BREAKING NEWS

ဆန်ချော ဈေးနှုန်းမြင့်တက်

နှစ်သစ်ကူးပိတ်ရက်များအပြီး နယ်အစုံမှ ဆန်ချောများအဝင်နည်းပြီး ဝယ်လိုအားများနေတဲ့အတွက် ဆန်ချောဈေးနှုန်းများမှာ မြင့်တက်မှုများ ရှိနေတယ်လို့ ဝါးတန်းလမ်းကုန်စည်ဒိုင်မှသိရပါတယ်။
သင်္ကြန်နှစ်ကူးပိတ်ရက်တွေကြောင့် ဆန်အ၀င်နည်းပြီး ၀ယ်လိုအားများနေတဲ့အတွက် ဈေးနှုန်းတက်တာဖြစ်ကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးမောင်မောင်ဝင်း ကပြောပါတယ်။
 
“ဆန်ချောဈေးတက်တာကပိတ်ရက်တွေများတာလည်းပါတယ်။ပွဲရုံတွေကလည်းသိပ်မဝယ်သေးပါဘူး။အကြမ်းကသိပ်မတက်ဘူး။ဆန်ချောဈေးနှုန်းကဒီနေ့မှစတက်တာ။အချောကတစ်အိတ်ကို ၁၀၀၀ ဝန်းကျင်လောက်တော့ အနည်းဆုံးတက်သွားတယ်”
 
ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၃၈၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၅၅၀၀ ကျပ်ဖြင့် တစ်အိတ်ကို ကျပ် ၂၀၀၀ ဝန်းကျင်တက်သွားကြောင်း ၊ ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စတစ် အိတ်ဈေးနှုန်း မှာ ကျပ် ၃၈၀၀၀၊လတ်စတစ်အိတ်မှာကျပ် ၃၅၅၀၀ ဖြင့်တစ် အိတ်ကို ကျပ်၂၀၀၀ ဝန်းကျင်တက်သွားပြီး၊ မြောင်းမြပေါ်ဆန်းသစ်ရှယ်မှာ ထိပ်စတစ်အိတ် ကျပ် ၃၈၀၀၀ ၊ လတ်စတစ်အိတ်မှာ ကျပ် ၃၆၅၀၀ ကျပ်ဖြင့် တစ်အိတ်ကို ကျပ် ၃၀၀၀ ဝန်းကျင်တက်သွားကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်ရဲ့ဆန် ဈေးနှုန်းစာရင်းများအရသိရပါတယ်။
 
#Trade_News
#Pissaya_Info အေးအေးကျော်




Leave a Reply

Your email address will not be published. Required fields are marked *