BREAKING NEWS

⁠ေထာပတ္ပဲ စုိက္ပ်ဳိး⁠ျခင္း

ေျမအမ်ဳိးအစား

ေျမဆီလႊာထက္သန္ေကာင္းမြန္ၿပီး ေျမတြင္ အစိုဓာတ္ထိန္းထားႏုိင္စြမ္းရွိေသာ သဲႏုန္းေျမ၊ ႏုန္းေျမႏွင့္ ရႊံ႕ေစးေျမတုိ႔တြင္ ေကာင္းစြာျဖစ္ထြန္းသည္။

စိုက္ပ်ဳိးခ်န္

စက္တင္ဘာလႏွင့္ ေအာက္တုိဘာလအတြင္း စိုက္ပ်ဳိးၾကသည္။ ယာေျမမ်ားတြင္ မုိးဦးသီးႏွံအၿပီး စက္ တင္ဘာလကုန္တြင္ စိုက္ပ်ဳိးၾကၿပီး ကိုင္းကၽြန္းေျမမ်ားတြင္ ေအာက္တုိဘာလ၊ ႏုိဝင္ဘာလ ျမစ္ေရက်ခ်ိန္တြင္ စိုက္ပ်ဳိးၾကသည္။

ေျမျပဳျပင္ျခင္း

မုိးသီးႏွံ (ႏွမ္း) စုိက္ေသာအကြက္တြင္ သီးႏွံရိတ္သိမ္းၿပီးေနာက္ ေပါင္းျမက္ထူထပ္ေနပါက ထယ္တစ္ စပ္ထုိးေပးရမည္။ အကယ္၍ ႏွမ္းႏုတ္၍ေျမပြေနလွ်င္ ထယ္ထုိးေပးရန္မလုိေပ။ ထြန္စိတ္လုိက္ၿပီး ၆ သြား၊ ၅ သြား၊ ၄ သြား၊ ၂ စပ္ခန္႔ ထြန္ေမႊေပးရမည္။ ထယ္ထုိးထားပါက ထယ္ခဲေခ်ရန္ ၄ သြားျဖင့္ ၂ စပ္ခန္႔ ထယ္ခဲေခ် ေပးရမည္။ ထုိ႔ေနာက္ ၅ သြားျဖင့္ မုိးခံထယ္ေရးထား၍ စုိက္မိုးရလွ်င္ ေလးသြားျဖင့္ တစ္စပ္လွန္၍ ၿမီးေၾကာင္း ဆဲြစိုက္ပ်ဳိးရမည္။

စိုက္ပ်ဳိးျခင္း

ေျမတြင္းအစိုဓာတ္ မဆုတ္ယုတ္မီ ထယ္ထုိးထြန္ေမႊၿပီး ၾကမ္းရုိက္၍ တစ္ဧကမ်ဳိး (၈ -၁ဝ) ျပည္ႏႈန္းႀကဲ ပက္စိုက္ပ်ဳိးရမည္။

Source – စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode

မြေအမျိုးအစား

မြေဆီလွှာထက်သန်ကောင်းမွန်ပြီး မြေတွင် အစိုဓာတ်ထိန်းထားနိုင်စွမ်းရှိသော သဲနုန်းမြေ၊ နုန်းမြေနှင့် ရွှံ့စေးမြေတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။

စိုက်ပျိုးချန်

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စိုက်ပျိုးကြသည်။ ယာမြေများတွင် မိုးဦးသီးနှံအပြီး စက် တင်ဘာလကုန်တွင် စိုက်ပျိုးကြပြီး ကိုင်းကျွန်းမြေများတွင် အောက်တိုဘာလ၊ နိုဝင်ဘာလ မြစ်ရေကျချိန်တွင် စိုက်ပျိုးကြသည်။

မြေပြုပြင်ခြင်း

မိုးသီးနှံ (နှမ်း) စိုက်သောအကွက်တွင် သီးနှံရိတ်သိမ်းပြီးနောက် ပေါင်းမြက်ထူထပ်နေပါက ထယ်တစ် စပ်ထိုးပေးရမည်။ အကယ်၍ နှမ်းနုတ်၍မြေပွနေလျှင် ထယ်ထိုးပေးရန်မလိုပေ။ ထွန်စိတ်လိုက်ပြီး ၆ သွား၊ ၅ သွား၊ ၄ သွား၊ ၂ စပ်ခန့် ထွန်မွှေပေးရမည်။ ထယ်ထိုးထားပါက ထယ်ခဲချေရန် ၄ သွားဖြင့် ၂ စပ်ခန့် ထယ်ခဲချေ ပေးရမည်။ ထို့နောက် ၅ သွားဖြင့် မိုးခံထယ်ရေးထား၍ စိုက်မိုးရလျှင် လေးသွားဖြင့် တစ်စပ်လှန်၍ မြီးကြောင်း ဆွဲစိုက်ပျိုးရမည်။

စိုက်ပျိုးခြင်း

မြေတွင်းအစိုဓာတ် မဆုတ်ယုတ်မီ ထယ်ထိုးထွန်မွှေပြီး ကြမ်းရိုက်၍ တစ်ဧကမျိုး (၈ -၁ဝ) ပြည်နှုန်းကြဲ ပက်စိုက်ပျိုးရမည်။

Source – စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *