BREAKING NEWS

ကိုကိုး စိုက္ပ်ိဳးနည္း

မန္မာအမည္ – ကိုကိုး

အဂၤလိပ္အမည္ – Cocoa (Chocolate Tree)

ရုကၡေဗဒအမည္ – Theovroma cacao

မ်ိဳးရင္းအမည္ – Sterculiaceae

မူရင္းေဒသ – အေမရိကတိုက္အလယ္ပိုင္း

ကိုကိုး အမ်ိဳးအစားမ်ား

အဓိကအားျဖင့္ CRIOLLO မ်ိဳးႏွင့္ FARASTERO မ်ိဳးဟူ၍ (၂) မ်ိဳး ရွိသည္။ CRIOLLO မ်ိဳးတို႔၏ အသီးသည္ မမွည့္မွီ၌ အနီေရာင္ (သို႔) အစိမ္းေရာင္ ရွိၿပီး၊ ရင့္မွည့္ေသာအခါ အ၀ါေရာင္ သို႔ လိေမၼာ္ရွိသည့္ အသီးေတာင့္၏ မ်က္ႏွာျပင္တြင္ အဖုပါရွိၿပီး ၊ အေျမွာင္းမ်ားလည္း ထင္ရွားစြာပါရွိသည္။
FARASTERO မ်ိဳးတို႔၏ အသီးသည္ မမွည့္မီ၌ အစိမ္းေရာင္ရွိၿပီး၊ ရင့္မွည့္ေသာ အ၀ါေရာင္ရွိသည္။ အသီးေတာင့္၏ မ်က္ႏွာျပင္တြင္ အဖုမ်ားမပါရွိပါ။

စိုက္ပ်ိဳးသည့္ေဒသ

ျမန္မာႏိုင္ငံတြင္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္္ ႏွင့္ တနသာၤရီတိုင္း တို႔တြင္ စိုက္ပ်ိဳးျဖစ္ထြန္းပါသည္။

ရာသီဥတု

အပူခ်ိန္ (၆၀ – ၇၀) ဒီဂရီဖာရင္ဟိုက္ရွိ၍ မိုးေရခ်ိန္ (၅၀) လက္မ အထက္ရြာသြန္းေသာ ရာသီဥတုမ်ိဳးကို ႏွစ္သက္ပါသည္။ ပင္လယ္ေရ မ်က္ႏွာျပင္ အထက္ အျမင့္ေပ (၂၀၀၀) အထိ စိုက္ပ်ိဳးျဖစ္ထြန္းႏိုင္ပါသည္။

ေျမအမ်ိဳးအစား

ေရအစိုဓါတ္ ထိန္သိမ္းႏိုင္သည့္ ေျမမ်ိဳး၊ အျမစ္မ်ားေကာင္းစြာႀကီးထြားႏိုင္မည့္ မက်စ္လြန္း၊ မပြလြန္းေသာ ေျမမ်ိဳးလိုအပ္ပါသည္။ ေျမခ်ဥ္ငံဓါတ္ (၆ – ၇) ရွိေသာ ေျမမ်ိဳးကို ႏွစ္သက္ပါသည္။

မ်ိဳးပြားျခင္း

ကိုကိုးပင္မ်ား မ်ိဳးပြားရာတြင္ ပထမဦးစြာမ်ိဳးေရြးခ်ယ္ျခင္းလုပ္ငန္းကို လုပ္ေဆာင္ရပါမည္။ မ်ိဳးယူရမည့္ ကိုကိုးပင္ကို ေအာက္ပါအခ်က္မ်ားေပၚ

မူတည္၍ ေရြးခ်ယ္ရပါမည္။

(၁) (၁၀)ႏွစ္မွ (၁၅) ႏွစ္သားအပင္

(၂) အသီးမွန္မွန္ သီး၍ တစ္ႏွစ္လွ်င္ တစ္ပင္မွ သီးလံုး (၃၀ – ၄၀) သီးေသာအပင္

(၃) အပင္အေနအထားေကာင္းမြန္ေသာအပင္

(၄) အသီးအတင့္အသင့္ႀကီး၍ အရြယ္အစားညီေသာအပင္

(၅) ပိုးမႊားေရာဂါဒဏ္ခံႏိုင္ေသာ အပင္

(၆) အေစ့အေရာင္ ညီညာ၍ ျပည့္ၿဖိဳးၿပီး ၊ အနံ႔အရသာ ႏွင့္ ျပည့္စံုေသာအပင္

(၇) အပင္ေပါက္ႏႈန္းေကာင္းေသာ အပင္

အဓိကမ်ိဳးပြားနည္း (၂) နည္းရွိပါသည္။

(၁) အေစ့မွ မ်ိဳးပြားျခင္း

(၂) ကိုင္းျဖတ္မွမ်ိဳးပြားျခင္း

ေျမျပဳျပင္ျခင္း

ကိုကိုးပင္မွာ စြတ္စိုထိုင္းမႈိင္းၿပီး သစ္ပင္ႀကီးမ်ား ေပါက္ေရာက္၍ ေနကာ၊ ေလကာ ရွိေသာ ေနရာမ်ားတြင္ စိုက္ပ်ိဳး ျဖစ္ထြန္းသည္။ သို႔ျဖစ္၍ အရိပ္ ပင္ႀကီးမ်ားကို မခုတ္လွဲဘဲ ခ်န္လွပ္ၿပီး၊ ေတာခုတ္ျခင္း၊ အေျခာက္လွမ္း၍ မီးရႈိ႕ ၊ ကၽြန္းေခြ ျပဳလုပ္ျခင္းတို႔ကို ျပဳလုပ္ရမည္။ ေျမျပန္႔ေတာပါးေသာ ေနရာတြင္ တစ္ႏွစ္ခန္႔မွ ႀကိဳတင္၍ ေျမရွင္းျခင္း၊ အရိပ္ပင္စိုက္ျခင္းမ်ားျပဳလုပ္ရမည္။ ကိုကိုး စိုက္ေသာ စိုက္က်င္းကို အက်ယ္ (၂) ေပ ပတ္လည္၊ အနက္ (၃)ေပ တူး၍ အေပၚယံေျမလႊာကို ႏြားေခ်းေဆြး၊ သစ္ရြက္ေဆြး၊ ေျမေဆြး၊ ဆတူေရာထည့္၍ က်င္းကိုေျမျပန္ဖို႔ထားရန္ လိုသည္။

ေျပာင္းေရႊ ႔ စိုက္ျခင္း

မိုးရာသီ၌ ေျပာင္းေရႊ႕ စိုက္ရန္ အေကာင္းဆံုး ျဖစ္သည္။ အပင္ရွည္၍ ႏြဲ႔ေသာ ပ်ိဳးပင္မ်ားကို ငုတ္မ်ားစိုက္ထူ၍ ခ်ည္ေႏွာင္ေပးရန္ လိုသည္။ (၉ x ၉) ေပ စနစ္ျဖင့္ စိုက္ပ်ိဳးပါက (၁) ဧက ၀င္ဆန္႔ေသာ ပင္ေရမွာ (၆၀၅) ပင္ ျဖစ္ပါသည္။ ယာယီအရိပ္ပင္အျဖစ္ ငွက္ေပ်ာပင္သည္ အေကာင္းဆံုး ျဖစ္သည္။ ပိုးဇာပင္၊ေပါက္ပန္းျဖဴ၊ မဲဇလီ၊ ေဘာစကိုင္း၊ ကသစ္ပင္မ်ားကိုလည္း စိုက္ပ်ိဳးႏိုင္ပါသည္။

ေျမၾသဇာေကၽြးျခင္း

ကိုကိုးပင္မ်ားကို ေကၽြးရမည့္ ဓာတ္ေျမၾသဇာႏႈန္းထားမွာ အပင္သက္အလိုက္ တစ္ပင္ႏႈန္းထားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

အပင္သက္                                                    NးPးK အခ်ိဳး                                                           ႏႈန္းထား
၁                                                                     ၁း ၁း ၁                                                                 ၀.၅ ေပါင္
၂-၄                                                                ၁း ၂း ၁                                                                     ၂ ေပါင္
၄ ႏွစ္အထက္                                                  ၁း ၂း ၁                                                                 ၅.၅ ေပါင္

ေရသြင္းျခင္း

တစ္ပတ္လွ်င္ အနည္းဆံုး (၂) ႀကိမ္ မွန္မွန္ ေရ၀ေအာင္ သြင္းေပးရပါမည္။

အပင္ျပဳစုျခင္း

အပင္ငယ္မ်ားကို စိုက္ခင္းထဲတြင္ စိုက္ၿပီးေနာက္ ( ၃ – ၄) လခန္႔ ရွိလွ်င္ အပင္ေျခပတ္လည္၌ ေျမအနည္းငယ္ တူးဆြေပးရမည္။ အျမစ္မ်ားေဘးသို႔ ပို၍ျဖာထြက္နိုင္သည္။ ပင္ေျခေပါင္းျမက္ရွင္းေပးရသည္။ အပင္ငယ္မ်ား စိုက္ပ်ိဳးၿပီး (၂) ႏွစ္အတြင္း အေသအေပ်ာက္မ်ားကို အစားထိုး စိုက္ပ်ိဳးေပးရမည္။ စိုက္ပ်ိဳးၿပီးသည္မွ (၃) ႏွစ္အၾကာတြင္ ပထမအႀကိမ္ ေဘးကိုင္းျဖာထြက္လာပါက ပင္စည္ထိပ္ပိုင္းကို ျဖတ္ပစ္ေလ့ရွိပါသည္။

အပင္ကို ပို၍ ရွည္ေစလိုလွ်င္ ပင္စည္ကို ေနာက္တစ္ႀကိမ္ ေဘးကိုင္းမ်ား ထြက္သည့္ တိုင္ေအာင္ထားၿပီးမွ ျဖတ္ရမည္။ ေနာက္ပိုင္းတြင္ အဓိကပင္စည္မွ ထြက္ေပၚလာသည့္ အစို႔အတက္မ်ားကို ဖယ္ရွား ပစ္ရမည္။ အပင္၏ ေဘးျဖာကိုင္းမ်ား အခ်င္းခ်င္း မကပ္ေစရန္ အဖ်ားပိုင္းကို အနည္းငယ္ ျဖတ္ေပးရပါမည္။ သို႔မွသာ အပင္တြင္ေနေရာင္ႏွင့္ ေလ၀င္ေလထြက္ေကာင္းစြာရရွိေစၿပီး မႈိေရာဂါက်ေရာက္မႈကို ဟန္႔တားႏိုင္မည္ျဖစ္ပါသည္။ ကိုကိုးပင္သည္ ပင္စည္ႏွင့္ ကိုင္းမ်ားမွသာ အသီးသီးေသာေၾကာင့္ ပင္စည္ႏွင့္ ကိုင္းမ်ား ေျဖာင့္တန္းေစရန္ ကိုင္းပို၊ ကိုင္းညွပ္မ်ားကို ျဖတ္ေတာက္ေပးရန္ လိုသည္။

