BREAKING NEWS

သစ်ခွပန်းတွင်ကျ⁠ရောက်⁠သော အင်းဆက်ဖျက်ပိုးများ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ (အေ⁠ကြးပိုး၊ ပိုး⁠စေး⁠နှဲ၊ သရစ်ပိုး၊ မွှား၊ ပျ )

အကြေးပိုး

အင်္ဂလိပ်အမည်                        –           Scale

သိပ္ပံအမည်                               –           မြောက်များစွာရှိသည်။

မျိုးရင်း                          –                       Coccidae

မျိုးစဉ်                                       –           Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

အကြေးပိုးသည် အရွက်များ၊ ရွက်မွှာများ နှင့် ဥများတွင် တွယ်ကပ်ကာ  အောက်ဖက်မျက်နှာပြင်မှ စားသောက်သည်။ ၄င်းတို့သည် မကြာခဏဆိုသလို ရွက်အိုများနှင့် ရွက်အိမ်များအောက်တွင် ပုန်းအောင်းနေတတ်သည်။ ဆိုးဝါးစွာ ကျရောက်ပါက ဒဏ်ရာရဧရိယာများသည် အရွက်များနှင့် အပင်မျက်နှာပြင်များတွင် ပေါ်လာကြကာ အ၀ါရောင်ြ ဖစ်လာပြီး ပိုမိုအရောင်ရင့်လာကာ အချိန်မတိုင်မီ အရွက်ကြွေကျနိုင်သည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာများ

အရွယ်ရောက်အကြေးပိုး အထီးများသည် ကူရှင်ပုံ အဖြူရောင်အစုအမြုံများ ဖြစ်ကြကာ အရွယ်ရောက် အကြေးပိုး အမများသည် အဖြူရောင် စက်ဝိုင်းပုံဒိုင်းများ အောက်တွင်ဥအုံကြသည်။ လောက်ကောင်များ နှင့် အကောင်ငယ် များသည် ၄င်းတို့၏ နေရာအသစ်မတွေ့မီအထိ ဒိုင်းအောက်တွင်နေထိုင်ကြသည်။ အကြေးပိုးမာသည် အကြေးကို အကာအကွယ်ပေးသော အညိုရောင် ထုလုံးချွန်ပုံ ပုံစံကို ဖြစ်စေသော အခြားဒိုင်းပါ အကြေးပိုးဖြစ်သည်။ ပျော့ပြောင်းသည့် အညိုရောင်အကြေးပိုးသည် အရွက်များ၊ ပန်းများ၊ ပန်းခိုင်များ၊ ပင်စည်များ နှင့် တစ်ခါတစ်ရံ အမြစ်များတွင် ပေါ်လာတတ်ပြီး ၀ါနုရောင်မှ ညိုရင့်ရောင်ရှိကြသည်။ ပျော့ပြောင်းသောအကြေးပိုးသည် ပျားရည်ချိုးကို ထုတ်ပေးပြီး အကြေးပိုးမာသည် ပျားရည်ချိုးကို ထုတ်မပေးပါ။

ကာကွယ်နှိမ်နင်းနည်း

အကြေးပိုးပုန်းအောင်းနေထိုင်သော နေရာများကို အမြစ်ပြတ်နှိမ်နင်းရန် ရွက်အိုများ နှင့် ပန်းရွက်အိမ်များကို ဖယ်ရှား ပါ။ သစ်ခွစိုက်ပျိုးသည့် ဧရိယာအတွင်း သစ်ခွအပင်အသစ်များအား မစိုက်ပျိုးမီ ဂရုတစိုက် စစ်ဆေးပါ. အကြေးပိုး အနည်းငယ်သာရှိပါက  ရေတစ်လီတာလျှင် မာလာသီယွန် ၅၀ အီးစီ (Malathion 50 EC) (၁) မီလီလီတာနှုန်းကို ရောစပ်ပက်ဖျန်းပါ။ ပိုမိုဆိုးရွားစွာကျရောက်ပါက လောက်ကောင်အဆင့်တွင် ၄င်းပိုးသတ်ဆေးကို ပက်ဖျန်းနိုင်ပြီး နောက်နှစ်ပတ်အကြာတွင် နောက်တစ်ကြိမ်ထပ်ဖျန်းပါ။  အပင် မျက်နှာပြင်အားလုံးကို သေချာစွာ ပက်ဖျန်းပါ။ အထူးသဖြင့် အရွက်များနှင့် ရွက်မွှာများအောက်ကို ပက်ဖျန်းပါ။ သစ်ခွအိုးအား ၁.၄၇% ပါသော အင်မီဒါကလိုပရစ် (Imidacloprid) ပိုးသတ်ဆေးကို ရေတစ်ဂါလံ၏ လေးပုံတစ်ပုံတွင် လက်ဖက်စားဇွန်း တစ်ဇွန်းခွဲထည့်ကာ သမအောင်မွှေပြီး အပင်တစ်ပင်လုံးအား ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။ရေတစ်လီတာလျှင် ငါးဆီထင်းရှူးဆီဆပ်ပြာ ၁၅ ဂရမ်ဖြင့်ရောစပ်၍လည်း ပက်ဖျန်းနိုင်သည်။

ပိုးစေးနှဲ

အင်္ဂလိပ်အမည်                        –           Mealy Bug

သိပ္ပံအမည်                               –           Ferrisia virgate Cockerell, 1893

မျိုးရင်း                                      –           Pseudococcidae

မျိုးစဉ်                                       –           Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

ပိုးစေးနှဲသည် သစ်ခွပင်၏ မည်သည့် အစိတ်အပိုင်းကိုမဆို တိုက်ခိုက်သည့် စုပ်စားပိုးများ ဖြစ်ကြပြီး အရွက်နှင့် ပင်စည်အကြားတွင် ပုန်းအောင်းနေထိုင်သည်။ ဆိုးဝါးစွာကျရောက်ပါက အရွက်များပေါ်တွင် ဒဏ်ရာရဧရိယာများကို ဖြစ်စေပြီး အရောက်ရင့်လာကာ အရွက်သည် အ၀ါရောင်ပြောင်းသွားကာ အချိန်မတိုင်မီ ကြွေကျသွားသည်။

ကာကွယ်နှိမ်နင်းနည်း

ပိုးစေးနှဲပုန်းအောင်းနေသော နေရာများကို အမြစ်ပြတ် နှိမ်နင်းရန် ရွက်အိုများနှင့် ပန်းရွက်အိမ်များကို ဖယ်ရှားပါ။ သစ်ခွစိုက်ပျိုးသည့် ဧရိယာအတွင်း သစ်ခွအပင်အသစ်များအား မစိုက်ပျိုးမီ ဂရုတစိုက် စစ်ဆေးပါ။ အကြေးပိုး အနည်းငယ်သာရှိပါက ရေတစ်လီတာလျှင် မာလာသီယွန် ၅၀ အီးစီ (Malathion) ၁ မီလီလီတာနှုန်းဖြင့် ရောစပ်ပက်ဖျန်း၍ ဖယ်ရှားနိုင်သည်။ ပိုမိုဆိုးဝါးစွာ ကျရောက်ပါက လောက်ကောင်အဆင့်တွင်  ပိုးသတ်ဆေးကို ပတ်ဖျန်းနိုင်ပြီး နောက်နှစ်ပတ်အကြာတွင် နောက်တစ်ကြိမ် ထပ်ဖျန်းပါ။ အပင်မျက်နှာပြင်အားလုံးကို သေချာစွာ ပက်ဖျန်းပါ။ အထူးသဖြင့် အရွက်များနှင့် ရွက်မွှာများအောက်ကို ပက်ဖျန်းပါ။ သစ်ခွအိုးအား ၁.၄၇% ပါသော အင်မီဒါကလိုပရစ် (Imidacloprid) ပိုးသတ်ဆေးကို ရေတစ်ဂါလံ၏ လေးပုံတစ်ပုံတွင် လက်ဖက်စားဇွန်းတစ်ဇွန်း ခွဲထည့်ကာ သမအောင်မွှေပြီး အပင်တစ်ပင်လုံးအား ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။

သရစ်ပိုး

အင်္ဂလိပ်အမည်                        –           Thrip

သိပ္ပံအမည်                               –           Rhipighorothrips cruentatus Hood

မျိုးရင်း                                      –           Thripidae

မျိုးစဉ်                                       –           Thysanoptera

ဖျက်ဆီးပုံလက္ခဏာများ

သရစ်ပိုးများသည် ပန်းပွင့်များ နှင့် တစ်ခါတစ်ရံတွင် အရွက်များကို စားသောက်သော အလွန်သေးငယ်သည် စုပ်စား ပိုးများ ဖြစ်ကြပြီး ရောဂါကို အပင်တစ်ပင်မှ တစ်ပင်သို့ သယ်ဆောင်ဖြန့်ဖြူးကြသည်။ ဖျက်ဆီးခံရသော ပန်းဖူးများ ပွင့်အာမလာဘဲ ပန်းပွင့်များတွင် ရေစိုနာကွက်များကို တွေ့ရကာ ပုံပျက်သွားကြသည်။ အရွက်များ အချိုင့်ရာဖြစ်သွား ကာ အစက်အပျောက်များဖြစ်လာပြီး ငွေရောင် သို့မဟုတ် အရောင်ကြွတ်သွားသည်။ သရစ်ပိုးများစားခြင်းကြောင့် ရွက်ထိပ်များ နှင့် အမြစ်များတွင်  ရစ်ပတ်ဒဏ်ရာများကို တွေ့ရသည်။

သရစ်ပိုးသည် သစ်ခွဖျက်ပိုးများ အားလုံးတွင်  နှိမ်နင်းရန် အခက်ခဲဆုံး ဖျက်ပိုး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  ၄င်းတို့သည် အလွန်သေးငယ်ကြပြီး မျက်စိလျှမ်းရန် လွယ်ကူကာ ၄င်းတို့သည် လှုပ်ရှားမှုလျှင်မြန်ပြီး ၄င်းတို့၏ ဘ၀အစိတ်အပိုင်းတစ်ခုကို မြေကြီးထဲတွင် နေထိုင်ကြကာ ဓါတုပိုးသတ်ဆေးများ မရောက်ရှိနိုင်သော ပန်းပွင့်၏ အစိတ်အပိုင်းများတွင် စားသောက်ရန် နှစ်ခြိုက်ကြသည်။ ၄င်းတို့သည် ပန်းပွင့်များပန်းဖူးများနှင့် ရွက်ဖူးများကြားတွင် ပုန်းအောင်ရန် နှစ်သက်ကြပြီး ခြေရာခံတွေရှိရန် ခက်ခဲသောကြောင့်လည်း ဖြစ်ပါသည်။ ထို့အပြင် ၄င်းတို့သည် အပင်မျိုးစိတ်အမျိုးမျိုးတွင် နေထိုင်ကြပြီး ပူနွေးသော ဖန်လုံအိမ်များတွင် လျှင်မြန်စွာ မျိုးပွားနိုင်ကြကာ ဥဘ၀မှ အရွယ်ရောက်ကောင်ထိ ဘ၀စက်ဝန်း မြောက်မြားစွာရှိနိုင်ပြီး အပင်စိုက်ပစ္စည်းများတွင် ပုန်းအောင်းနေထိုင်တတ်ကာ မြောက်မြားစွာသော ပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိသည်။ သရစ်ပိုး အရွယ်ရောက် အမကောင်သည် အပင်တစ် ရှူးများ အထူးသဖြင့် ပန်းပွင့်များ နှင့် အရွက်များတွင် ဥအုကြသည်။

ကာကွယ်နှိမ်နင်းခြင်း

ပန်းပင်များ၊ ရှောက်သံပုရာမျိုးနွယ်ဝင်အပင်များ၊ ဇီဇ၀ါပန်းပင်များ၊ ယူကလစ်များ အစရှိသော အပင်များသည် သရစ်ပိုး၏ လက်ခံပင်များ ဖြစ်ကြသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့်သန့်ရှင်းရေးလုပ်ပါ။  ပေါင်းပင်များ နှင့် အပင်အကြွင်းအကျန်များနှင့် စိုက်ပျိုးရေးဧရိယာအတွင်း နှင့် ပတ်လည်ရှိ စိုက်ပျိုးရေးသုံး မြေကြီးများကို ဖယ်ရှားပါ။ ပန်းပွင့်ကို ပလတ်စတစ် သို့မဟုတ် ဘူးဖြင့် အလုံအုပ်ပါ။ ပေါင်းမြက်များကို ပုံမှန်ရှင်းလင်းပါ။ သစ်ခွပင် နှင့် သစ်ခွ ပန်းပွင့်များကို မာလာသီယွန် (Malathion) ၊ အင်မီဒါကလိုပရစ်ဒ် (Imidacloprid) တို့ကို အညွှန်းစာပါအတိုင်း တစ်လှည့်စီ အသုံးပြုပါ။ ၄င်းပိုးသတ်ဆေးများဖြင့် သစ်ခွပန်းအား တိုက်ရိုက် ပက်ဖျန်းနိုင်သည်။ သရစ်ပိုးများသည် အပင်ပေါ်တွင် ပုန်းအောင်း နေထိုင်တတ်ကာ အခြားပန်းပင်များသို့ ပြန်လည် ၀င်ရောက်နိုင်သဖြင့် နောက်တစ်ကြိမ် ပက်ဖျန်းရန် လိုအပ်သည်။ ဆိုးဝါးစွာကျရောက်ပါက တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် သုံးပတ်ကြာ ပက်ဖျန်းပါ။

