BREAKING NEWS

26.4.2018 မှ 02.5.2018 အထိ တစ်ပတ်စာ ၇ရက်သားသမီး⁠ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလဟာ ဇာတာရှင်အတွက်အလုပ်စီးပွားအတွက် plan ချထားတဲ့ အစီအစဉ်ရှိရင် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ လုပ်ငန်းများ ထပ်မံတိုးချဲ့နိုင် ပါလိမ့်မယ်။ အမြတ်အစွန်းများစွာရရှိမဲ့ကာလပါ။ အလုပ်ရဖို့ ကြန့်ကြာနေသူများ ဒီကာလအတွင်း အလုပ်ဝင်နိုင်ပါပြီ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားပေးထောက်ခံမှုကြောင့် အရေးကြီးတဲ့လုပ်ငန်း ကဏ္ဍများတွင် တာဝန်ပေးခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေး ကောင်းနေမဲ့ အချိန်ပါပဲ။ ဝမ်းချုပ် လေချုပ်ဖြစ်လွယ်တဲ့ အချိန်ပါ။ အားနည်းတာကတော့ အိမ်တွင်းရေးအိမ်ထောင်ရေးပါပဲ။ မိသားစုအတွင်းရေး ကိစ္စတွေကြောင့် သောကရောက် ရလိမ့်မယ်။ အချစ်ရေးကတော့ မိမိကိုယ်တိုင်ကအချစ်ရေးအတွက် အချိန်မပေးနိုင်ဖြစ်ရပါလိမ့်မယ်။ ပညာရေးအလွန်ကောင်းမည်။ သူငယ်ချင်းတွေနဲ့ ပညာရပ်တွေတိုင်ပင်နှီးနှောသင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၅/၉
အထူးဟော တိုးတတ်အောင်မြင်မည်
ယတြာ ကျန်းမာရေးအားနည်းသူကို ဓာတ်စာဝယ်ပေးလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း တနင်္လာသားသမီးတွေကတော့ အလုပ်ပို ကိစ္စပိုတွေကြုံရတတ်ပါတယ်။ နီးစပ်သူတွေရဲ့ သာရေးနာရေး ကိစ္စတွေမှာ ပါဝင် ကူညီပေး ရတာမျိုးတွေလဲ ကြုံရမှာပါ။ ငွေကံကလဲ ဝင်သလောက်မလောက်ပါ။ ကုန်စရာတွေပေါ်လာတတ်တယ်။ မိမိဆီ ငွေကြေးချေးငှားမဲ့ သူတွေလဲရောက် လာတတ်ပါတယ်။ မိမိကိုယ်ရေးကိုယ်တာထက် အများဝန်ထမ်းရတာနဲ့ပဲ ဒီအပတ်အချိန်ကုန်နေမှာပါ။ ကျန်းမာရေးကတော့ အနည်းငယ် သက် သာရာရပြီလို့ ပြောလို့ရပါပြီ။ ကျန်းမာရေးအားကောင်းလာတတ်ပါတယ်။ ဒီကာလအတွင်း စပ်တူဘာမှမလုပ်နဲ့ ။ အာမခံတာမျိုးမလုပ်ပါနဲ့။ အချစ်ရေး ကံကတော့ အကောင်းအဆိုးမျှနေဆဲပါပဲ။ ပညာရေးမှာတော့ ဂရုစိုက်ချင် အရမ်းကြိုးစားနေပြီး လှည့်မကြည့်ရင်တော့ လုံးဝမေ့မိတဲ့အချိန်ပါပဲ။

