ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ကလေးငယ်အချို့ အသက်သေဆုံးမှု ရှိခဲ့၍ သတိပြုရန်လိုအပ်

လတ်တလောတွင် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ကလေးငယ်အချို့ အသက်သေဆုံးမှုရှိခဲ့၍ အထူး သတိပြုကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင် များက သုံးသပ်သည်။

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါသည် Neisseria maningitids ဘက်တီးရီးယားပိုး ကြောင့်ဖြစ်ပွားပြီး အချိန်မီ ကုသမှုမခံယူလျှင် အသက်ဆုံးရှုံးမှုရှိနိုင်ကြောင်း သိရသည်။

လူနာချောင်းဆိုးခြင်း၊နှာချေခြင်းတို့မှ တိုက်ရိုက်ကူးစက်ပြီး ရောဂါဖြစ်သူ၏ ချွဲ၊သလိပ်၊ခန္ဓာကိုယ်အရည် နှင့် အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ခြင်းတို့မှ တစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါလက္ခဏာများမှာ လတ်တလောပြင်းထန်စွာဖျားခြင်း၊ ဇက်တောင့်ခြင်း၊ ကြွက်သားများ နာကျင် ခြင်း၊ အရေပြားတွင် သွေးခြေဥများ ထွက်ခြင်း၊အန်ခြင်း၊မှိန်းခြင်း၊သတိလစ်ခြင်း၊ တက်ခြင်းနှင့် သွေးလန့် ခြင်းတို့ဖြစ်ပေါ်ကြောင်း သိရသည်။

ထိုကဲ့သို့ လက္ခဏာများရှိလျှင် အသက်ဆုံးရှုံးမှုနှင့် ရောဂါပျံ့ပွားမှုများမှ ကာကွယ်နိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနတွင် စောလျင် စွာဆေးကုသမှုခံယူခြင်း၊ ထိုကဲ့သို့ လက္ခဏာများရှိလျှင် ချက်ချင်း သတင်းပို့ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို သတိပြုဆောင်ရွက်ခြင်း   နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်ကို လက်မောင်းဖြင့်အုပ်၍နှာချေ၊ ချောင်းဆိုးခြင်း၊ ရောဂါဖြစ်ပွားသူများ၊ သံသယရှိသူလူနာ များ နှင့် တွေ့ဆုံရန်လိုအပ်ပါက ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ဖုံးအုပ်ထားသော မျက်နှာဖုံးအကာ အကွယ်နှင့် အခြားအကာ အကွယ်ပစ္စည်းများကို အသုံးပြုခြင်း၊ ပွဲလမ်းသဘင်၊လူစည်ကားသောနေရာများနှင့် ဖုန်ထူထပ်သောနေရာများကို တတ်နိုင် သမျှရှောင်ကြဉ်  ခြင်းနှင့် မိမိတွင်ရောဂါရှိသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့၍ ဆေးကုသမှု ခံယူခြင်း တို့  ဆောင်ရွက်သင့် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊သာစည်မြို့နယ်မှ ကလေးငယ်ငါးဦးမှာ ၎င်းရောဂါကြောင့် အသက်သေဆုံးခဲ့ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ လက်ရှိတွင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်၇ွက် နေကြောင်း သိရသည်။

ရောဂါလက္ခဏာများတွေ့ရလျှင် နီးစပ်ရာဆေးရုံတွင် အမြန်ဆုံးဆေးကုသမှု ခံယူပါက ပျောက်ကင်းနိုင် ပြီး အချန်မီကုသမှုမခံယူလျှင် အသက်သေဆုံးနိုင်ကြောင်း သိရသည်။

အယ်လ်နီညိုကြောင့် အပူချိန်များ ဆက်တိုက်မြင့်တက်လာရာ အပူကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများ ကိုလည်း အထူးသတိပြုကာကွယ် ရန် လိုအပ်သည်။

အပူချိန်မြင့်မားမှုကြောင့် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများမှာ လွန်ကဲအဆင့်သို့ရောက်ရှိလာပြီး မတ်လ ၁၇ ရက်နေ့၏တိုင်းတာချက် များအရ သိရသည်။

အသားနေလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်စေခြင်း၊ မျက်စိအမြင်အာရုံထိခိုက်စေနိုင်ခြင်းနှင့် သားသမီးမရနိုင်သောရောဂါများကို ရရှိစေနိုင်၍ အထူးသတိပြုကာကွယ်ရန်လိုအပ်ကြောင်း လည်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သူ၏လူမှု ကွန်ယက် စာမျက်နှာမှတဆင့် အကြုံ့ဖားသည်။

ခရမ်းလွန်ရောင်ခြည် အကာအကွယ်ပေးသော အ၀တ်အစားများဝတ်ဆင်ခြင်း၊ နေပူထဲထွက်ပါက ဦးထုပ်၊ထီး။ နေကာမျက်မှန်၊စသော အကာအကွယ်များဖြင့် ထွက်သင့်ကြောင်း သိရသည်။

ပွင့်ဖြူဖြူလွင်

အတွဲ(၁၃)၊အမှတ်(၁၉၂)၊မတ် ၂၁-၂၇၊ ၂၀၁၆ ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *