BREAKING NEWS

ဝါးပင်ရဲ့  ဘက်စုံအသုံးဝင်ပုံ

အပူပိုင်းဒေသတွင် ပေါက်ရောက်ပြီး အလွန်လှပတဲ့အပင်ဖြစ်ပါတယ်။

အမြစ်တစ်ခုတည်းမှ ပင်စည်ပေါင်း ၁၀၀ ခန့်အထိ ပေါက်နိုင်သည်။

အမြင့်ပေ ၃၀ မှ နေ၍ ပေ ၁၀၀ ထိ မြင့်တတ်သည်။

အပင်ပေါက်အလွန်မြန်တဲ့ အပင်မျိုး ဖြစ်သည်။

အကိုင်းများသည် ထွက်လေ့မရှိဘဲ ထိပ်ဖျားတွင်သာ အကိုင်းများသည် ခြုံများသဖွယ် ဖြာထွက်လေ့ရှိသည်။

ထိုအကိုင်းများတွင် ၀ါးပွင့် အခိုင်များ ပွင့်လေ့ရှိသည်။

မီးဖိုချောင်သုံးအနေဖြင့် ၀ါးပင်အမျိုးမျိုးအနက် စား၍ရသော အညှောင့်၊ အစို့များကို မျှစ်စိုအဖြစ်စားသုံးသည့်အပြင် မျှစ်ချဉ်၊ မျှစ်ခြောက် ပြုလုပ်ပြီးလည်း စားသုံးသည်။

မြစ်အဖြစ်ထက်ရင့်လာပြီး ၀ါးနုအဖြစ် ရောက်လာသည့် ၀ါးနုချောင်းများကို ကောက်ညှင်းကျည်တောက် ၀ါးအဖြစ်သုံးသည်။

ဝါးအဆစ်အပိုင်းများကို ထမင်းအိုး၊ ဟင်းအိုးများတင်ရန် ကရွတ်ခွေ၊ ယောက်မ၊ အစေ့အဆံပြာတီးရန် ဆန်ကာ၊ ဆန်ခါ၊ တောင်း၊ ပလုံး၊ ဈေးခြင်း တောင်း၊ ရေခွက်၊ လက်ဖက်ရည်ကြမ်းခွက်များ စသည်ဖြစ် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ ရောင်းချကြပါသည်။

ဒါ့အပြင် ၀ါးရွက်များကို မုန့်ပဲသရေစာများ ထုပ်ပိုးရာတွင် သုံးလေ့ရှိသည်။

ဝါးရွက်များရှိ ပိုးမွှားများသေစေရန် နှင့် အရွက်များ ပျော့ပျောင်းလာစေရန်အတွက် ရေဆူအိုးထဲသို့ ၀ါးရွက်များကို ထည့်၍ ပွက်ရုံမျှလောက်သာ မိနစ် ၃၀ ခန့် မီးအေးအေးနှင့် ထည့်ထားရသည်။

အရွက်မြန်မြန်ပျော့စေလိုလျှင် ရှာလကာရည်နည်းနည်း ထည့်ပြုတ်နိုင်သည်။ အရွက်ပျော့စပြုလျှင် ဆယ်ယူ၍ အရွက်တိုင်းကို ရေမြှုပ် (sponge) (သို့) တိုက်ချွတ်သည့် အဖတ် (scrubbing pad) ဖြင့် ရေဘုံဘိုင်အောက်တွင် ဆေးကြောမှသာ အရွက်များတွင် ရှိနေနိုင်သည့် အညစ်အကြေးများ ပျောက်သွားမည် ဖြစ်သည်။

အရွက်ရှိအညှာများကို ကတ်ကြေးဖြင့် ကိုက်ညှိပေးရသည်။

ပြီးလျှင် ၀ါးရွက်နှစ်ရွက်အရှည်လိုက်ကို အကြောနေရာအထိထပ်၍ ကတော့ထိုးကာ အဆာပလာထည့်ပြီး ကတော့ရှည်စေရန် နောက်တစ်ရွက် ထည့်ရသည်။

အရွက်အဆုံးပိုင်းနေရာမှ အဆာပလာများကို ထည့်ကာ တင်းကြပ်အောင် ဖိသိပ်ပေးပြီး စတုရန်းပုံ၊ လေးတောင့်ပုံ၊ တြိဂံပုံ စသည်ဖြင့် နှစ်သက်ရာပုံစံဖြင့် ပိတ်နိုင်သည်။

ဝါးပင် တစ်ပင်လုံးသည် အစားအစာအဖြစ်လည်းကောင်း၊ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ်လည်းကောင်း အဖက်ဖက်က အသုံးဝင်တဲ့ အတွက် တောင်သူဦးကြီးများ စိုက်ပျိုးသင့်တဲ့ အပင်တစ်မျိုး ဖြစ်ပါသည်။

Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *