BREAKING NEWS

အသီးအနှံများ ဘာကြောင့်စားသုံးသင့်သလဲ

အသီးအနှံများဟာ အာဟာရပေါင်းစုံရဲ့ အရေးကြီးတဲ့အရင်း အမြစ်ဖြစ် ပါ တယ်။ အသီးအနှံများမှာ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖော်လစ်အက်စစ် စတဲ့ အာဟာရ ဓာတ်တွေပါဝင်ပါတယ်။ အသီးအနှံတွေစားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေက များပြားလွန်းတာကြောင့် အသီးအနှံများများ စားသုံးဖို့တိုက်တွန်း လိုက်ရပါတယ်။

အစိမ်းရောင်အသီးအနှံတွေစားသုံးခြင်းဖြင့်

– မျက်လုံးကျန်းမာရေးအတွက်ကောင်းခြင်း

– အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်ပွားခြင်း ကိုလျော့ကျစေခြင်း

– ကြွက်သားများ ယိုယွင်းလာမှုကို နှေးစေခြင်း

– အသည်းအတွက် အဆိပ်ဖြေပေးသော enzymes များကို ထိန်းညှိပေးခြင်း

အနီရောင်အသီးအနှံတွေစားသုံးခြင်းဖြင့်

– ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

– အသားအရေ ဖူးယောင်၊ နီရဲတာမျိုးကို လျော့ကျစေခြင်း

– နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

– prostate ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

အ၀ါရောင်၊ လိမ္မော်ရောင်ရှိသောအသီးအနှံတွေစားသုံးခြင်းဖြင့်

– antioxidant ဓာတ်ကို တိုးမြှင့်ပေးခြင်း

– မျက်လုံးနှင့်အရေပြားကျန်းမာရေးကို ထိန်းညှိပေးခြင်း

– ကြွက်သားများနာကျင်ခြင်းကို လျော့ကျစေခြင်း

အပြာရောင်၊ ခရမ်းရောင်ရှိသော အသီးအနှံများကိုစားသုံးခြင်းဖြင့်

– အရေးအကြောင်းတွေနှင့် အရေပြားကျန်းမာရေးကို ကာကွယ်ပေးနိုင်ခြင်း

-ရောဂါကာကွယ်နိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်ခြင်း

– ကုန်ဆုံးသွားသော antioxidant ပမာဏကို ပြန် လည်ဖြည့် တင်းပေးနိုင်ခြင်း

– နှလုံးသွေးကြောများ ယောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း

အဖြူရောင် (သို့) အရောင်မရှိသော အသီးအနှံများစားသုံးခြင်းဖြင့်

– နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ခြင်း၊

– အရိုးပွရောဂါဖြစ်ပွားခြင်းကို လျော့ကျစေခြင်း

– သွေးထဲက ကိုလက်စထရောကို လျော့ကျစေခြင်း

– free radical တွေပျက်စီးခြင်းကို လျော့ကျစေခြင်း။
ဒါ့ကြောင့် အသီးအရွက်များကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

Ref; Bawa101
#Pissaya_News





Leave a Reply

Your email address will not be published. Required fields are marked *