အကျိုးပေးဂဏန်း ၀/၄/၈
အထူးဟော အလုပ်များနေမည်။
ယတြာ ငွေ၂၀၀ကျပ်ခန့် ပံ့သကူပစ်ပါ။

အင်္ဂါ

စိတ်ထိခိုက်ကြေကွဲစရာများ ၊ လွမ်းဆွတ်တမ်းတစရာများ ကြုံရတွေ့ရမည်။ ခံစားလွယ်တဲ့သူတွေအတွက် စားမဝင်အိပ်မပျော်ဖြစ်ရတတ်ပါတယ်။ စက် ပစ္စည်းအတွက်စိတ်ညစ်ရတတ်ပါတယ်။ စက်ပစ္စည်းအသစ်တွေကိုတော့ မဝယ်ပါနဲ့အုံး။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေတောင်မှ ခဏခဏခြူ ခြာ တတ်ပါတယ်။ အလုပ်ကိစ္စတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တွဲဖက်လုပ်ကိုင်သူတွေ အလုပ်ပေါ်အလေးမထားခြင်းကြောင့် စိတ်ညစ်စိတ် ပျက်ရပါလိမ့်မယ်။ ကျန်းမာရေးအတွက်တော့ အနည်းငယ်ဂရုစိုက်ပါ။ ရေချိုးမှားတတ်တယ်။ အပူရှပ်တာမျိုးဖြစ်လိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူကမိမိကို ဂရုမစိုက်မိတာမျိုးဖြစ်ပါလိမ့်မယ်။ ပညာရေးမှာ တွက်စာပိုင်းအားနည်းနေတာမျိုးတွေ့ရကြောင်းပါဗျာ။

အကျိုးပေးဂဏန်း ၆/၉/၅
အထူးဟော စိတ်ပူပန်ရတတ်ပါတယ်။
ယတြာ ရဟန်းတစ်ပါးကို ယပ်လှူ ပါ

ဗုဒ္ဓဟူး

အသင်းအဖွဲ့လိုက်ပေါင်းစည်းလုပ်ကိုင်ခြင်းဖြင့် တိုးတတ်မှုတွေရရှိပါလိမ့်မယ်။ အဘက်ဘက်က ကံကောင်းနေပါလိမ့်မယ်။ လက်ဆောင်တွေရလာတတ်ပါ တယ်။ ဆက်သွယ်ရေးနဲ့ ပက်သက်သောပစ္စည်းများ လက်ဆောင်ရနိုင်ပါတယ်။ သားသမီးအကျိုးအထူးခံစားရမဲ့အချိန်ပါပဲ။ သားသမီးကြောင့် မိမိဂုဏ် တတ်ပါလိမ့်မယ်။ အလုပ်တွေလဲကောင်းပါလိမ့်မယ်။ ဖောက်သည်တွေတိုးပွားလာမဲ့ အချိန်ပါပဲ။ မိမိရဲ့ဆိုင်ကို စွဲဆောင်မှုရှိတဲ့ ပုံစံမျိုး ပြောင်းသင့်တဲ့အချိန် ပါပဲ။ ကျန်းမာရေးအထူးကောင်းပါတယ်။ အနာနဲ့ဆေးတည့်ပြီး ဝေဒနာသက်သာပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူ(သို့)အိမ်ထောင်ဘက်ရဲ့
အကြံပေးမှုတွေက မိမိအတွက် အကျိုးရှိပါလိမ့်မယ်။ ပညာရေးပြောစရာမလိုအောင်ကောင်းပါတယ်

အကျိုးပေးဂဏန်း ၆/၄/၉
အထူးဟော ကံမြင့်မားနေပါတယ်။
ယတြာ အလှူ အသေးလေးတစ်ခုလုပ်ပါ

ကြာသပတေး

စိတ်ကူးထားလေးတွေ ပြည့်မြောက်မဲ့ကာလပါပဲ။ အတွေးအခေါ်တွေ စိတ်ကူးတွေကောင်းနေတတ်ပါတယ်။ မိမိရည်ရွယ်ထားတဲ့ ကိစ္စလေး ဒီကာလပြည့် ဝနိုင်ပါတယ်။ ချဲ့ထွင်ထားသောလုပ်ငန်းများမှအကျိုးအမြတ်ရမည်။ ငွေအထူးဝင်တတ်ပါတယ်။ ဘာသာရေး အမြဲလုပ်သူဆိုထီထိုး သင့်တဲ့ကာလ ပါပဲ။ မြုပ်နေတဲ့ ငွေကြေးတွေပြန်ပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးအတွက်လဲစိတ်မပူပါနဲ့ ။ခရီးရှည်ထွက်ရတာမျိုးကြုံရင်တော့ ခရီးကပြန်လာရင် ကျန်း မာရေး အားနည်းသွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တစိမ်းတစ်ရံလိင်မတူသူတွေနဲ့ အနေအထိုင်ဆင်ခြင်ပါ။ အချစ်ရေးအထူးကောင်း ပါတယ်။ စန်းလဲပွင့်နေပါလိမ့်မယ်။ ပညာရေးကတော့ အတိုင်းထက်အလွန်ကောင်းနေပါတယ်ဗျ

