BREAKING NEWS

အယ်လ်နီညိုကြောင့် ကရင်ပြည်နယ်အတွင်း ကျေးရွာ ၃၆ ရွာတွင် ရေပြတ်လပ်နိုင်

အယ်လ်နီညိုရာသီဥတုကြောင့် ယခု ၂၀၁၆ ခုနှစ်၊နွေရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၃၆ ရွာဝန်းကျင် မှာ ရေပြတ် လပ်နိုင်ကြောင်း  ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ်အုပ်ချုပ်ရေးနှင့်ကျေးလက်ဦးစီးဝန်ထမ်းများ၏ကွင်းဆင်းဆောင်ရွက်ချက်များအရ ကရင်ပြည်နယ်အတွင်းရေပြတ်လပ်နိုင် သည့်ရွာများ ရှိနေကြောင်းခန့်မှန်းတွေ့ရှိထားကာရေပြတ်လပ်မှု အပေါ်ချက်ချင်းတုံ့ပြန်နိုင်ရန် ဆောင်ရွက်ထားကြောင်း ကရင့်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးမှူးဦးနေဦးကပြောသည်။

“ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကျွန်တော်တို့ကရင်ပြည်နယ်အတွင်းမှာ ရေပြတ်လပ်မှုဖြစ်ပေါ် လာရင် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်အောင် ကျေးလက်အဆင့်တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ထားပါ တယ်” ဟုဦးနေဦးက ပြောသည်။

သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက ကြိုတင်အစီအမံများဖြင့် အလျင်အမြန်ဆောင်ရွက်ရန် ကျေးရွာတစ်ခုချင်းစီ၏ မတူညီသည့် လိုအပ်ချက်များ၊အခက်အခဲများကို တာဝန်ရှိသူများထံဆင်ပြပါက ပြန်လည်ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးဘူဒီမန်းကပြောသည်။ကရင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်၊ နွေရာသီကသောက်သုံးရေပြတ်လတ်မှု တစ်ချို့ကိုကြုံတွေ့ခဲ့ရပြီးရေပြတ်လပ်သည့်ရပ်ကွက်၊ ကျေးရွာများကိုလွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းထောက်များ ၊စေတနာရှင် များစုပေါင်းကာရေလှူဒါန်းမှုများ သွားရောက်ပြုလုပ်ဖူးကြောင်း သိရသည်။

ယခု ၂၀၁၆ ခုနှစ်တွင်လည်း ရေရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့လာပါက ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာဌာန များက ပူးပေါင်းကူညီသွားရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။

မောင်မောင်ငြိမ်း(မြစ်မခ)

အတွဲ(၁၃)၊အမှတ်(၁၉၀)၊မတ်၇-၁၃၊၂၀၁၆ခုနှစ်

 





Leave a Reply

Your email address will not be published. Required fields are marked *