ဓာတုဓာတ်⁠ကြွင်းပါဝင်သည့် သီး⁠နှံများကို စားသုံး⁠ခြင်းေ⁠ကြာင့် ကျန်းမာေ ရးထိ ခိုက်⁠စေ⁠နိုင်

ဖျက်ပိုး ကျရောက်ချိန်တွင် သီးထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်သဖြင့် ဆေြး ဖန်းလိုက်ခြင်းသည် ဈေးကွက် တင်ပို့ရာတွင် အကျိုးအမြတ် လျော့ နည်းခြင်း ၏ လမ်းစပင်ဖြစ်သည်။

စိုက်ပျိုးရေးတောင်သူများ အသုံးပြုလိုက်သော ဆေးများ၏ ဓာတ်ကြွင်းများ သည် သီးနှံပင်အစိတ်အပိုင်းများနှင့် ၎င်းကို စား သုံးလိုက်သော သက်ရှိများ ၏ ရုပ်ကြွင်းများ၊ မစင် အညစ်အကြေးများမှတဆင့် နည်းလမ်းပေါင်း စုံဖြင့် မြေ ထု၊ ရေထု၊ လေထုထဲသို့ ရောက်ရှိသွားပြီး သဘာဝပတ်ဝန်းကျင် ကို များစွာထိခိုက်စေသည်။

ထို့အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သော အကြောင်းအရာများ စွာဖြစ်သော စက်ရုံစွန့်ပစ်ပစ္စည်း များ၊ မြစ်ေ ချာင်းများအတွင်းသို့ စွန့်ပစ် လိုက်သော မိလ္လာအညစ်အကြေးများဖြစ်၍ စိုက်ပျိုးရေးတွင် အသုံးပြုသော ပိုးသတ်ဆေး ကဲ့သို့သော ဓာတုပစ္စည်းများသည်လည်း အပါအဝင်ဖြစ်သည်။

ဓာတုဓာတ်ကြွင်းပါဝင်နေသည့် သီးနှံများကို စားသုံးပါက –

• အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများ၊ ကင်ဆာကဲ့သို့ ရောဂါ များ၊ နှလုံးနှင့်ဆိုင်သောရောဂါများ၊ အရေပြားရောဂါများ အစရှိသော ရောဂါ အမျိုးမျိုးတို့ ခံစားရနိုင်ခြင်း။
.
• ဓာတုပစ္စည်းများဖြစ်သည့် ကလိုရင်း၊ ဘရိုမင်း၊ ဖလူအိုရင်းကဲ့သို့သော အရာများသည် လူ သတ္တဝါနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အပြင် အိုဇုန်းလွှာကိုပါ ပျက်ဆီးစေခြင်း။

• လူနှင့် တိရိစ္ဆာန်တို့၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားလျှင် အဆီများ အတွင်းစုပုံ၍ အသက်ဆုံးရှုံးသည် အထိဖြစ်နိုင်ခြင်း တို့ကို ကြုံတွေ့ရနိုင် သည်။

တိုးတက်လာသောလူဦးရေနှင့်အညီ စားနပ်ရိက္ခာ လိုအပ်ချက် အား ဖြည့်တင်းနိုင်ရန် ၁၉၀၀ ခုနှစ်မှ အစပျိုး ခဲ့သည့် ဓာတုပစ္စည်းများ၊ ဗီဇပြုပြင်ထားသောစပ်မျိုးများ၊ ခေတ်မီယာဉ်ယန္ဒရားများ၊ သွင်းအားစုပစ္စည်း အမြောက်အများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သော စိုက်ပျိုးရေးစနစ် သည် ၁၉၆၀ ပြည့်နှစ်အလွန် ကာလများတွင် အထွဋ်အထိပ်ဖြစ်ခဲ့သည်။

၁၉၇၀ ခုနှစ် နောက်ပိုင်းကာလများတွင် ယင်းစနစ်၏ ပတ်ဝန်းကျင်သက် ရှိလောကကို ထိခိုက်စေကြောင်း အားနည်းချက်များကို သိမြင်လာခဲ့သည်။
အကြောင်းမှာ ဓာတုပစ္စည်းများ၏ ဆိုးကျိုးကို ထောက်ပြသော ရေချယ်ကာ စန် (Rachel Carson) အမည်ရှိ ဇီဝဗေဒပညာရှင် အမျိုးသမီးက (Silent Sprin) စာအုပ်ဖြင့် ထောက်ပြခဲ့ရာမှ ကမ္ဘာသိဖြစ်သွားသည်။

ထိုအခါမှ ဓာတုဆေးများ၏ ဆိုးကျိုးကို သိမြင်လက်ခံလာကြပြီး ဓာတုကင်း လွတ်သည့် သီးနှံများ နေရာ ရရှိလာခဲ့သည်။

၂၀ ရာစုနောက်ပိုင်း၊ ယခုတွင်မူ ဓာတုကင်းစင်သော အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အား ခေတ်မီတိုးတက်သော ကမ္ဘာ့နိုင်ငံအများစုမှ လက်ခံကျင့်သုံးလျှက်ရှိလာပြီ ဖြစ်သည်။

အနာနဲ့ဆေး တည့်ပါစေ….

ဥာဏ်မြင့်
#Article
#Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *