BREAKING NEWS

⁠ႀကံသီး⁠ႏွံအထြက္တုိး⁠ေစရန္ လမိုင္း⁠ျပဳ⁠ျပင္စိုက္ပ်ိဳးနည္းစနစ္မ်ား

၁။ လမိုင္းျပဳျပင္ရန္အတြက္ ပိုးမႊား၊ ေရာဂါကင္းစင္ေသာ၊ အထြက္ေကာင္းမ်ိဳးစိုက္ပ်ိဳးထားသည့္ ခင္းသစ္ကို ေရြးခ်ယ္ပါ။ တစ္ပတ္ထက္ မေက်ာ္လြန္ဘဲ အၿပီးခုတ္သိမ္းပါ။

၂။ ခုတ္သိမ္းရာတြင္ အေျခက်က် ခုတ္သိမ္းၿပီးေပါက္ၿပားထက္ထက္ျဖင့္ ေျမေအာက္ (၂) လက္မခန္႔ ႏႈိက္ၿပးီငုတ္ျဖတ္ေပးပါ။

၃။ လမိုင္းျပဳျပင္ရာတြင္ ထြန္စက္ျဖင့္ထြန္ (၂)စပ္၊ ႀကမ္း (၁) စပ္၀င္ပါ (သို႔မဟုတ္) ႏြားထယ္ျဖင့္ ဘယ္ညာတစ္ဖက္စီ အသြားအျပန္ ေဘာင္ၿဖိဳေပးပါ။

၄။ ငုတ္ျဖတ္၊ ေဘာင္ၿဖိဳ၊ သြင္းေရေပးသြင္းၿပီး ေျမေအာင္းပိုးသတ္ေဆး၊ သဘာ၀ေျမၾသဇာႏွင့္ ဓာတ္ေျမၾသဇာမ်ား အခ်ိဳးက် ထည့္သြင္းေပးပါ။

၅။ ေပါင္းကာကြယ္ရန္၊ အစိုဓာတ္ထိန္းရန္၊ ေျမေဆြးရရွိရန္အတြက္ ႀကံရြက္ေျခာက္မ်ားကို ပင္ၾကား၊ တန္းၾကားအတြင္း ညီညာစြာ ျဖန္႔ခင္းေပးပါ။

၆။ လမိုင္းျပဳျပင္ၿပီး (၁)လခန္႔အၾကား ပင္ေသပင္ေပ်ာက္ေနရာမ်ားတြင္ အပင္ဖာေထးစိုက္ပ်ိဳးပါ။ ေပါင္းျမက္ႏွိမ္နင္းျခင္းအား (၄)လ အတြင္းေဆာင္ရြက္ပါ။

၇။အပင္သက္တမ္း (၉၀ – ၁၂၀) ရက္အတြင္း အစိုဓာတ္ လံုေလာက္ေအာင္ ေရေပးသြင္း၍ ဓာတ္ေျမၾသဇာကို (၂ -၃) ႀကိမ္ခြဲထည့္ၿ႔ပီး ေဘာင္လံုေပးပါ။မိုးဦးက်ကာလတြင္ ေဘာင္ႀကီးလံုးျခင္းကို မျဖစ္မေနေဆာင္ရြက္ေပးပါ။

၈။ လမိုင္းခင္းတြင္ ႀကံမႈိႏွံေရာဂါက်ေရာက္တတ္သျဖင့္ ေရာဂါက်ႀကံမႈိေခ်ာင္းပါ ႀကံတစ္ပင္လံုး တူးထုတ္မီးရႈိ႕ပစ္ပါ။ ႀကံပင္ထိုးပိုးမ်ားက်ေရာက္ပါက ဒိုင္မီသိုရိတ္ ေဆးရည္ ဟင္းစားဇြန္း (၃ – ၅) ဇြန္းကို ေရ (၄) ဂါလန္ႏႈန္းေဖ်ာ္ၿပီး (၃) ပတ္ျခား (၁) ႀကိမ္ပက္ဖ်န္းပါ။

၉။ အေလအလြန္႔မရွိေစရန္ ႀကံပင္ေျခေျမႀကီးႏွင့္ ကပ္၍ ခုတ္သိမ္းပါ။ ေကာက္သင္းေကာက္ျခင္းကို မျဖစ္မေနေဆာင္ရြက္ပါ။

၁၀။ ႀကံလမိုင္းစနစ္တက်ျပဳျပင္ၿပီး အပင္ျပဳစုမႈေကာင္းပါက လမိုင္းသည္ ခင္းသစ္အတိုင္း အထြက္ႏႈန္းေကာင္းႏိုင္ပါသည္။

Source – စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

⁠ကြံသီး⁠နှံအထွက်တိုး⁠စေရန် လမိုင်း⁠ပြု⁠ပြင်စိုက်ပျိုးနည်းစနစ်များ

===============================

၁။ လမိုင်းပြုပြင်ရန်အတွက် ပိုးမွှား၊ ရောဂါကင်းစင်သော၊ အထွက်ကောင်းမျိုးစိုက်ပျိုးထားသည့် ခင်းသစ်ကို ရွေးချယ်ပါ။ တစ်ပတ်ထက် မကျော်လွန်ဘဲ အပြီးခုတ်သိမ်းပါ။

၂။ ခုတ်သိမ်းရာတွင် အခြေကျကျ ခုတ်သိမ်းပြီးပေါက်ပြားထက်ထက်ဖြင့် မြေအောက် (၂) လက်မခန့် နှိုက်ပြးီငုတ်ဖြတ်ပေးပါ။

၃။ လမိုင်းပြုပြင်ရာတွင် ထွန်စက်ဖြင့်ထွန် (၂)စပ်၊ ကြမ်း (၁) စပ်ဝင်ပါ (သို့မဟုတ်) နွားထယ်ဖြင့် ဘယ်ညာတစ်ဖက်စီ အသွားအပြန် ဘောင်ဖြိုပေးပါ။

၄။ ငုတ်ဖြတ်၊ ဘောင်ဖြို၊ သွင်းရေပေးသွင်းပြီး မြေအောင်းပိုးသတ်ဆေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ အချိုးကျ ထည့်သွင်းပေးပါ။

၅။ ပေါင်းကာကွယ်ရန်၊ အစိုဓာတ်ထိန်းရန်၊ မြေဆွေးရရှိရန်အတွက် ကြံရွက်ခြောက်များကို ပင်ကြား၊ တန်းကြားအတွင်း ညီညာစွာ ဖြန့်ခင်းပေးပါ။

၆။ လမိုင်းပြုပြင်ပြီး (၁)လခန့်အကြား ပင်သေပင်ပျောက်နေရာများတွင် အပင်ဖာထေးစိုက်ပျိုးပါ။ ပေါင်းမြက်နှိမ်နင်းခြင်းအား (၄)လ အတွင်းဆောင်ရွက်ပါ။

၇။အပင်သက်တမ်း (၉၀ – ၁၂၀) ရက်အတွင်း အစိုဓာတ် လုံလောက်အောင် ရေပေးသွင်း၍ ဓာတ်မြေသြဇာကို (၂ -၃) ကြိမ်ခွဲထည့်ြ့ပီး ဘောင်လုံပေးပါ။မိုးဦးကျကာလတွင် ဘောင်ကြီးလုံးခြင်းကို မဖြစ်မနေဆောင်ရွက်ပေးပါ။

၈။ လမိုင်းခင်းတွင် ကြံမှိုနှံရောဂါကျရောက်တတ်သဖြင့် ရောဂါကျကြံမှိုချောင်းပါ ကြံတစ်ပင်လုံး တူးထုတ်မီးရှို့ပစ်ပါ။ ကြံပင်ထိုးပိုးများကျရောက်ပါက ဒိုင်မီသိုရိတ် ဆေးရည် ဟင်းစားဇွန်း (၃ – ၅) ဇွန်းကို ရေ (၄) ဂါလန်နှုန်းဖျော်ပြီး (၃) ပတ်ခြား (၁) ကြိမ်ပက်ဖျန်းပါ။

၉။ အလေအလွန့်မရှိစေရန် ကြံပင်ခြေမြေကြီးနှင့် ကပ်၍ ခုတ်သိမ်းပါ။ ကောက်သင်းကောက်ခြင်းကို မဖြစ်မနေဆောင်ရွက်ပါ။

၁၀။ ကြံလမိုင်းစနစ်တကျပြုပြင်ပြီး အပင်ပြုစုမှုကောင်းပါက လမိုင်းသည် ခင်းသစ်အတိုင်း အထွက်နှုန်းကောင်းနိုင်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *