaf Margin)နေရာများတွင် အဝါရောင် ဖြစ်ပေါ်လာနိုင်သည်။ အိုင်းယွန်း( Iron )နှင့် ကယ်လ်စီယမ်ဓာတ်
ချို့တဲ့ပါက ရွက်သစ်များတွင် အဝါရောင်ဖြစ်ပေါ်၍ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသော လက္ခဏာ သည် ရွက်ကြောများသာ စိမ်းနေပြီး အရွက်မျက်နှာပြင်တစ်ခုလုံး အဝါရောင်ဖြစ်ပေါ်နေသည်။

ခရမ်းချဉ်ပင်၏ အရွက်ရင့်များတွင် ရွက်ကြောများအတွင်း( Interveinal ) အဝါရောင်ဖြစ်ပေါ်နေပါက မဂ္ဂနီစီယမ်
ချို့တဲ့ခြင်း( Magnesium deficiency )ကို ဖော်ပြနေသည်။ စတော်ဘယ်ရီ ပင်တွေမှာ အိုင်းယွန်းချို့တဲ့ပါက( Iron deficiency) အရွက်နုများတွင် ရွက်ကြောများ စိမ်းနေပြီး ရွက်ပြားတစ်ခုလုံး ဖြူဖက်ဖြူရော် ( Sickly yellow )  ဖြစ်နေသည်။ အပင်များတွင် မော်လစ်ဒီနမ် ချို့တဲ့ပါက ( Molybdenum deficiency ) ရွက်နားများ မီးလောင်နာ ကဲ့သို့ ခြောက်သွေ့၍ တစ်ပင်လုံး အဝါရောင် ဖြစ်စေသည်။

ဆာလ်ဖာဓာတ် ချို့တဲ့ရင်လည်း ( Sulfur deficiency ) အရွက်များကို အဝါရောင် ဖြစ်စေနိုင်သည်။
နိုက်ထရိုဂျင်( N ) အပြင် ဖော့စပရပ်( P )၊ ပိုတက်စီယမ်( K )၊ မဂ္ဂနီစီယမ်(Mg)နှင့် နီကယ်(Nickel) ဓာတ်တို့သည် အပင်တွင်း ရွှေ့လျားနိုင်ကြသည်။

မရွေ့လျားနိုင်ကြသော ဓာတ်များမှာအိုင်းယွန်း( Iron )၊ ကယ်လ်စီယမ်( Ca )၊ ဆာလ်လဖာ( Sulfur )၊ ဘိုရွန်( Boron )၊ ကော့ပါး( Cu )၊ မဂ္ဂနီးစ်( Manganese)နှင့် ဇင့်( Zinc ) စသည်တို့ ဖြစ်သည်။ အရွက်အဝါရောင် ဖြစ်ပေါ်လာခြင်းကို ကြည့်ရှု ၍ ရွေ့လျားနိုင်သော အာဟာရနှင့် မရွေ့လျားနိုင်သော အာဟာရများကို
သိရှိနိုင်သည်။

မြေဆီဩဇာ ညံ့ဖျင်းသော မြေများတွင်စိုက်ပျိုးသူတို့က အပင် မြန်မြန်ကြီးထွားစေရန်ဓာတ်မြေသြဇာများ အလွန်အကျွံ အသုံးပြုသဖြင့် အစာလောင်၍ အရွက်များတွင်မီးလောင်နာ ကဲ့သို့ ဖြစ်စေသည်။

အမြစ်များသည် မြေဆီလွှာအတွင်းရှိအာဟာရများကို စုပ်ယူရာတွင် pH မြင့်နေပါက အစာစုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီးအာဟာရ ချို့တဲ့သဖြင့် အရွက်များအဝါရောင် ပြောင်းစေသည်။
၅။ ပိုးမွှားရောဂါများ( Pests )

ပိုးမွှားများ

ဖျက်ဆီးခြင်းကြောင့်အဝါရောင်ပြောင်းနိုင်သည်။ပိုးမွှားကြောင့် ဖြစ်ပေါ်သော လက္ခဏာသည်အချိုးမကျ ညီညာမှုမရှိချေ။
ယေဘု ယျအားဖြင့် မှိုနှင့် ဘက်တီးရီးယားတို့ကြောင့် ဖြစ်ပေါ်နေသည့် တူညီသော လက္ခဏာ မှာ အရွက်တွင် အစက် အပြောက်များဖြစ်ပေါ်နေမည် ဖြစ်သော်လည်းအာဟာ ရ ချို့တဲ့မှုကြောင့် ဖြစ်ပေါ်သောလက္ခဏာသည် အပင် တစ်သျှူးများတွင်အချိုးကျ ညီညီညာညာ ဖြစ်ပေါ်နေသည်။ ပိုးမွှားကျရောက် ဖျက်ဆီးမှုခံရပါကအရွက်များ ပျက်စီးနေသည်ကို တွေ့ရမည်။
အရွက်များတွင် ပိုးမွှားကြောင့်ဖြစ်သော လက္ခဏာများ တွေ့ရပါက စားသုံးသူများကို အန္တရာယ်ဖြစ်မှုနည်းစေနိုင်သော ဆေးများ
(Nontoxic)နှင့် တမာဆီ(Neem oil) ကဲ့သို့အော်ဂဲနစ်

ပိုးသတ်ဆေးများ( DIY Organic Pesticides )
အသုံးပြုနိုင်သည်။ မှိုရောဂါများ၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ( Virus )ကျရောက်ခြင်းတို့ကြောင့် တချို သော အရွက်များတွင် အဝါရောင် ဖြစ်စေနိုင်သည်။

အဝါရောင် မိုစေ့ ဗိုင်းရပ်စ်( Mungbean Yellow Mosaic Virus ) ကဲ့သို့ ဗိုင်းရပ်စ်သည် လက်ခံပင်(Host plants)တို့ကို
အဝါရောင် ဖြစ်စေနိုင်သည်။

ယင်း ဗိုင်းရပ်စ်သည် မတ်ပဲ၊ ပဲတီစိမ်းပင်များ၌ဆိုးရွား စွာ ကျရောက်ကြောင်း သိရသည်။

၆။ အခြားသော အကြောင်းအရာများ( Other case’s ) –
အပင်များတွင် မျိုးရိုးဗီဇကြောင့် အဝါရောင်
ဖြစ်နိုင်သလို ပိုးသတ်ဆေး( Pesticides )နှင့်ပေါင်းသတ်ဆေး( Herbicides )များ အလွန်အကျွံ အသုံးပြုခြင်းကြောင့်လည်း
အရွက်များ အဝါရောင်ပြောင်းနိုင်သည်။

မှည့်ဆေးဟုခေါ်သော အီသလင်း(Ethylene) ရင့်မှည့် ဟော်မုန်းဆေးအား လျှော်ဖြူ ၊ရာဘာ ကဲ့သို့ အပင်များတွင် အစေးအထွက်ကောင်းရန် အသုံးပြု မှု နည်းစနစ် မှားယွင်းခြင်းကြော င့် အရွက်များ အဝါရောင်ပြောင်းသွားနိုင်သည်။

အပင်များ ပြောင်းရွှေ့စိုက်ပျိုးရာတွင်အမြစ်များ အထိုင်မကျမီ အရွက်များ အဝါရောင်ပြောင်းတက်သည်။ အချုပ်အားဖြ င့် ပြောလိုသည်မှာ အရွက်များ အဝါရောင်ဖြစ်စေနိုင်သည့် အကြောင်းရင်းများစွာရှိသောကြောင့် စိုက်ပျိုးသူတို့အနေဖြင့်
မိမိ အပင်အား နည်းစနစ်တကျ လေ့လာ၍ အဖြေရှာရန် လွန်စွာအရေးကြီးသည်။

နည်းပညာ သဘောအရဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကို
ရေးသားဖော်ပြထားသော်လည်း လက်တွေ့တွင်တောင်သူ တို့ အနေဖြင့် အဖြေထုတ်သည့်အခါ အခက်အခဲ တစ်စုံတစ်ရာ တွေ့ကောင်း တွေ့နိုင်သည်။

ထိုကဲ့သို့ အခြေအနေ ကြုံတွေ့ရပါက စိုက်ပျိုးရေးလုပ်ငန်း ကျွမ်းကျင်သူတို့ထံ အကြံဥာဏ် တောင်ခံ၍ မိမိတို့၏စိုက်ပျိုး သီးနှံ ပင်များကို လိုအပ်သလိုထိန်းကျောင်းနိုင်သည်။

Source by – ဥာဏ်မြင့်
#Pissaya_Info




Leave a Reply

Your email address will not be published. Required fields are marked *