BREAKING NEWS

တစ်ပတ်အတွင်းဆန်⁠ဈေး⁠နှုန်းတင်⁠ပြချက်

ရန်ကုန်မြို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ဝါးတန်းလမ်းကုန် စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက် ကားဈေးနှုန်းများ အရဆန်ကြမ်း ဈေးနှုန်း မှာငြိမ်နေပြီး ဆန်ချော ဈေးနှုန်း များမှာတက်လာကြောင်း ဝါးတန်း လမ်း ကုန်စည်ဒိုင်မှ သိရပါတယ်။

ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၄၃၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၄၁၀၀၀ ကျပ်ဖြင့် တစ်အိတ် ကို ကျပ် ၁၀၀၀ တက်လာကြောင်း ၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်မှာ ကျပ်၄၆၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၄၄၀၀၀ ၊ ဒေးဒ ရဲပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်း မှာ ကျပ် ၄၃၀၀၀၊လတ် စတစ် အိတ်မှာကျပ် ၄၁၀၀၀ ဖြင့် တစ်အိတ်ကို ကျပ် ၁၀၀၀ ဈေးတက်လာပြီး တစ်ပတ် အတွင်း ဆန်ချောဈေးမှာ တက်လာကြောင်း သိရပါတယ်။
 
ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ကျပ် ၂၃၀၀၀ ၊ လတ်စ တစ်အိတ် ကို ကျပ် ၂၂၈၀၀၊ငစိန် ထိပ်စ တစ်အိတ်ကို ကျပ် ၂၃၀၀၀ ၊လတ်စ တစ်အိတ် ကို ကျပ် ၂၂၅၀၀ ရှိပြီး တစ်ပတ် အတွင်း ဆန်ကြမ်း ဈေးနှုန်း များတည် ငြိမ်ေ နကြောင်း သိရပါတယ်။
 
မိုးသုခရှယ်တစ်အိတ်ကျပ် ၂၆၀၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၅၀၀၀ နဲ့ပြည်ပပို့ဧည့်မထဆန် ၂၅ မှတ် တစ်အိတ်ကျပ် ၂၁၀၀၀၊ လက်စ တစ်အိတ်ကို ၂၀၉၀၀ကျပ် ရှိပြီး ဝါးတန်း လမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန် ရှိနေကာ အရောင်းအဝယ်ပုံ မှန်ရှိ နေကြောင်း သိရပါတယ်။
 
#Agro_News
#Pissaya_Info




Leave a Reply

Your email address will not be published. Required fields are marked *