BREAKING NEWS

မွေးနေ့မှာ Birthday Concert လုပ်ဖို့ ရှိတယ်ဆိုတဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်ဟာ လာမယ့်နှစ် ၂၀၁၉ သူမရဲ့ မွေးနေ့မှာ Birthday Concert လေး လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 
“ဒီတစ်ခေါက် မွေးနေ့ကျရင်တော့The Birthday Concert လုပ်မယ်.! ကြိုးစားနေတယ်လုပ်နိုင်ဖို့ .! Save The Date.! 31st March of 2019.!” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေး ထားတာတွေ့ရပါတယ်။
 
အိမ့်ချစ်ရဲ့ ပရိသတ်တွေကတော့ သူမရဲ့ birthday Concert အတွက် ရင်ခုန်နေကြပြီဖြစ်ပါတယ်။ ဖျော်ဖြေပွဲ ကျင်းပမယ့် နေရာ ကိုလည်းအိမ့်ချစ်က သေချာရင် ပြန်ကြေညာပေးပါ့မယ်လို့ ကောမန့်မှာ ပြောထားတာ တွေ့ရပါတယ်။
 
ဂီတာကို အသက်ငယ်ငယ်ထဲက ပုံဖော် သီဆိုခဲ့တဲ့ အဆိုတော် အိမ့်ချစ်ဟာအခုအချိန်မှာ အောင်မြင် မှု တော်တော်များများ ကိုလည်း ရရှိနေပြီ ဖြစ်ပါတယ်။
 
Photo Credit – အိမ့်ချစ် FB
#Pissaya_News



Leave a Reply

Your email address will not be published. Required fields are marked *