မွှား

အင်္ဂလိပ်အမည်                        –           Mite

သိပ္ပံအမည်                               –           မြောက်မြားစွာရှိသည်။

မျိုးရင်း                                      –           Tetranychidae

မျိုးစဉ်                                       –           Trombidiformes

ဖျက်ဆီးပုံလက္ခဏာများ

မွှားပင့်ကူနီများသည် အရွက်များ၏ အောက်ဖက်မှ စားသောက်ကြပြီး အနီရောင်မှ အညိုရောင် ရှိကြသည်။ အောက်ဖက်မှ အရွက်များ ပူးကပ်သွားကြကာ မွှားများ၏ မစင်စွန့်ထုတ်မှုကြောင့် အညိုရောင်တောက်ခြင်းကို တွေ့ရပြီး နောက်တွင် နေလောင်ကွက်ဖြစ်ကာ အညိုရောင်ပြောင်းသွားသည်။ အစိမ်းရောင် ကလိုရိုဖီးလ် ကင်းမဲ့မှုကြောင့် အရွက်များ စင်းကြောင်းများ ဖြစ်လာကာ အစက်များ ဖြစ်ပေါ်လာကြသည်။

သစ်ခွကို ဖျက်ဆီးသော မွှားသုံးမျိုးရှိသည်။ ၄င်းတို့မှာ မွှားပင့်ကူနီ၊ မွှားပြား နှင့် မွှားဗျတ်ကျယ်တို့ ဖြစ်ကြသည်။ အစက်နှစ်စက်ပါမွှား သို့မဟုတ် မွှားပင့်ကူနီသည် စားသောက်သောနေရာတွင် ဒဏ်ရာစက်ကို ဖြစ်စေသည်။ ဆိုးဝါးစွာ ကျရောက်ပါက အရွက်များတွင် ပြောက်ကျားများ ဖြစ်လာကာ အရွက်၏ အောက်ဖက်မျက်နှာပြင်တွင် ပူးကပ်သွားကြ သည်။ မွှားပြားသည် အ၇ွက်များ၏ အပေါ်ဖက်မျက်နှာပြင်ကို စားသောက်လေ့ရှိပြီး ပျက်ဆီးသွားသော မျက်နှာပြင်တွင် ချိုင့်ကွက်များကို တွေ့ရသည်။ ရွက်ပြားများကို အထူးသဖြင့် အရွက်၏ အောက်မျက်နှာပြင် စားသောက်သော မွှားပြား သည့် မွှားပင့်ကူနီကဲ့သို့ စက်ပြောက်များ ဖြစ်စေသော်လည်း ပူးကပ်ခြင်းမရှိချေ။ မွှားဗျတ်ကျယ်သည် အရွယ်အစား အလွန်သေးငယ်ကာ ကနဦးဖျက်ဆီးမှုလက္ခဏာမှာ ဒဏ်ရာရအေ၇ာင်ပျက်ခြင်း ဖြစ်သည်။

ကာကွယ်နှိမ်နင်းခြင်း

အရက်တစ်ဆ၊ ဆပ်ပြာဆီ တစ်ဆ နှင့် ရေနှစ်ဆကို ရောကာ သစ်ခွရွက်၏ အပေါ်နှင့် အောက်ဖက် မျက်နှာပြင်များကို ဆေးဖျန်းပါ။ ဘီဖန်သရင် ၁၀% အီးစီ (Bifenthrin 10% EC) အားသစ်ခွရွက်၏ အောက်ဖက်မျက်နှာပြင်များသို့ သေချာထိအောင်ဖျန်းပါ။ ပူနွေးသော ရာသီဥတု အတောအတွင်း မွှားမျိုးဆက်များသည်  (၆) ရက်ကြာတိုင်းတစ်ခါ ဖြစ်တတ်သဖြင့် (၄) ရက်ခြားတစ်ခါ သီဖန်သရင် ၁၀% အီးစီ (Bifenthrin 10% EC) ဆေး (၃) ကြိမ် ပက်ဖျန်းပါ။ ရေတစ်လီတာလျှင် ဒိုင်မီသိုအိတ် ၃၀ အီးစီ (Dimethoate 30 EC) (၂) မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။

ပ်

အင်္ဂလိပ်အမည်                        –           Aphid

သိပ္ပံအမည်                               –           Myzus circumflexus (Buckton,1876)

မျိုးရင်း                                      –           Aphididae

မျိုးစဉ်                                       –           Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

ပန်းဖူးများ၊ ပန်းပွင့်များ နှင့် အသစ်ကြီးထွားလာသော အရွက်၊ ပန်းများကို  ပန်းဖူးများ နှင့် ပန်းပွင့်များ ပွင့်အာလာမှုမရှိတော့ဘဲ အရွက်များတွင် စေးကပ်နေသည်။

ကာကွယ်နှိမ်နင်းခြင်း

ရေပန်းခရားဖြင့် ပျပိုးများကို ရေဆေးချပါ။ သစ်ခွပင်များအား မာလာသီယွန် (Malathion) ဆေးဖြင့် အညွှန်းစာပါအတိုင်း အသုံးပြုပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

 





Leave a Reply

Your email address will not be published. Required fields are marked *