BREAKING NEWS

အစေ့ထုတ်ပြောင်းဈေးနှုန်းများကျဆင်းလာ

အစေ့ထုတ်ပြောင်းအထွက်နှုန်းများနေပြီးဝယ်လိုအားနည်းနေတာကြောင့်ဈေးနှုန်းများကျဆင်းလာကြောင်းမြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှသိရပါတယ်။

ပြည်တွင်းပြောင်းထွက်နှုန်းမှာများနေပြီးတရုတ်ဘက်မှအဖမ်းအဆီးရှိနေတာကြောင့်ပြောင်းဈေးနှုန်းများမှာကျဆင်းနေတာဖြစ်ကြောင်းမြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ ဥက္ကဌ ဦးမင်း ခိုင်ကပြောပါတယ်။

‌”အစေ့ထုတ်ပြောင်းဈေးနှုန်းကကျလာတယ်။အကြောင်းအရင်းက၂ချက်ရှိတယ်။ပြောင်းကသူထွက်တဲ့ဒေသတွေမှာလှိုင်လှိုင်ပေါနေတာရယ်။တရုတ်ဘက်ကအဖမ်းအဆီးရှိနေလို့မဝယ်တာရယ်ကြောင့်ပြောင်းတွေကပုံနေပီးဈေးကကျလာတယ်”

လက်ရှိမှာတော့‌အစေ့ထုတ်ပြောင်းတစ်ပိသာကိုအရင်က၆၀၀ဝန်းကျင်ရှိရာမှအခုအခါ၅၀၀ဝန်းကျင်သာရှိတော့ကြောင်းအဆိုပါအသင်းမှသိရပါတယ်။

‌ပြောင်းကိုရှမ်းပြည်နယ်တောင်ပိုင်း ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ကချင်ပြည်နယ်တို့မှာ အများဆုံး စိုက် ပျိုး ကြောင်း လည်းသိရပါတယ်။

#Pissaya_Info(အေးအေးကျော်)





Leave a Reply

Your email address will not be published. Required fields are marked *