ပိုးမႊားေရာဂါ ကာကြယ္ျခင္း

ပင္စည္ထိုးပိုး၊ ရြက္စားပိုးႏွင့္ သီးပုတ္ေရာဂါမ်ားသည္ အဓိက အႏၱရာယ္မ်ား ျဖစ္ပါသည္။ အသီးသီးခ်ိန္တြင္ ၾကြက္၊ ပူး၊ ရွဥ္႔ပ်ံတို႔မွ သီးဖ်က္တိရိစာၦန္ မ်ား ျဖစ္ပါသည္။ ပင္စည္ထိုးပိုးက်လွ်င္ အပင္နလံမထူေတာ့ဘဲ ကိုင္းအဖ်ားမ်ားေျခာက္ျခင္း၊ ပင္စည္ႏွင့္ ကိုင္းမ်ား ပံုပ်က္ျခင္း၊ က်ိဳးေက်ျခင္းျဖစ္ကာ ပ်က္စီးေစပါသည္။ မိုးဦးက်ႏွင့္ မိုးျပတ္စရြက္ႏုထြက္ခ်ိန္တြင္ ရြက္စားပုရစ္မ်ားပိတုန္းမ်ားက်ေရာက္သျဖင့္ အခ်ိန္မီေစာင့္ၾကပ္ ကာကြယ္ေပးရန္ လိုသည္။ သီးထိုးပိုးႏွင့္ သီးပုတ္ေရာဂါမ်ားကိုလည္းအခ်ိန္မီ ကာကြယ္ျခင္း၊ သန္႔ရွင္းေသာ ကပ္ေက်းျဖင့္ ျဖတ္ေတာက္ ဆြတ္ခူးျခင္း၊ သီးနာ၊ သီးပုတ္မ်ားကို ေျမျမွဳပ္၊ မီးရႈိ ႔ျခင္းျဖင့္ အသီးဖ်က္ တိရိစာၦန္မ်ားကို ကာကြယ္ျခင္းမ်ားျပဳလုပ္မွသာ သီးထြက္ေကာင္းေသာ ကိုကိုးၿခံတစ္ခု ျဖစ္လာပါမည္။

ဆြတ္ခူးျခင္းႏွင့္ အထြက္

ကိုကိုးပင္မ်ားသည္ သက္တမ္း (၃) ႏွစ္မွ စတင္၍ သီးပါသည္။ (၅)ႏွစ္မွစ၍ အထြက္ႏႈန္းျမင့္တက္လာမည္ ျဖစ္ပါသည္။ ပန္းပြင့္သည္မွ အသီးမ်ား ရင့္မွည့္ေသာအခါ လိေမၼာ္ေရာင္မွ အ၀ါေရာင္သို႔ ေျပာင္းလာပါသည္။ အသီးအညွာမွ အထူးျပဳလုပ္ထားေသာ ဓါးထက္ထက္ျဖင့္ ျဖတ္ခူးရပါမည္။ အသီးဆြတ္ခူးရာတြင္ အေခါက္ကို မထိခိုက္ေစရန္ သတိျပဳရမည္။

ကိုကိုးပင္သက္တမ္းမွာ (၄၅) ႏွစ္ေက်ာ္ထိသက္တမ္းရွည္ပါသည္။ အပင္သက္ (၁၀) ႏွစ္တြင္ အသီးၿဖိဳင္ၿဖိဳင္ ရရွိၿပီး ႏွစ္ (၂၀) မွ (၂၅) ႏွစ္အတြင္း အထြက္နႈန္း ေကာင္းမြန္စြာ ရရွိမည္ ျဖစ္ပါသည္။ ကိုးကိုးပင္ တစ္ပင္မွ ကိုကိုးသီး (၇၀ – ၈၀)ထိ ရရွိႏိုင္ၿပီး ကိုကိုးသီး တစ္သီးလွ်င္ (၃၂) ေစ့ခန္႔ ပါရွိႏိုင္ပါသည္။ အပင္သက္တမ္း အလိုက္ တစ္ဧကမွ ရရွိႏိုုင္ေသာ ကိုကိုးအေစ့အေျခာက္ အထြက္ႏႈန္းမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

အပင္သက္ႏွစ္                                      ၃                                       ၄                                                     ၅

အထြက္(တန္ခ်ိန္)                              ၀.၂၅                                 ၀.၆၀                                               ၀.၆၀

Source – စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

⁠ကိုကိုး စိုက်ပျိုးနည်း

=============

မြန်မာအမည် – ကိုကိုး

အင်္ဂလိပ်အမည် – Cocoa (Chocolate Tree)

ရုက္ခဗေဒအမည် – Theovroma cacao

မျိုးရင်းအမည် – Sterculiaceae

မူရင်းဒေသ – အမေရိကတိုက်အလယ်ပိုင်း

ကိုကိုး အမျိုးအစားများ

အဓိကအားဖြင့် CRIOLLO မျိုးနှင့် FARASTERO မျိုးဟူ၍ (၂) မျိုး ရှိသည်။ CRIOLLO မျိုးတို့၏ အသီးသည် မမှည့်မှီ၌ အနီရောင် (သို့) အစိမ်းရောင် ရှိပြီး၊ ရင့်မှည့်သောအခါ အဝါရောင် သို့ လိမ္မော်ရှိသည့် အသီးတောင့်၏ မျက်နှာပြင်တွင် အဖုပါရှိပြီး ၊ အမြှောင်းများလည်း ထင်ရှားစွာပါရှိသည်။
FARASTERO မျိုးတို့၏ အသီးသည် မမှည့်မီ၌ အစိမ်းရောင်ရှိပြီး၊ ရင့်မှည့်သော အဝါရောင်ရှိသည်။ အသီးတောင့်၏ မျက်နှာပြင်တွင် အဖုများမပါရှိပါ။

စိုက်ပျိုးသည့်ဒေသ

မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနသာၤရီတိုင်း တို့တွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

ရာသီဥတု

အပူချိန် (၆၀ – ၇၀) ဒီဂရီဖာရင်ဟိုက်ရှိ၍ မိုးရေချိန် (၅၀) လက်မ အထက်ရွာသွန်းသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၂၀၀၀) အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။

မြေအမျိုးအစား

ရေအစိုဓါတ် ထိန်သိမ်းနိုင်သည့် မြေမျိုး၊ အမြစ်များကောင်းစွာကြီးထွားနိုင်မည့် မကျစ်လွန်း၊ မပွလွန်းသော မြေမျိုးလိုအပ်ပါသည်။ မြေချဉ်ငံဓါတ် (၆ – ၇) ရှိသော မြေမျိုးကို နှစ်သက်ပါသည်။

မျိုးပွားခြင်း

ကိုကိုးပင်များ မျိုးပွားရာတွင် ပထမဦးစွာမျိုးရွေးချယ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပါမည်။ မျိုးယူရမည့် ကိုကိုးပင်ကို အောက်ပါအချက်များပေါ်

မူတည်၍ ရွေးချယ်ရပါမည်။

(၁) (၁၀)နှစ်မှ (၁၅) နှစ်သားအပင်

(၂) အသီးမှန်မှန် သီး၍ တစ်နှစ်လျှင် တစ်ပင်မှ သီးလုံး (၃၀ – ၄၀) သီးသောအပင်

(၃) အပင်အနေအထားကောင်းမွန်သောအပင်

(၄) အသီးအတင့်အသင့်ကြီး၍ အရွယ်အစားညီသောအပင်

(၅) ပိုးမွှားရောဂါဒဏ်ခံနိုင်သော အပင်

(၆) အစေ့အရောင် ညီညာ၍ ပြည့်ဖြိုးပြီး ၊ အနံ့အရသာ နှင့် ပြည့်စုံသောအပင်

(၇) အပင်ပေါက်နှုန်းကောင်းသော အပင်

အဓိကမျိုးပွားနည်း (၂) နည်းရှိပါသည်။

(၁) အစေ့မှ မျိုးပွားခြင်း

(၂) ကိုင်းဖြတ်မှမျိုးပွားခြင်း

မြေပြုပြင်ခြင်း

ကိုကိုးပင်မှာ စွတ်စိုထိုင်းမှိုင်းပြီး သစ်ပင်ကြီးများ ပေါက်ရောက်၍ နေကာ၊ လေကာ ရှိသော နေရာများတွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ သို့ဖြစ်၍ အရိပ် ပင်ကြီးများကို မခုတ်လှဲဘဲ ချန်လှပ်ပြီး၊ တောခုတ်ခြင်း၊ အခြောက်လှမ်း၍ မီးရှို့ ၊ ကျွန်းခွေ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ရမည်။ မြေပြန့်တောပါးသော နေရာတွင် တစ်နှစ်ခန့်မှ ကြိုတင်၍ မြေရှင်းခြင်း၊ အရိပ်ပင်စိုက်ခြင်းများပြုလုပ်ရမည်။ ကိုကိုး စိုက်သော စိုက်ကျင်းကို အကျယ် (၂) ပေ ပတ်လည်၊ အနက် (၃)ပေ တူး၍ အပေါ်ယံမြေလွှာကို နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ ဆတူရောထည့်၍ ကျင်းကိုမြေပြန်ဖို့ထားရန် လိုသည်။