အကျိုးပေးဂဏန်း ၅/၁/၆
အထူးဟော စိတ်ပျော်ရွှင်ရမည်
ယတြာ တရားစာအုပ်လှူပါ

သောကြာ

ခရီးတို ခရီးရှည်တွေသွားရဖို့စီစဉ်ထားရင်းပျက်သွား ရတတ်ပါတယ်။ ကုန်သည်များ အရှုံးပြနေမဲ့ ကာလပါပဲ။ လုပ်စရာရှိတဲ့ကိစ္စတွေကို စဉ်းစားချင့်ချိန်ပြီး မှလုပ်ပေးပါ။ ငွေကုန်စရာတွေများနေတတ်ပါတယ်။ ရ့ပ်ဝေးမှ ဒုက္ခပေးမဲ့သူတွေရောက်လာတတ်ပါတယ်။ မိမိနဲ့ မတည့်တဲ့ အစားအစာတွေ မစား မိအောင်နေသင့်တဲ့ကာလပါ။ စိတ်အလိုမလိုက်ပါနဲ့။ ဇိမ်ယူပြီးနေထိုင်စားသောက်ခြင်း က မိမိကိုကံနိမ့်စေပါတယ်။ အိပ်ရာစောစောထပါ။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားများရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။ သွေးအားနည်းခြင်းတော့ သတိပြုပါ။အချစ်ရေးမှာတော့ ချစ်သူကမိမိကိုဂရုမစိုက်တာမျိုး ကြုံရလိမ့်မယ်။ ပညာရေးကံသင့်ပါတယ်။ မိမိကအားထည့်ကြိုးစားပေါ့ဗျာ။

အကျိုးပေးဂဏန်း ၃/၄/၅
အထူးဟော ကံညံ့နေမည်
ယတြာ ထီလက်မှတ်လက်ဆောင်ပေးလိုက်ပါ

စနေ

မိမိဖြစ်ချင်တာတွေ တဖြည်းဖြည်းဖြစ်လာပါလိမ့်မယ်။ စိတ်ရှည်ရလိမ့်မယ်။ချက်ချင်းတော့ အောင်မြင်ဦးမည်မဟုတ်ပါ။ မိမိပြောသမျှဖြစ်လိမ့်မည်။ ဒါပေမဲ့အချိန်ပေးရပါလိမ့်မည်။ မိသားစုအတွင်း စိတ်ဝမ်းကွဲစရာတွေပေါ်လိမ့်မယ်။ အမှုအခင်းကိစ္စတွေ ပြဿနာတွေ ရင်ဆိုင်ဖြေ ရှင်းရလိမ့်မည်။ ကံကတော့ သင့်ပါတယ်။ အလုပ်စီးပွားလဲကောင်းတယ်။ အလုပ်သစ် စီးပွားသစ်များစတင်လုပ်ကိုင်ရတတ်ပါတယ်။ တရားစာများရွတ်ဖတ်ခြင်းက မိမိရဲ့ကံကို မြင့် မားစေမဲ့ကာလပါပဲ။ ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ သွေးတိုးရောဂါ ကျောက်ကပ်ရောဂါရှိရင်သတိပြုပါ။ အချစ်ရေးအလွန်ပဲ ကောင်းပါလိမ့်မယ်။ နားလည်မှုရှိတဲ့ချစ်သူကြောင့် စိတ်ချမ်းမြေ့ရမည်။ပညာရေးကတော့ အရမ်းကောင်းပါတယ်။ ရှု့ထောင့်အသစ်ကနေ တွေးနိုင်မြင်နိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၇/၀/၎
အထူးဟော ကံညံ့နေမည်
ယတြာ တရားအလုပ် အားထုတ်ကြိုးစားပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
Credit – ငြိမ်းအေးလူ (ဗေဒင်သုတေသီ)





Leave a Reply

Your email address will not be published. Required fields are marked *