BREAKING NEWS

ယင်းမာပင်တွင် ဂေါ်ဖီထုပ်များ ပိုးကျသဖြင့် တောင်သူများအရှုံးပေါ်

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် ဂေါ်ဖီထုပ်များ ပိုးကျမှုကြောင့် ဈေးကောင်းမရရှိသဖြင့် တောင်သူများအရှုံးပေါ်နေကြောင်း သိရသည်။

“ ကျွန်တော်တို့နယ်က ဂေါ်ဖီစိုက်နည်းပညာကလည်း လိုအပ်ပါတယ်။ တောင်သူတွေအနေနဲ့ကလည်း ဂေါ်ဖီတော့ စိုက်တယ်။ မစိုက်တတ်ကြပါဘူး။ ရလာတဲ့ဂေါ်ဖီထုတ်ကလည်း အရောင်အဆင်းမရှိဘူး။ ညံ့ဖျင်းပါတယ်။ ပိုးတွေကလည်း ကျပါတယ်။   ဆေးလည်းဆေးကောင်းတွေကိုဘဲ ဖျန်းနေပါတယ်” ဟုဂေါ်ဖီစိုက်တောင်သူ မြောက်နုံးရွာမှကိုဖိုးထူးက ပြောသည်။

ယင်းမာပင်မြို့နယ်မှ ထွက်ရှိသည့်ဂေါ်ဖီထုပ်အများစုသည် အရည်အသွေးမကောင်းသဖြင့် ဂေါ်ဖီထုပ် ၀ယ်ရောင်းလုပ်ကိုင်သူများ အနေဖြင့် အကြိုက်နည်းပါးနေကြောင်း သိရသည်။

“ တခြားမြို့နယ်ကထွက်တဲ့ ဂေါ်ဖီထုပ်တွေနဲ့ယှဉ်ရင် ယင်းမာပင်မြို့နယ်ကထွက်တဲ့ဂေါ်ဖီထုပ်က ပိုးလည်းများသလို အလုံးကတော့ လည်း သေးတယ်” ဟုမုံရွာမြို့မှ ဂေါ်ဖီထုပ်ရောင်းဝယ်လုပ်ကိုင်သူ ကိုနိုင်မင်းက ပြောသည်။

ကောင်းခန့်လင်း(မြစ်မခ)

အတွဲ(၁၃)၊အမှတ်(၁၉၂)၊မတ် ၂၁-၂၇၊ ၂၀၁၆ ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *