BREAKING NEWS

ဥပါယ်တံမျဉ် ရုပ်ရှင် မူပိုင်ခွင့် ချိုး⁠ဖောက်⁠ခြင်းနဲ့ ပတ်သက်⁠ပြီး အ⁠ရေး ယူ⁠တော့မည်

ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ် ကား ဟာ အန်လိုင်းပေါ်မှာရော အပြင်အခွေရောင်း တဲ့နေရာတွေ မှာ ပြန့် လို့နေပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကား ဟာ အန်လိုင်းပေါ်မှာရော အပြင်အခွေရောင်းတဲ့နေရာတွေ မှာ ပြန့် လို့နေပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကို Video အနေနဲ့သော်လည်းကောင်း Digital File အဖြစ်လည်းကောင်း၊ Online Media များမှ တစ်ဆင့်သော် လည်း လုံးဝပြသခဲ့ခြင်းမရှိသလို ပြသခွင့်လည်း လုံးဝပေးထားခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူ့ရဲ့ ဖေ့စ် ဘွတ် စာ မျက်နှာကနေတဆင့် အခုလိုရေးသားထား တာတွေ့ ရပါတယ်။

” ကျွန်မရဲ့ရုပ်ရှင် online မှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက် ရင် ကျွန်မ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့အလုပ်တခုဖြစ်နေ တဲ့အတွက် ကျွန်မအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ စဖြန့်တဲ့ သူကိုလည်း ကျွန်မ screen shot ယူထားပါတယ် ” ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ ပါတယ်။

‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကား မူပိုင်ခွင့်ချိုးဖောက်ခြင်းနဲ့ ပတ်သက်ပြီး အရေးယူမယ့်အကြောင်းကို ဒီနေ့(ဇူလိုင်၃ရက်) ထုတ် ကြေးမုံသတင်း စာမှာ ထည့်သွင်း ကြေညာထားတာ ဖြစ်ပါတယ်။

#Pissaya_News





Leave a Reply

Your email address will not be published. Required fields are marked *