ပြောင်းရွှေ့ စိုက်ခြင်း

မိုးရာသီ၌ ပြောင်းရွှေ့ စိုက်ရန် အကောင်းဆုံး ဖြစ်သည်။ အပင်ရှည်၍ နွဲ့သော ပျိုးပင်များကို ငုတ်များစိုက်ထူ၍ ချည်နှောင်ပေးရန် လိုသည်။ (၉ x ၉) ပေ စနစ်ဖြင့် စိုက်ပျိုးပါက (၁) ဧက ဝင်ဆန့်သော ပင်ရေမှာ (၆၀၅) ပင် ဖြစ်ပါသည်။ ယာယီအရိပ်ပင်အဖြစ် ငှက်ပျောပင်သည် အကောင်းဆုံး ဖြစ်သည်။ ပိုးဇာပင်၊ပေါက်ပန်းဖြူ၊ မဲဇလီ၊ ဘောစကိုင်း၊ ကသစ်ပင်များကိုလည်း စိုက်ပျိုးနိုင်ပါသည်။

မြေသြဇာကျွေးခြင်း

ကိုကိုးပင်များကို ကျွေးရမည့် ဓာတ်မြေသြဇာနှုန်းထားမှာ အပင်သက်အလိုက် တစ်ပင်နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အပင်သက် NးPးK အချိုး နှုန်းထား
၁ ၁း ၁း ၁ ဝ.၅ ပေါင်
၂-၄ ၁း ၂း ၁ ၂ ပေါင်
၄ နှစ်အထက် ၁း ၂း ၁ ၅.၅ ပေါင်

ရေသွင်းခြင်း

တစ်ပတ်လျှင် အနည်းဆုံး (၂) ကြိမ် မှန်မှန် ရေဝအောင် သွင်းပေးရပါမည်။

အပင်ပြုစုခြင်း

အပင်ငယ်များကို စိုက်ခင်းထဲတွင် စိုက်ပြီးနောက် ( ၃ – ၄) လခန့် ရှိလျှင် အပင်ခြေပတ်လည်၌ မြေအနည်းငယ် တူးဆွပေးရမည်။ အမြစ်များဘေးသို့ ပို၍ဖြာထွက်နိုင်သည်။ ပင်ခြေပေါင်းမြက်ရှင်းပေးရသည်။ အပင်ငယ်များ စိုက်ပျိုးပြီး (၂) နှစ်အတွင်း အသေအပျောက်များကို အစားထိုး စိုက်ပျိုးပေးရမည်။ စိုက်ပျိုးပြီးသည်မှ (၃) နှစ်အကြာတွင် ပထမအကြိမ် ဘေးကိုင်းဖြာထွက်လာပါက ပင်စည်ထိပ်ပိုင်းကို ဖြတ်ပစ်လေ့ရှိပါသည်။

အပင်ကို ပို၍ ရှည်စေလိုလျှင် ပင်စည်ကို နောက်တစ်ကြိမ် ဘေးကိုင်းများ ထွက်သည့် တိုင်အောင်ထားပြီးမှ ဖြတ်ရမည်။ နောက်ပိုင်းတွင် အဓိကပင်စည်မှ ထွက်ပေါ်လာသည့် အစို့အတက်များကို ဖယ်ရှား ပစ်ရမည်။ အပင်၏ ဘေးဖြာကိုင်းများ အချင်းချင်း မကပ်စေရန် အဖျားပိုင်းကို အနည်းငယ် ဖြတ်ပေးရပါမည်။ သို့မှသာ အပင်တွင်နေရောင်နှင့် လေဝင်လေထွက်ကောင်းစွာရရှိစေပြီး မှိုရောဂါကျရောက်မှုကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။ ကိုကိုးပင်သည် ပင်စည်နှင့် ကိုင်းများမှသာ အသီးသီးသောကြောင့် ပင်စည်နှင့် ကိုင်းများ ဖြောင့်တန်းစေရန် ကိုင်းပို၊ ကိုင်းညှပ်များကို ဖြတ်တောက်ပေးရန် လိုသည်။

ပိုးမွှားရောဂါ ကာကွယ်ခြင်း

ပင်စည်ထိုးပိုး၊ ရွက်စားပိုးနှင့် သီးပုတ်ရောဂါများသည် အဓိက အန္တရာယ်များ ဖြစ်ပါသည်။ အသီးသီးချိန်တွင် ကြွက်၊ ပူး၊ ရှဉ့်ပျံတို့မှ သီးဖျက်တိရိစ္ဆာန် များ ဖြစ်ပါသည်။ ပင်စည်ထိုးပိုးကျလျှင် အပင်နလံမထူတော့ဘဲ ကိုင်းအဖျားများခြောက်ခြင်း၊ ပင်စည်နှင့် ကိုင်းများ ပုံပျက်ခြင်း၊ ကျိုးကျေခြင်းဖြစ်ကာ ပျက်စီးစေပါသည်။ မိုးဦးကျနှင့် မိုးပြတ်စရွက်နုထွက်ချိန်တွင် ရွက်စားပုရစ်များပိတုန်းများကျရောက်သဖြင့် အချိန်မီစောင့်ကြပ် ကာကွယ်ပေးရန် လိုသည်။ သီးထိုးပိုးနှင့် သီးပုတ်ရောဂါများကိုလည်းအချိန်မီ ကာကွယ်ခြင်း၊ သန့်ရှင်းသော ကပ်ကျေးဖြင့် ဖြတ်တောက် ဆွတ်ခူးခြင်း၊ သီးနာ၊ သီးပုတ်များကို မြေမြှုပ်၊ မီးရှို့ခြင်းဖြင့် အသီးဖျက် တိရိစ္ဆာန်များကို ကာကွယ်ခြင်းများပြုလုပ်မှသာ သီးထွက်ကောင်းသော ကိုကိုးခြံတစ်ခု ဖြစ်လာပါမည်။

ဆွတ်ခူးခြင်းနှင့် အထွက်

ကိုကိုးပင်များသည် သက်တမ်း (၃) နှစ်မှ စတင်၍ သီးပါသည်။ (၅)နှစ်မှစ၍ အထွက်နှုန်းမြင့်တက်လာမည် ဖြစ်ပါသည်။ ပန်းပွင့်သည်မှ အသီးများ ရင့်မှည့်သောအခါ လိမ္မော်ရောင်မှ အဝါရောင်သို့ ပြောင်းလာပါသည်။ အသီးအညှာမှ အထူးပြုလုပ်ထားသော ဓါးထက်ထက်ဖြင့် ဖြတ်ခူးရပါမည်။ အသီးဆွတ်ခူးရာတွင် အခေါက်ကို မထိခိုက်စေရန် သတိပြုရမည်။

ကိုကိုးပင်သက်တမ်းမှာ (၄၅) နှစ်ကျော်ထိသက်တမ်းရှည်ပါသည်။ အပင်သက် (၁၀) နှစ်တွင် အသီးဖြိုင်ဖြိုင် ရရှိပြီး နှစ် (၂၀) မှ (၂၅) နှစ်အတွင်း အထွက်နှုန်း ကောင်းမွန်စွာ ရရှိမည် ဖြစ်ပါသည်။ ကိုးကိုးပင် တစ်ပင်မှ ကိုကိုးသီး (၇၀ – ၈၀)ထိ ရရှိနိုင်ပြီး ကိုကိုးသီး တစ်သီးလျှင် (၃၂) စေ့ခန့် ပါရှိနိုင်ပါသည်။ အပင်သက်တမ်း အလိုက် တစ်ဧကမှ ရရှိနိုင်သော ကိုကိုးအစေ့အခြောက် အထွက်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အပင်သက်နှစ် ၃ ၄ ၅

အထွက်(တန်ချိန်) ဝ.၂၅ ဝ.၆၀ ဝ.၆၀

Source – စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *