BREAKING NEWS

⁠ဟေလီ⁠ဘောဝင်းနဲ့ ⁠စေ့စပ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာစေ့စပ်လိုက်ပြီဆိုတဲ့သတင်းက မကြာသေးမီရက်ပိုင်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

TMZ, CNN နဲ့ E! တို့မှာ ဂျက်စတင်ဘီဘာနဲ့ ဟေလီဘောဝင်းတို့ရဲ့စေ့စပ်သတင်းကို အတည်ပြုထားပြီး ဒီသတင်းကို BBC မှာလည်း ဖော်ပြထားပါတယ်။

ဒီသတင်းဟာ အမှန်ဖြစ်ကြောင်း နောက်ထပ်ယုံကြည်စရာ အချက်တစ်ချက်ကတော့ ဂျေဘီရဲ့ မိဘတွေက အွန်လိုင်းပေါ်မှာ ထူးထူးခြားခြား စာလေးတွေ ရေးသားထားတာပါပဲ။

ဂျေဘီရဲ့ဖခင် ဂျာရမီက အင်စတာဂရမ်မှာ ဂျေဘီရဲ့ ပုံတစ်ပုံတင်လိုက်ပြီး “နောက်ထပ် ကဏ္ဍအတွက် စိတ်လှုပ်ရှားနေတယ် လို့ ပြောထားပါတယ်။ ဂျေဘီရဲ့မိခင် Pattie Mallette ကလည်း သူမရဲ့စိတ်လှုပ်ရှားမှုတွေကို Twitter မှာ ရေးသားထားပါတယ်။ သူမရေးထားတဲ့စာကတော့ “Love Love Love Love Love Love Love.” လို့ ရေးထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျေဘီနဲ့ ဆယ်လီနာဂိုးမက်စ်တို့ ပြတ်သွားပြီးတဲ့နောက် ဂျေဘီနဲ့ ဟေလီတို ပြန်တွဲခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဂျေဘီနဲ့ ဟေလီတို့ တွဲခဲ့ပါသေးတယ်။

အသက် ၂၁ နှစ်အရွယ် ဟေလီဘောဝင်းဟာ American Vogue, Marie Claire နဲ့ Spanish Harper’s Bazaar စတဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်ဖူးပါတယ်။ ဒါ့အပြင် မော်ဒယ်ရှိုးတွေ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်မြင်သံကြားရှိုး အတော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။

သူမရဲ့ဖခင်က သရုပ်ဆောင်နဲ့ ထုတ်လုပ်သူ Stephen Baldwin ဖြစ်ပါတယ်။ သူမရဲ့ဦးလေး Alec Baldwin ကလည်း သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။

Source – Duwun





Leave a Reply

Your email address will not be published. Required fields are marked *